Sales Hotline : 09448001653       Download App



ဇီဝဗေဒသင်ခန်းစာတွေထဲကတစ်ခုဖြစ်တဲ့ Dead Space အကြောင်း

 

ဇီဝဗေဒသင်ခန်းစာတွေထဲကတစ်ခုဖြစ်တဲ့ Dead Space အကြောင်း

ကျွန်တော်တို့တစ်သက်လုံးလည်း ဇီဝဗေဒကို ကျက်စာလို့ပဲသတ်မှတ်ပြီး Bio စသင်ရတဲ့ ကိုးတန်းအရွယ်တည်းက “ Biology is the study of living thing. A large variety of living things exit on the land…” ဆိုပြီး ကြက်တူရွေးနှုတ်တိုက်ကျက်ခဲ့ကြတာပါ။ ဒါပေမယ့် ဇီဝဗေဒဆိုတာကျက်စာမဟုတ်ပါဘူး။

 
နှုတ်တိုက်ကျက်လို့ တိုင်ပတ်ခဲ့ရတဲ့အချိန်ကတော့ ဆယ်တန်းအရွယ်ပါပဲ။ အဲ့တုန်းက Chapter(11) က Dead Space ဆိုတဲ့အပိုဒ်ကြီးကို ဘယ်လိုကျက်ကျက်မရခဲ့တာပါ။ ခုကျက်လို့ရသွားလည်း နောက်နှစ်ရက်နေရင် အစတောင်ပြန်ဖော်မရဘူး။ ဒါကြောင့် နောက်လာမယ့် ညီလေး၊ညီမလေးတွေကို ဒီလိုမဖြစ်ရအောင် ဇီဝဗေဒဆိုတာ ကျက်စာမဟုတ်ကြောင်း Dead Space ဆိုတဲ့အပိုဒ်အကြောင်းရှင်းပြရင်း ပြောပြလိုက်ပါရစေ။

 
Dead Space ဆိုတာ ဓာတ်ငွေ့ဖလှယ်မှု(Gaseous Exchange)မလုပ်နိုင်တဲ့နေရာ ကိုပြောတာပါ။ Gaseous Exchange လုပ်တယ်ဆိုတာ O2 နှင့် CO2 ဓာတ်ငွေ့ဖလှယ်ခြင်းပါ။ ဒီလို ဓာတ်ငွေ့ဖလှယ်ဖို့ဆိုရင် ဆံခြည်မျှင်သွေးကြောတွေရှိနေရမယ်။ Alveolus (လေအိတ်) ရဲ့ Wall (နံရံပေါ်မှာ) ဆံခြည်မျှင်သွေးကြောတွေများစွာရှိပါတယ်။ ဒီ ဆံခြည်မျှင်သွေးကြောတွေအပြင် သွေးအလုံအလောက်ရှိဖို့လည်းလိုအပ်ပါတယ်။ သွေးရှိမှ သွေးထဲက Hemoglobin က Oxygenကို သယ်ဆောင်ပေးနိုင်မယ်လေ။

 


ဓာတ်ငွေ့ဖလှယ်ခြင်းဖြစ်စဉ်က Alveolus မှာ စတင်ပါတယ်။ Alveolus မတိုင်မှီလေဝင်လမ်းကြောင်း အစိတ်အပိုင်းတွေဖြစ်တဲ့ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း၊ လေပြွန်၊ လေအိတ်တွေက ဓာတ်ငွေ့ဖလှယ်မှုမလုပ်နိုင်ပါဘူး။ ဒါကြောင့် အဲ့အစိတ်အပိုင်းတွေကိုခန္ဓာဗေဒဖွဲ့စည်းပုံအရ ဓာတ်ငွေ့ဖလှယ်မှု မလုပ်နိုင်တဲ့နေရာAnatomical Dead Space လို့ခေါ်တယ်။ Anatomical Dead Space ဆိုတာ Structure အရခွဲတယ်မှတ်ပါ။

 
Physiological or Functional Dead Space ဆိုတာဘာလဲ။
အသက်ရှင်မှု လုပ်ငန်းဆိုင်ရာ ဓာတ်ငွေ့ဖလှယ်မှုမလုပ်နိုင်သောနေရာ Physiological Dead Space ဆိုတာ Function အရခွဲတယ်မှတ်ပါ။ Alveolus မှာ Gaseous Exchange လုပ်တာကြောင့် အဲ့ ဒီ Alveolus (လေအိတ်တွေမှာ) Gaseous Exchange ဆိုတဲ့ Function (လုပ်ငန်းတာဝန်) မလုပ်နိုင်တော့ဘူးဆိုရင ်Physiological Dead Space ပါပဲ။ အဆုတ်ရောဂါအခြေအနေ တွေကို ကြည့်နိုင်ရင်ပိုမြင်သာပါတယ်။

