Sales Hotline : 09448001653       Download App



စာပေချစ်မြတ်နိုးသူများအတွက် နိဗ္ဗာန်ဘုံ Book Land 

ဒီအပတ်မှာ မြန်မာ့ပညာရေး လမ်းညွှန်မှ မိတ်ဆက်ပေးချင်တဲ့ ပညာရေး ဝန်ဆောင်မှု တစ်ခုကတော့ Myanmar Book Centre မှ ဖွင့်လှစ်ထားသည့် စာအုပ်ဆိုင်အကြောင်းပဲ ဖြစ်ပါတယ်။ 

အမှတ် 55၊ ဗဟိုလမ်းနှင့် အလုံလမ်းထောင့်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိသည့် Myanmar Book Centre သည် စာအုပ် ဝန်ဆောင်ရေးလုပ်ငန်းတွင်  နှစ်ပေါင်း 24 နှစ်ကျော် တာဝန်ယူထားပြီး ရန်ကုန် နှင့်မန္တလေးမြို့ကြီးတွင် စာအုပ်ဆိုင်ပေါင်းများစွာ အတွက် ပူးပေါင်း ဆောင်ရွက်ထားပေးပြီး ဖြစ်ပါသည်။ M.B.C မှ စာအုပ်များသည် စာကြည့်တိုက်များ၊ ကျောင်းသားများ၊ ပညာရေးဆိုင်ရာ သုတေသန ပညာရှင်များအတွက်အပြင် ဗဟုသုတ ရှာဖွေလိုသူများအတွက် အသင့်လျော်ဆုံးနေရာတစ်ခု ဖြစ်ပါသည်။ 

ပုံနှိပ်ခြင်းမရှိတော့သော စာအုပ်များ၊ ဂျာနယ်များ စသည့် ရှားပါးစာအုပ်များကိုလည်း ကော်ပီ၊ ဒီဂျစ်တယ် ပုံစံများ နှင့် စီဒီခွေများအနေဖြင့် စုံစုံလင်လင် ရနိုင်သည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော စာအုပ်ဆိုင်ကြီး တစ်ခုဖြစ်ပါသည်။

လက်ရှိတွင် Myanmar Book Centre မှ ပေးလျက်ရှိသော ဝန်ဆောင်မှုများမှာ -

  • စာအုပ်ဖြန့်ဖြူခြင်း (မြန်မာနိုင်ငံရှိ အဓိက မြို့ကြီးများသို့ စာအုပ်များကို လက်လီ၊လက်ကား ဖြန့်ဖြူပေးခြင်း) 
  • စာအုပ်ရောင်းဝယ်ခြင်း (တင်ပို့ခြင်း နှင့်သွင်းခြင်း)
  • Mails ဖြင့် အော်ဒါတင်ပေးခြင်း (အဓိက အားဖြင့် စာကြည့်တိုက်များ၊ ပညာရှင်များ အပြင် တစ်ဦးချင်းအမှာများ) 
  • ပုံနှိပ်ထားထုတ်ဝေထားခြင်း မရှိတော့သည့် စာအုပ်အဟောင်းများကို Scan ဖတ်၍ ပြန်လည်ထုတ်ပေးခြင်း (မြန်မာဘာသာဖြင့် ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့် ဖြစ်စေ) 
  • ဒစ်ဂျစ်တယ်ပုံစံ ပြန်ပြောင်းခြင်း - စီဒီရွန်သို့ပြောင်းပေးခြင်း (ဥပမာ - ထုတ်ဝေခြင်းမပြုရသေးသော အညွှန်းစာအုပ်များ အပါအဝင် JBRS ၏ အတွဲများအားလုံး) 
  • ကျောင်းများတွင် စာအုပ်ပွဲတော်များ စီစဥ်ပေးခြင်း၊
  • စာကြည့်တိုက်ဆိုင်ရာ သင်ထောက်ကူပစ္စည်းများ၊
  • ဖတ်စာအုပ်များ ပရင့်ထုတ်ပေးခြင်း၊ 

