Sales Hotline : 09448001653    



သင်တန်းတွေကိုအခမဲ့တက်ရောက်ပြီး Certificate ပါရနိုင်မယ့် Website

 

 

Future Learn မှ အခမဲ့တက်ရောက်လို့ရမယ့် သင်တန်းတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ကို ရွေးချယ်ပြီး ကိုယ်တိုင် Self-learning နဲ့ရွေးချယ်တက်ရောက်ရမယ့် သင်တန်းအမျိုးအစားတွေပဲဖြစ်ပါတယ်။

 

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်မတက်ဖြစ်သေးတဲ့ လူငယ်တွေ၊ ဆယ်တန်းအောင်ပြီး အိမ်မှာနားနေတဲ့ လူငယ်တွေ၊ အလုပ်ခွင်ဝင်ပြီး ကိုယ်တိုင် ပညာရပ်တစ်ခုခုကို လေ့လာချင်တဲ့သူတွေ၊ ကိုယ်ပိုင်လုပ်ငန်းတစ်ခုခု စတင်လုပ်ကိုင်လိုသူတွေအတွက် အင်တာနက်ရှိရုံနဲ့ အချိန်မရွေး၊ နေရာမရွေးအလွယ်တကူ လေ့လာနိုင်တာမို့ အရမ်းအကျိုးရှိတဲ့ သင်တန်းတွေပဲဖြစ်ပါတယ်။

 

ဒါ့အပြင် တစ်ချို့သင်တန်းတွေက သင်ခန်းစာတွေကိုပြီးဆုံးအောင် လေ့လာတက်ရောက်ပြီးပြီဆို Certificate ပါပေးတာမို့ လေ့လာသူတွေအတွက် တကယ်ကို အထောက်အပံ့ကောင်းတွေရရှိစေမှာပါ။ ဒါဆိုကြည့်လိုက်ကြရအောင်။

 

အရင်ဆုံး Future Learn ဆိုတာဘာလဲ ရှင်းပြပေးချင်ပါတယ်။ Future Learn ဆိုတာကတော့ ဗြိတိန်နိုင်ငံက ဒစ်ဂျစ်တယ် ပညာရေး ပလက်ဖောင်းတစ်ခုပါ။ ကမ္ဘာကျော်ထိပ်တန်း တက္ကသိုလ်ကြီးတွေ၊ အဖွဲ့အစည်းကြီးတွေ၊ သင်ကြားရေးစင်တာတွေနဲ့ပူးပေါင်းပြီးတော့ အွန်လိုင်း ဒီဂရီ နဲ့ သင်တန်းပေါင်း မြောက်များစွာကို သင်ကြားပို့ချပေးနေပါတယ်။

 

သင်တန်းတွေမှာ အခမဲ့တက်ရောက်လို့ရတဲ့ သင်တန်းတွေရှိသလို အခကြေးငွေပေးသွင်းပြီး တက်ရောက်ရတဲ့ သင်တန်းတွေလည်းရှိပါတယ်။ ဘွဲ့ဒီဂရီကနေ အသိအမှတ်ပြုလက်မှတ်ရတဲ့ သင်တန်းတွေပါ။ လက်ရှိမှာလည်း Future Learn မှာ ကမ္ဘာတစ်ဝှမ်းကသင်ယူလေ့လာနေသူဦးရေ ၇ သန်းကျော်ရှိပါပြီ။  

အောက်မှာဖော်ပြထားတဲ့ လင့်ခ်ကနေ ကိုယ်လေ့လာချင်တဲ့ ဘာသာရပ်ကို ရှာဖွေပြီး အခမဲ့ တက်ရောက်လေ့လာလို့ရပါတယ်။ Search Box ကနေအခမဲ့ လေ့လာလို့ရမယ့် ဘာသာရပ်ကိုရှာကြည့်မယ်ဆိုရင် ဘာသာရပ်ပေါင်း ၈၀ ကျော်ကိုတွေ့ရှိမှာပါ။ 

 

သင်တန်းတစ်ခုချင်းစီရဲ့ လင့်ခ်ကို ဝင်ကြည့်မယ်ဆိုရင်  တက်ရောက်ရမယ့် အချိန်ကာလ၊ တစ်နေ့တာလေ့လာရမယ့်ကြာချိန်၊ ဘယ်လိုလေ့လာရမှာလဲ၊ ဘယ်လိုအကြောင်းအရာတွေပါရှိလဲ အသေးစိတ် ဖော်ပြပေးထားပါတယ်။ 

 

ကိုယ်စိတ်ဝင်စားတဲ့ သင်တန်း/ဘာသာရပ်ကို ရွေးချယ်ပြီးပြီဆိုရင်တော့ Join Now ကို နှိပ်လိုက်တဲ့အခါ Register အရင်လုပ်ရပါမယ်။ ပြီးရင်တော့ သူရွေးခိုင်းတဲ့အတိုင်း အဆင့်အတိုင်း လုပ်ဆောင်သွားရုံပါပဲ။ အားလုံးပြီးသွားရင်တော့ ကိုယ်တက်ချင်တဲ့ Course ကို Join လို့ရပါပြီ။ 

 

English စာ Level အနေနဲ့ကတော့ Intermediate Level ရှိထားဖို့လိုအပ်ပါတယ်။

 

ဒါဆိုကိုယ်တက်ချင်တဲ့ သင်တန်းတွေကိုအခုပဲ ရွေးချယ်တက်ရောက်လိုက်တော့နော်။

 

ဝက်ဘ်ဆိုဒ်လင့်ခ် > https://www.futurelearn.com/

 

Knowledge Read 865 times