Alveolus ကြီးထိခိုက်စေတဲ့ အဆုတ်ရောဂါတွေ မှာ Alveolus ထိထားမှတော့ Gaseous Exchange Function လုပ်နိုင်ပါဦးမလား? မလုပ်နိုင်ပါဘူး။ အဲ့တာဆို အဲ့အခြေအနေကို Physiological Dead Space လို့ပြောလို့မရဘူးလား? ရတာပေါ့။Gaseous Exchange လုပ်မယ့် Function ကို ထိခိုက်သမျှ Physiology Dead Space လို့ပြောနိုင်ပါတယ်။

 
Physiology dead space is increased with lung diseases ဆို မမှန်ဘူးလား?
မှန်ပါတယ်။ ဘာလို့လည်းဆိုတော့ Lung Disease (အဆုတ်ရောဂါတွေမှာ) Alveolar Component(လေအိတ်အစိတ်အပိုင်း) ထိခိုက်စေတာဖြစ်ပါတယ်။ အဲ့လိုထိခိုက်တော့ Gaseous Exchange Function မလုပ်နိုင်ပါဘူး။ ရပ်နေတဲ့အချိနိမှာ စဉ်းစားကြည့်ရအောင်။

 
ရပ်နေတော့ Gravity ဆွဲအားကြောင့် သွေးတွေက အဆုတ်ရဲ့အပေါ်ပိုင်းမှာ ဒါမှမဟုတ် အဆုတ်ရဲ့အောက်ပိုင်းမှာအများဆုံးဖြစ်မလား? အဆုတ်ရဲ့အောက်ပိုင်းမှာ သွေးထောက်ပံ့မှုအများဆုံးဖြစ်နေမှာပါ။

 
အဆုတ်ရဲ့ 30-50% အဆုတ်အပေါ်ပိုင်းကျတော့ Blood Supply ကောင်းဦးမလား?
အဲ့တာဆို အဲ့အပိုင်းက Physiological Dead Space ဖြစ်ပါတယ်။ 30-50% ကို average (ပျှမ်းမျှ)ယူလိုက်ရင် 40%ပေါ့ ။ အဲ့တော့ ရပ်နေရင် 40%က Physiological Dead Space ဖြစ်ပြီး 60%က Gaseous Exchange ဖြစ်ပါတယ်။
 

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီဆိုပါစို့။
နှလုံးခုန်နှုန်းမြန်လာမယ် ။ သွေးလှည့်ပတ်နှုန်းမြန်လာမယ်။ အဆုတ်ရဲ့နေရာများများကို သွေးရောက်သွားမယ် ။ ဒါဆို ခု နတုန်းက ရပ်နေတုန်းက Physiological Dead Space ကြီး က Exercise လုပ်တဲ့အချိန် ရှိပါဦးမလား? မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ရာခိုင်နှုန်းနဲ့ပြောရင် 0%က Physiological Dead Space 100%က Gaseous Exchange ဖြစ်သွားလို့ပါ။

 
အဲ့တာကို စာထဲမှာ Physiological dead space is negligible.(မပြောပလောက်ဘူး)(လျစ်လျူရှုနိုင်တယ်)လို့ပြောထားတာပါ။ အချုပ်ပြောရရင် Anatomical Dead Space က မွေးကတည်းကနေ သေတဲ့အထိမပြောင်းလဲပါဘူး။ Alveolus မရောက်ခင် Mouth, Pharynx, Bronchi, Bronchioles တို့က Gaseous Exchange မဖြစ်ပါဘူး။ ဘာလို့ Gaseous Exchange မဖြစ်တာလဲဆိုတော့ သွေးထောက်ပံ့ပေးမယ့် သွေးကြောတွေမရှိလို့ပါ။ ဒါကြောင့် Mouth, Pharynx, Bronchi, Bronchiolesတို့က Anatomical Dead Space ပါ။

 
Physiological Dead Space ကြတော့ အခြေအနေအရ အပြောင်းအလဲရှိနေတော့ရှုပ်ကုန်ကြတယ်။ Gaseous Exchange ဆိုတဲ့ လုပ်ငန်းတာဝန် (Function)ဖြစ်ဖို့ သွေးထောက်ပံ့မှုလိုတယ်။ သွေးထောက်ပံ့မှုကောင်းကောင်းမရရင် Gaseous Exchange မလုပ်နိုင်ဘူး ။ အဲ့တာ Physiology Dead Space ပေါ့။

 
ရပ်နေ ငြိမ်နေတဲ့အနေအထားမှာအဆုတ်ရဲ့ 30-50% ကသွေးမရတော့ Physiological Dead Space ဖြစ်ပါတယ်။ Exercise လုပ်ရင်တော့ Blood Supply ကောင်းတာမလို့ အဆုတ် ရဲ့နေရာတော်တော်များများသွေးထောက်ပံ့မှုပြန်ရတော့ Physiological Dead Space ပြောမရတော့ဘူးပေါ့။

 
ဇီဝဗေဒဆိုတာ ကျက်စာမဟုတ်ပါဘူး။ "ဘိုင်အို - ထိုင်ငို" မဖြစ်ရလေအောင်၊ "ဇီ၀ - ရီပြ" အနေအထားဖြစ်အောင် ကျက်မှတ်ဖို့ထက် နားလည်အောင်မှတ်ယူရမှာဖြစ်ပါတယ်။

Knowledge Read 574 times