THE MYANMAR EDUCATION GUIDE

HOME >> >> Latest Post
Latest Post

အထင်ကရဖြစ်သော အွန်လိုင်းတက္ကသိုလ်ပေါင်းစုံ တည်ရှိရာ edX


ကျောင်းသားအများစုသည် ဟားဗတ်၊ အမ်အိုင်တီ၊ ကိုလံဘီယာ အစရှိသည့် ထိပ်တန်းတက္ကသိုလ်များတွင် ပညာသင်ကြားနိုင် ရန်မှာ ၎င်းတို့၏ အိမ်မက်များ ဖြစ်သည်။ အိမ်မက်တွေက ဈေးမကြီးပါဘူး။  လက်တွေ့ အကောင်အထည်ဖော်ရန်သာ အဓိက မဟုတ်လား။ 

တကယ်လို့ သင့်ရဲ့ ဖုန်းထဲမှာ  edX  အက်ပလီကေးရှင်း ရှိပါက သင့်အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ပြီဖြစ်ပါသည်။  edX က သင့်လက်ချောင်းထိပ်လေးများဖြင့် အထက်ပါ တက္ကသိုလ်တွေထံသို့ ခေါ်ဆောင်သွားနိုင်ပါပြီ။ ထို့ကြောင့် သင်ယူလိုသော အကြောင်းအရာအားလုံးကို သင်ယူနိုင်ဖို့ edX က သင့်အားတစ်ဆင့်ချင်းစီ ခေါ်ဆောင်သွားမည် ဖြစ်သည်။

edX တွင်ကွန်ပျူတာသိပ္ပံ၊ စီးပွားရေးလေ့လာမှုများ၊ ဘာသာဗေဒ၊ အင်ဂျင်နီယာ အစရှိသည့် ဘာသာရပ် များစွာကို သင်ကြားပေးလျက်ရှိပြီး အွန်လိုင်း သင်တန်းပေါင်း ၂၅၀၀ ကျော်ကို ဝင် ရောက်လေ့လာနိုင်ပါသည်။ edX တွင် တက္ကသိုလ် အဖွဲ့အစည်းပေါင်း ၁၄၀ ကျော်ရှိပြီး Massachusetts Institute of Technology, Harvard University အစရှိသည့် အနောက်နိုင်ငံမှ ထိပ်တန်း တက္ကသိုလ်များ  အပြင် အရှေ့တောင်အာရှမှ The Hong Kong Polytechnic University, Kyoto University စသည့် ထိပ်တန်းတက္ကသိုလ်များလည်း ပါဝင်ပါသည်။ 

ထိုသင်တန်း များမှ ရရှိသော  ပညာရပ်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်နှင့် တက္ကသိုလ် ခရက်ဒစ် အမှတ်များသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် အထောက်အကူ ပြုမည် ဖြစ်ပါသည်။ 

edX ၏ အကောင်းဆုံး လုပ်ဆောင်ချက်သုံးခုမှာ -

  • Video tutorials                        - ဗီဒီယိုသင်ခန်းစာများဖြင့် သင်ကြားပေးထားခြင်း။
  • Study material Handouts        - သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ပေးထားခြင်း။
  • Interactive quizzes                - အပြန်အလှန်ဉာဏ်စမ်းပဟေဠိများပါဝင်ခြင်း။

edX တွင် register လုပ်ကာ ဝက်ဘ်ဆိုက် များမှသာမက Android နှင့် iOS ပလက်ဖောင်းရှိ မိုဘိုင်းအက်ပလီကေးရှင်း ဖြင့်လည်း သင်ခန်းစာများကို လေ့လာနိုင်ပြီဖြစ်ပါသည်။ 

ပိုမိုသိရှိလိုပါက >>> edX <<<

ဒေါင်းလုဒ်ရယူလိုပါက >>> Click Here <<<

By Myanmar Education Guide - EDGE 

Latest Post Tips Read 402 times