Sales Hotline : 09448001653       Download App



ကိုရီးယား တက္ကသိုလ်ကောလိပ်ဝင်ခွင့် Suneung  စာမေးပွဲက အရမ်းခက်ခဲသလား

ကိုရီးယား တက္ကသိုလ်ကောလိပ်ဝင်ခွင့် Suneung  စာမေးပွဲက အရမ်းခက်ခဲသလား


အစိုးရစစ်လကောလိပ်ဝင်ခွင့်စာမေးပွဲ Suneung တွင် ရေချိန်မြင့် “အသေသတ်မေးခွန်းများ” ကို ဖယ်ထုတ်ရန် တောင်ကိုရီးယားပညာရေးဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်သည် စာမေးပွဲ၏အခက်အခဲနှင့် ပတ်သက်၍ အချေအတင်ငြင်းခုံမှုများ ပြန်လည်ဖြစ်ပွားစေခဲ့သည်။

ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး စာမေးပွဲ အမျိုးအစားများထဲမှာ တစ်ခုအပါအဝင်ဟု ကိုရီးယားမှ အများအားဖြင့် Suneung ဟု ခေါ်ကြသော  College Scholastic Ability Test သည် ကျောင်းသားများ၏ ၁၂ ကြာ ကျောင်းပညာရေးကို သင်ယူခဲ့ပြီးနောက် ကောလိပ်ပညာရေးကို ဆက်လက်လေ့လာဆည်းပူးရန် စွမ်းရည် အလားအလာကို တိုင်းတာသည့် စာမေးပွဲ ဖြစ်သည်။ 


College Entrance Strength Test ကိုအစားထိုးရန် ၁၉၉၄ ခုနှစ်တွင် College Scholastic Ability Test သည် စာမေးပွဲကို စတင်ခဲ့ပါသည်။
College Entrance Strength Test သည် အလွတ်ကျက်မှတ်နိုင်စွမ်းကိုသာ အလေးပေးလွန်းသည်။ ကြက်တူရွေးနှုတ်တိုက် စာမေးပွဲဟု ဝေဖန်ကြသဖြင့် အစားထိုး ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ယခုအခါ သက်တမ်း နှစ်ပေါင်း ၃၀ နီးပါး ရှိပြီ ဖြစ်သည်။ Suneung စာမေးပွဲ ခက်ခဲသည့် ရေချိန်သည်  တစ်နှစ်နှင့် တစ်နှစ် မတူဘဲ ကွဲပြားသည်။

နိုဝင်ဘာလတွင် ကျင်းပသည့် ဖြေဆိုချိန် ရှစ်နာရီကြာ စာမေးပွဲတွင် ကိုရီးယား၊ သင်္ချာ၊ အင်္ဂလိပ်၊ ကိုရီးယားသမိုင်း၊ ဒုတိယနိုင်ငံခြားဘာသာစကား သို့မဟုတ် တရုတ်စာလုံးများ၊ စူးစမ်းလေ့လာ ဘာသာရပ်များတို့ကို ဖြေဆိုရသည်။ 
စူးစမ်းလေ့လာ ဘာသာရပ်များသည် လူမှုရေး၊ သိပ္ပံ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဘာသာရပ်များကို ဆိုလိုသည်။

Suneung သည် ကျောင်းသားများကို ကျယ်ပြန့်သော အယူအဆများ သဘောတရားများဖြင့်လည်း စစ်ဆေးသည်။
ဥပမာအားဖြင့် သင်္ချာမေးခွန်းတွင် ရှုပ်ထွေးသော ညီမျှခြင်းများကို ထည့်သွင်းထားသည်။ ဂဏန်းပေါင်းစက် မသုံးဘဲ မေးခွန်းများကို တွက်ချက်ဖြေရှင်းရသည်။

 နိုင်ငံတကာအသိအမှတ်ပြု International Baccalaureate and Advanced Placement စာမေးပွဲများတွင် ဂဏန်းပေါင်းစက် သုံးခွင့်ပေးသည်။
 
