Sales Hotline : 09448001653       Download App



ကိုဗစ်ကာလတွင်း ဆရာများလက်စွဲ အွန်လိုင်းသင်ကြားရေး ပလက်ဖောင်း Google Classroom 

စမတ်ဖုန်းသုံးစွဲမှုများသည် နောက်ပိုင်းတွင် ကျောင်းသားများ အာရုံစူးစိုက်မှုကို အနှောင့်အယှက် ဖြစ်စေသည့် အရင်းအမြစ် သတ်မှတ်လာကြပါသည်။ ဆရာများနှင့် မိဘများ အနေဖြင့် ထိုစမတ်ဖုန်းများသည် ကျောင်းပညာရေးတွင် ထိခိုက်မှု မရှိစေရန် ကြိုးစားနေကြတာကိုလည်း တွေ့လာရပါတယ်။  ပညာရေး ဆိုင်ရာ မိုဘိုင်းအက်ပလီကေးရှင်းများသည်စမတ်ဖုန်းများကို virtual စာသင်ခန်းအဖြစ်သို့ပြောင်းလဲစေပြီးကျောင်းသားများသည်သင်ရိုးညွှန်းတမ်းများကိုလွယ်ကူစွာနှင့်အာရုံစူးစိုက်စွာ လုပ်ဆောင်လာနိုင်ပြီဖြစ်သည်။

အဆင့်မြှင့်ထားသော ထိုမိုဘိုင်း အက်ပလီကေးရှင်းများသည် ပညာရေးရေးရှုထောင့်ကို တဖြည်းဖြည်း ပြောင်းလာပြီ ဖြစ်ပါသည်။ ပုံမှန် ကျောင်းစာသင်ခန်းများတွင် ကျောင်းသားများ အိမ်စာနှင့် အဆိုင်းမန့် များကို အချိန်မီတင်သွင်းရန်မှာ ကျောင်းသားများ၏ တာဝန်ဖြစ်သည်။

ဆရာများမှာလည်း ကျောင်းသားများ၏ အဆင့်သတ်မှတ်ချက်များကို စောနိုင်သလောက်စောအောင် အကဲဖြတ်ပေရသည်။ ယခုလို ကျောင်းများ ပိတ်ထားရသည့်အချိန်တွင် ကျောင်းသားများ သာမက ဆရာများပါ ပုံမှန်အတိုင်း ဆောင်ရွက်ရန် ခက်ခဲလာကြပါသည်။ ထို့ကြောင့် စာသင်ခန်းများကို အွန်လိုင်းပဉာရေးသို့ ပြောင်းလဲသင်ကြားနေကြပြီ ဖြစ်ပါသည်။ ပညာရေး ဆိုင်ရာ မိုဘိုင်းအက်ပလီကေးရှင်းများ များစွာ ရှိသည့်အနက် ကျောင်းသားများသာမက ဆရာများပါ အသုံးများကြသည့် Google Classroom အကြောင်းကို ဖော်ပြလိုက်ရပါသည်။

Google Classroom သည် အကောင်းဆုံး ဖြစ်ပါသည်။ ထို့ အပြင် ကျောင်းသားများအတွက် မရှိမဖြစ်လိုအပ်သော မိုဘိုင်းအက်ပလီကေးရှင်းများ ထဲမှ တစ်ခု ဖြစ်ပါသည်။ ၎င်းတွင် ကြေငြာချက်များကို ပေးပို့နိုင်ခြင်း၊ စာသင်ခန်းများ ဖန်တီးနိုင်ခြင်း၊ ဆွေးနွေးပွဲများ ပြုလုပ်နိုင်ခြင်း၊ အဆိုင်းမန့်များ၊ အိမ်စာများ တင်နိုင်ခြင်း၊ အဆင့်သတ်မှတ်ပေးနိုင်ခြင်း၊ မှတ်ချက်နှင့် အဖြေများ ပေးနိုင်သည့် အပြင် သင်ခန်းစာ အရင်းအမြစ်များ ကို ဝေမျှပေးနိုင်ခြင်း အစရှိသည့် လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်ပါသည်။ ကျောင်းသား အယောက် ၄၀ မှ ၁၀၀ အထိ တစ်ပြိုင်နက် အသုံးပြုနိုင်ပါသည်။

ထို့အပြင် ဂူဂဲလ်၏ အခြားဝန်ဆောင်မှုများဖြစ်သည့် Docs, Sheets, Slides, Gmail နှင့် Calendar များနှင့် ချိတ်ဆက်ကာ အသုံးပြုနိုင်ပါသည်။ ဆရာများသည် သီးသန့်ကုဒ် ဖန်တီးကာ ထိုကုဒ်မှ တဆင့် သက်ဆိုင်ရာ ကျောင်းသားများက Virtual အခန်းတွင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ ကျောင်း၏ ပင်မအီးမေးလ်မှ တဆင့်လည်း ဝင်ရောက်နိုင်ပါသည်။ Virtual စာသင်ခန်းတစ်ခုခြင်း၏ သက်ဆိုင်ရာ သင်ခန်းစာများကို နောက်ပြန်လည်ကြည့်ရှုနိုင်ရန် ကျောင်းသားများ၏ Google Drive တွင်လည်းသိမ်းဆည်းနိုင်ပါသည်။

