ဒစ်ဂျစ်တယ်မားကတ်တင်း Certificate ကို အခမဲ့တက်ရောက်သင်ယူနိုင်မယ့်သင်တန်း

 

 

ဒစ်ဂျစ်တယ်မားကတ်တင်းဆိုတာ အခုခေတ်မှာ အလွန်အရေးပါတဲ့ ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းအတွက်ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်စီးပွားရေးကို ဖောက်သည်များများရအောင် စေ◌ျးကွက်ကို အချိန်တိုတိုအတွင်းမှာ ထိုးဖောက်ချင်ရင်ပဲဖြစ်ဖြစ်၊ ကိုယ့်စီးပွားရေး ရောင်းအားတက်ချင်ရင်ပဲဖြစ်ဖြစ် မဖြစ်မနေ လေ့လာထားသင့်တဲ့ ပညာရပ်တစ်မျိုးပါပဲ။

 

ဒါကြောင့်အိမ်မှာနေရင်း ပေါ့ပေါ့ပါးပါးနဲ့ ကိုယ်အားတဲ့ အချိန်မှာ လေ့လာလို့ရတဲ့ ဒစ်ဂျစ်တယ်မားကတ်တင်းသင်တန်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီသင်တန်းလေးကတော့ အခမဲ့ သင်ယူလို့ရမှာဖြစ်ပြီးသင်တန်းပြီးဆုံးတဲ့အခါ အသိအမှတ်ပြုလက်မှတ်လည်း ရရှိမှာဖြစ်ပါတယ်။

 

ဒီသင်တန်းဟာဆိုရင် The Open University နဲ့ Interactive Advertising Bureau Europe တို့ကနေ တရားဝင် အသိအမှတ်ပြုထားပါတယ်။ ဒါကြောင့် သင်တန်းတက်ပြီး အသိအမှတ်ပြုလက်မှတ်ရယူထားခြင်းအားဖြင့် ကိုယ်အလုပ်လျှောက်တဲ့အခါ ဒီလက်မှတ်က သင့်ရဲ့ CV Form ကို တစ်ဖက်တစ်လမ်းက အထောက်အပံ့ဖြစ်စေမှာပါ။ 

 

လျှောက်ထားရမယ့်လင့်ခ်ကဒီမှာပါ >

https://learndigital.withgoogle.com/.../digital-marketing

 

အရင်ဆုံး ကိုယ့်ရဲ့ Gmail သို့ အီးမေးလ် နဲ့ ဝင်ရပါမယ်။ Personal Details ဖြည့်ရပါမယ်။ Form ဖြည့်ပြီးဝင်လိုက်ရင်တော့ Fundamental of Digital Marketing ဆိုတဲ့ Course လေးကို Join ရမှာပါ။ သင်ခန်းစာ ၂၆ ခုပါပြီး Duration အနေနဲ့ နာရီပေါင်း ၄၀ သင်ယူရမှာပါ။ 

 

Course Features အနေနဲ့ကတော့ ကိုယ်တိုင် Self-Learning ပုံစံနဲ့သွားရမယ်။ ဗီဒီယိုတွေတစ်ခုပြီးတစ်ခုကြည့်သွားရမှာပါ။ ဗီဒီလို Tutorials နဲ့သွားတာဖြစ်လို့ ကိုယ်အဆင်ပြေတဲ့ အချိန်မှ လေ့လာလို့ရပါတယ်။ သင်ခန်းစာအားလုံးလေ့လာလို့ပြီးသွားရင်တော့ မေးခွန်း အခု (၄၀) ပါဝင်တဲ့Test တစ်ခုကို ဖြေဆိုရမှာဖြစ်ပြီး Test အောင်ရင် Certificate ရရှိမှာဖြစ်ပါတယ်။ 

 

ဒီသင်တန်းမှာ သင့်ရဲ့ Online Media တစ်ခုကို ဘယ်လိုအောင်မြင်အောင်လုပ်မလဲ၊ Online Business Strategy ဘယ်လိုဆွဲမလဲ၊ Search engines တွေ ဘယ်လိုအလုပ်လုပ်လဲ၊ Customer တွေရဲ့ သဘောသဘာဝ၊ Facebook၊ Website၊ Mobile Application တွေကနေ ဘယ်လို Marketing လုပ်မလဲ၊ Content တစ်ပုဒ်ကို လူစိတ်ဝင်စားအောင်ဘယ်လိုရေးမလဲ ၊ Marketing Video တွေ ဘယ်လိုလုပ်မလဲ စတဲ့ အကြောင်းအရာမျိုးစုံကို လေ့လာခွင့်ရမှာပါ။ 

 

အင်တာနက်ရရှိတဲ့ နေရာတိုင်းမှာ အသက်အရွယ်မရွေး၊ အချိန်မရွေး၊ ပညာအရည်အချင်းကန့်သတ်ချက်မရှိ လူတိုင်း အလွယ်တကူ လေ့လာလို့ရတဲ့ အပြင် အသိအမှတ်ပြုလက်မှတ်ပါ ရရှိနိုင်တာမို့ အခုပဲ လေ့လာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ 

 

Knowledge Read 788 times