 ဘာသာစကားမေးခွန်းများသည်လည်း အလွန်အကျွံ မေးမြန်းသည်။
 ကိုရီးယားဘာသာစကားနှင့် အင်္ဂလိပ်စာ ကဏ္ဍများတွင် မရင်းနှီးသော ဝေါဟာရနှင့် စကားစုများပါသော ရှုပ်ထွေးသော စာပိုဒ်များကို ဖတ်ရှုပြီး ဖြေဆိုကြရသည်။စာကို နားလည်ရုံဖြင့် မပြီး။ လျင်မြန်သော အကြောင်းအကျိုး ဆက်စပ် 
 ဆင်ခြင်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်းနည်းလမ်းများ လိုအပ်သည်။
 အထူးသဖြင့် ဘာသာစကားမေးခွန်းများသည် ဖြေဆိုသူများအား အဘိဓာန်ကို မည်ကဲ့သို့ လုံ့လစိုက်ထုတ် အလွတ်ကျက်ခဲ့သည်ကို အခြေခံ၍ မေးခွန်းထုတ်ထားခြင်းအတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ဖတ်ရှုပြီးသောအခါ တင်ပြထားသည့် အကြောင်းအရာကို ကောင်းစွာနားလည်သဘောပေါက်ကြောင်း အကဲဖြတ်ခြင်းကို ဦးစားမပေးချေ။
 
 နာမည်ဆိုးဖြင့်ကျော်ကြားသော အင်္ဂလိပ်မေးခွန်းများသည် မိခင်ဘာသာစကားပြောသူများသည်ပင်လျှင် ပဟေဠိ ဖြစ်ကြရသည်အထိ ခက်ခဲသည်။
 
"အသေသတ်မေးခွန်းများ"ကို သင်္ချာနှင့် ကိုရီးယားဘာသာ မေးခွန်းလွှာတို့တွင် မေးမြန်းသည်။ ဖြေဆိုနိုင်ဖို့အတွက် တက္ကသိုလ်မေဂျာအဆင့် နောက်ခံဗဟုသုတများ အလွန်အကျွံ လိုအပ်သည်။ မှန်အောင် ဖြေဆိုနိုင်သူ ရာခိုင်နှုန်းသည် ၅-၁၀% သာ ရှိသည်။ 

၂၀၂၂ ခုနှစ်တွင် Suneung စာမေးပွဲ ဖြေဆိုသူဦးရေ ၄၄၇,၆၆၉ ရှိသည်။ အမှတ်ပြည့်သူ ၃ ဦးသာ ရှိသည်။ အမှတ်ပြည့်သူ မထွက်ပေါ်သည့် နှစ်များလည်း ရှိသည်။ ၂၀၀၂ မှ ၂၀၀၇ ခုနှစ်အတွင်း အမှတ်ပြည့်သူ မရှိချေ။ ၂၀၁၀နှင့် ၂၀၁၁ ခုနှစ်တို့တွင်လည်း မရှိခဲ့ချေ။
များသည့်နှစ်များလည်း ရှိသည်။ ၂၀၁၂ ခုနှစ်တွင် ၃၀ ဦး နှင့် ၂၀၁၄ ခုနှစ်တွငါ ၃၃ ဦး ရှိသည်။
အမေရိကန် SAT တွင် ပျမ်းမျှအားဖြင့် ဖြေဆိုသူ တစ်သောင်းတွင် ၇ ဦး ရရှိသည်။ ၀.၀၇ % ဖြစ်သည်။ Suneung သည် ၂၀၂၂ ခုနှစ်တွင် ၀.၀၀၀၆၇% သာ ရှိသည်။ 

Suneung ကို ဖြေဆိုဖို့ hagwon ဟု ခေါ်သည့် ပုဂ္ဂလိက သင်တန်းကျောင်း တက်ကြရသည်။ 
အထက်တန်းကျောင်း မရောက်ခက်ကတည်းက hagwon ကို ကြိုတက်ပြီး Suneung ကို ဖြေဆိုဖို့ သင်ယူကြရသည်။
.


တောင်ကိုရီးယားတွင် “SKY” တက္ကသိုလ်များဟု ခေါ်ကြသည့် ထိပ်တန်း တက္ကသိုလ် ၃ ခုမှာ 

  •  Seoul National University, 
  •  Korea University,
  •  Yonsei University

 တို့ ဖြစ်ပါသည်။
 Source koreaherald 

 

Knowledge Read 600 times