Google Classroom ၏ အကောင်းဆုံး လုပ်ဆောင်ချက်သုံးခုမှာ -

  • Enhanced communication- ဆက်သွယ်ရန်ပိုမို လွယ်ကူသည်။
  • Improved organization- အဖွဲ့အစည်းဆိုင်ရာ လုပ်ဆောင်ချက်များပိုမိုကောင်းမွန်သည်။
  • Faster grading process- အမှတ် အကဲဖြတ်ရာတွင် ပိုမိုမြန်ဆန်သည်။

Assignments

Assignments များကို ဆရာမနှင့် ကျောင်းသား ကြား အမှတ်အကဲဖြတ်နိုင်ရန် သို့မဟုတ် ကျောင်းသားချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် Google ၏ အခြားသော ဝန်ဆောင်မှူများဖြင့် အသုံးပြုနိုင်သည်။ ကျောင်းသား၏ Google Drive တွင် စာရွက်စာတမ်းများကိုဆရာနှင့်အတူမျှဝေမည့်အစား ဖိုင်များကို ကျောင်းသား၏ Drive တွင် တင်ထားကာ ဆရာများမှ ဝင်ရောက်အကဲဖြတ်နိုင်ပါသည်။

Grading

Google Classroom သည်များစွာသေည မတူညီသည့် အမှတ်ပေးစည်းမျဉ်းများကို ထောက်ပံ့ပေးထားသည်။ ဆရာများသည် ကျောင်းသားများ ဝင်ရောက်ကြည့်ရှု ပြီး တည်းဖြတ်နိုင် သည့် လိုအပ်သော စာရွက်စာတန်းများကို တစ်ဦးချင်းစီအတွက် ဖိုင်တွဲ ကာပေးပို့နိုင်သည်။ ကျောင်းသားများသည်လည်း ဆရာမှ ဖိုင်တွဲမလုပ်‌ပေးခဲ့လျှင်လည်း ကျောင်းသား ကိုယ်တိုင် ဝင်ရောက်တည်းဖြတ်နိုင်သည်။ ကျောင်းသားတစ်ဦးချင်းစီ၏ တိုးတက်မှု အကဲဖြတ်ရလဒ်ကိုလည်း မှတ်ချက်ပေးကာ ဆွေးနွေးနိုင်သည်။ ကျောင်းသား များ တင် ထားသည့် Assignments ကို အဆင့်သတ်မှတ်ကာ လိုအပ်သည်များကို မှတ်ချက်ပေးနိုင်သည့် လုပ်ဆောင်ချက်များလည်းပြုလုပ်နိုင်ပါသည်။ Assignments ကို အဆင့်သတ်မှတ်လိုက် သည်နှင့် တပြိုင် နက် ကျောင်းသားများမှ တည်းဖြတ်နိုင်ခြင်းမရှိတော့ပေ။

Communication

ဆရာများမှ ကြေငြာချက်များကို class stream ဟုခေါ်သည့် စာသင်ခန်းလှုပ်ရှားမှု အပိုင်တ္ငင် တင်ထားနိုင်ပြီး ကျောင်းသားနှင့် ဆရာ ဆက်သွယ်နိုင်ရန် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ ကျောင်းသားများသည်လည်း class stream တွင် ကြေငြာချက်များတင်နိုင်သော်လည်း ဆရာများ၏ ကြေငြာချက်လောက် ဦးစားပေးမခံရကောင်းဖြစ်နိုင်ပါသည်။ သင်ခန်းစာနှင့် ပတ်သက်သော အကြောင်းအရာများ ဝေမျှရန် ဂူဂဲလ်ထုတ်ကုန်များ အပြင် YouTube ဗွီဒီယိုများကိုလည်း ဝေမျှနိုင်ပါသည်။ Classroom တွင် ကျောင်းသားများကို အီးမေးလ်များပို့နိုင်ရန် အတွက် Gmail ကိုအသုံးပြုကာ ဆက်သွယ်နိုင်ပါသည်။

Google Classroom ကို ဝက်ဘ်ဆိုက် များမှသာမက Android နှင့် iOS ပလက်ဖောင်းရှိ မိုဘိုင်းအက်ပလီကေးရှင်း ဖြင့်လည်း သင်ကြားနိုင်ပြီဖြစ်ပါသည်။

Google Classroom သို့ သွားရောက်ရန် link >>> https://classroom.google.com/u/0/ <<<

By Myanmar Education Guide - EDGE

Knowledge Read 879 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176