တစ်ဦတည်းသော မူပိုင်ထုတ်ဝေသူအဖြစ် သတ်မှတ်ထားသော စာအုပ်များမှာ-Oxford University Press, Cambridge University Press, MacMillan, McGraw Hills, Scholastic, Harcourt, Houghton  အစရှိသည်တို့ ဖြစ်ပါသည်။ 

MBC ၏ နောက်ထပ်သဘောကျဖွယ် အချက်တစ်ချက်မှာ MBC Membership Programme ဖြစ်ပါသည်။ ပညာရပ်ဆိုင်ဆောင်းပါးများကို ပေးနိုင်သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အစီအစဥ်ဖြစ်ပါသည်။ ဆောင်းပါးအများစုမှ ပြည်တွင်း ဂျာနယ်များ၊ မဂ္ဂဇင်းများတွင် ထုတ်ဝေထားပြီး ၎င်းတို့ကို MBC မှ စုဆောင်းကာ ဒီဂျစ်တယ် အသွင်ပြောင်း၍ ရှာဖွေရလွယ်ကူသော ဒေတာ အချက်အလက်ပုံစံဖြင့် သိမ်းဆည်းထားခြင်း ဖြစ်ပါသည်။

အဆိုပါ ဒေတာ အချက်အလက်များသည် မြန်မာနိုင်ငံကို စိတ်ဝင်စားသူတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်သော သတင်းအချက်အလက်ရင်းမြစ် ဖြစ်ပါသည်။ 

  • Articles from Journal of Burma Research Society (1911-1977)
  • Collection of Myanmar Traditional Manuscripts
  • Articles of Selective works on Myanmar history, culture, archaeology and literature after independence Database
  • Electronic Books
  • Digitised newspapers
  • Old Myanmar Illustrated Parabaiks

အထက်ပါခေါင်းစဥ်များ အောက်မှ ဆောင်းပါးများကို MBC အသင်းဝင် ဖြစ်ပါက ဒေါင်းလုတ်ရယူကာ ဖတ်ရှုနိုင်ပြီ ဖြစ်ပါသည်။ 

အသင်းဝင်ခြင်း ပုံစံအနေဖြင့် တစ်ဦးတည်း အသုံးပြုသူများအနေဖြင့် password ဖြင့် ဝင်ရောက်နိုင်ပြီး တစ်နှစ်စာအတွက် အသင်းဝင်ကြေးမှာ အမေရိကန်ဒေါ်လာ 300 ဖြစ်ပါသည်။ အဖွဲ့အစည်းနှင့်ဆိုပါက IP recognition ဖြင့် အသုံးပြုနိုင်ပြီး တစ်နှစ်လျှင် အသင်းဝင်ကြေး အမေရိကန်ဒေါ်လာ 1200 ကုန်ကျမည် ဖြစ်ပါသည်။ 

Payment ကိုလည်း Credit card များဖြင့် ပေးချေနိုင်သကဲ့သို့ PayPal ဖြင့်လည်း ဝယ်ယူနိင်ပါသည်။ 

မြန်မာဘာသာ‌ဖြင့် ရေးသားထားသောစာအုပ်များအပြင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဖတ်စာအုပ်များ၊ ပုံပြင်စာအုပ်များအပြင် သုတ၊ရသ အမျိုးအစားအစုံအလင်ဖြင့် ရနိုင်သော Myanmar Book Centre ၏ Book Land စာအုပ်ဆိုင်ကို သွားရောက်ဖို့ တိုက်တွန်းလိုက်ရပါသည်။ 

Myanmar Book Centre
No. 55, Baho Road, Corner of Baho & Ahlone Road, Ahlone Township, Yangon, Myanmar
Tel: (951) 212409, 214708, (959) 7314 7732
Email : [email protected]
Website : http://www.myanmarbook.com

By Myanmar Education Guide- EDGE 
 

Knowledge Read 750 times