Sales Hotline : 09448001653    



ဗီဒီယိုသင်ခန်းစာများ စုံစုံလင်လင်ပါဝင်သည့် Khan Academy

Khan Academy သည် ကျောင်းသားများအတွက်အကောင်းဆုံးအခမဲ့ပညာရေးအက်ပ်များစာရင်းတွင်ထိပ်ဆုံးနေရာကို ရပ်တည်လျက်ရှိသည်။

ဒီအက်ပလီကေးရှင်း၏ ရည်မှန်းချက်မှာ တစ်ကမ္ဘာလုံးရှိ အကြောင်းအရာများကို သိလိုပါက အခမဲ့ သိရှိနိုင်ပြီး ကမ္ဘာ့အဆင့်မီ ပညာရေးကို ပေးနိုင်ရန်ဖြစ်သည်။ ဒါဟာ အလွန် အထင်ကြီးစရာ ကောင်းပါသည်။ Khan Academy တွင် အသိပညာများကို ဦးနှောက်ထဲ့သို့ရောက်စေရန် လုပ်ဆောင်မှုများမှာ ထူးခြားလှပါသည်။

သင်ခန်းစာအားလုံးသည်ဗီဒီယိုသင်ခန်းစာပုံစံများဖြစ်ပါသည်။ ဗီဒီယိုများသည် virtual blackboard ( စာသင်တွင်သင်ကြားနေသကဲ့သို့) တွင် ဆွဲကာရှင်းပြနေသကဲ့သို့ သင်ကြားနည်းဖြင့် ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါသည်။

နောက်ခံ ဇာတ်ကြောင်းပြောသူသည် ထိုရုပ်ပုံများကို ကြည့်ကာ ရှင်းလင်းပြောပြနေသောကြောင့် အလွန်ပင် ရိုးရှင်းကာ အဆင်ပြေလှပါသည်။

Khan Academy တွင် SAT, MCAT, LSAT အစရှိသည့် စံသတ်မှတ်ထားသော စာမေးပွဲများ ဖြေဆိုရန် ပြင်ဆင်နိုင်သည့် အွန်လိုင်း သင်တန်းများ လည်းရှိသည်။

Khan Academy ၏ အကောင်းဆုံးအချက် သုံးချက်မှာ -

  • Learning in multiple languages - ဘာသာစကားမျိုးစုံဖြင့် သင်ယူနိုင်ခြင်း၊
  • Progress tracking - တိုးတက်မှု ရလဒ်ကို ခြေရာခံနိုင်ခြင်း၊
  • Practise exercises- လေ့ကျင့်ခန်း သင်ခန်းစာများကို ပြန်လေ့ကျင့်နိုင်ခြင်း တို့ ဖြစ်ပါသည်။

ထို့အပြင် Khan Academy ၏ ထူးခြားသည့် အချက်မှာ ကျောင်းသား၊ မိဘ၊ ဆရာ တို့ အသီးသီးအတွက် account ဖွင့်နိုင်ခြင်းဖြစ်ပြီး ကျောင်းသားချင်း၊ မိဘချင်း၊ ဆရာချင်း ဆက်သွယ်နိုင်ခြင်း ဖြစ်ပါသည်။

ယခုလက်ရှိတွင် Khan Academy တွင် နိုင်ငံပေါင်း ၁၉၀ ကျော်မှ ကျောင်းသားပေါင်း ၇၀ ဘီလီယံကျော် ဝင်ရောက်သင်ကြားနိုင်ပြီး ဘာသာစကား အမျိုးပေါင်း ၄၀ ကျော်ရွေးချယ်နိုင်ပါသည်။

သင်ခန်းစာများအနေဖြင့် သင်္ချာနှင့် သိပ္ပံကို အဓိက ဦးစားပေးထားပြီး ၁တန်းမှ ၈တန်း အထိ သက်ဆိုင်ရာဘာသာရပ်များကို လေ့လာနိုင်ပါသည်။ အယ်ဂျီဘရာ၊ ဂျီဩမေတြီ အပြင် ကယ်ကလက်စ် အထိ သင်္ချာဘာသာရပ်ကို သီးသန့်လေ့လာနိုင်ပါသည်။

ကမ္ဘာ့သမိုင်းများ၊ ကွန်ပျူတာ ပရိုဂမ်းမင်းများ အပြင် စီးပွားရေးနှင့် ဆိုင်သော ဘာသာရပ်များလည်း ပါရှိပါသည်။

အထက်ပါ အက်ပလီကေးရှင်း နှစ်ခုလုံးကို Goole Play Store တွင် ဒေါင်းလုတ်ရယူနိုင်ပြီဖြစ်ပါသည်။

 

ဒေါင်းလုတ်ရယူရန် >>> Khan Academy <<<

ဒေါင်းလုတ်ရယူရန် >>> Khan Academy Kids <<<

By Myanmar Education Guide - EDGE 

Knowledge Read 1153 times