ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အောက်ပါမဟာဘွဲ့သင်တန်းများကို အွန်လိုင်းမှတဆင့် ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် ဇူလိုင် (၁၄) ရက်နေ့မှ စက်တင်ဘာ (၂၄) ရက်နေ့အထိ လျှောက်ထားနိုင်သည်။
- ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (Master of Public Administration - MPA)
- ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (Executive Master of Public Administration - EMPA)
- ဖွံ့ဖြိုးရေးပညာမဟာဘွဲ့ (Master of Development Studies - MDevS)
- ဖွံ့ဖြိုးရေးပညာမဟာဘွဲ့ (Executive Master of Development Studies - EMDevS)
လျှောက်ထားသူများသည် အောက်ပါသတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီရမည် -
- အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
- တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရ။
- သက်ဆိုင်ရာ သင်ရိုးနှင့်အညီ သတ်မှတ်ထားသော အချိန်အတိုင်း ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ရမည်။
- သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲနှင့် လူတွေ့စာမေးပွဲကို လူကိုယ်တိုင်သွားရောက်ဖြေဆိုနိုင်သူဖြစ်ရမည်။
- EMDevS အတွက် အစိုးရဝန်ထမ်းဖြစ်လျှင် အရာရှိလုပ်သက် (၅) နှစ် (သို့) နိုင်ငံတကာအဖွဲ့အစည်းနှင့် ကုမ္ပဏီဝန်ထမ်းဖြစ်လျှင် လုပ်ငန်းအတွေ့အကြုံ (၅) နှစ် ရှိသူဖြစ်ပြီး ဇူလိုင် (၁) ရက်နေ့တွင် အသက် (၃၀) ပြည့်ပြီးသူဖြစ်ရမည်။
- EMPA အတွက် အစိုးရဝန်ထမ်းဖြစ်လျှင် အရာရှိလုပ်သက် (၅) နှစ် (သို့) နိုင်ငံတကာအဖွဲ့အစည်းနှင့် ကုမ္ပဏီဝန်ထမ်းဖြစ်လျှင် Executive Level လုပ်သက် (၅) နှစ် ရှိသူဖြစ်ပြီး ဇူလိုင် (၁) ရက်နေ့တွင် အသက် (၃၃) နှစ် ပြည့်ပြီးသူဖြစ်ရမည်။
- ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာပါရှိရမည်။
- အခြေခံကွန်ပျူတာ (Basic Computer Skill) အား ကျွမ်းကျင်တတ်မြောက်ရမည်။
လိုအပ်သည့် စာရွက်စာတမ်းများ
- လျှောက်လွှာဖောင်
- ဘွဲ့လက်မှတ်
- နောက်ဆုံးနှစ်အမှတ်စာရင်း
- စာမေးပွဲဖြေဆိုခွင့်ကတ်
- ပညာအရည်အချင်းထောက်ခံချက်နှင့် လုပ်ငန်းအတွေ့အကြုံထောက်ခံချက်
- ပတ်စ်ပို့အရွယ် ဓာတ်ပုံ (၃) ပုံ
ပညာသင်ကာလ
၂ နှစ် - Semester (၆) ခု၊ (၁) ခု (၃) လ နှင့် Thesis (၆) လ
လျှောက်လွှာတင်သွင်းရမည့်ရက်
MDevS နှင့် EMDevS တို့ကို ဇူလိုင် (၁၄) ရက်နေ့မှ စက်တင်ဘာ (၁၂) ရက်အထိ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ဘောဂဗေဒဌာန၊ ကမာရွတ်နယ်မြေ) တွင် ထုတ်ယူလျှောက်ထားရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲကို စက်တင်ဘာ (၂၄) ရက် ဗုဒ္ဓဟူးနေ့တွင် ဖြေဆိုရမည်။ အသေးစိတ်အချက်အလက်များကို ၀၁-၇၅၂၆၆၁၃ ကို ဆက်သွယ်စုံစမ်းနိုင်သည်။
MPA နှင့် EMPA တို့ကို ဇူလိုင် (၁၆) ရက်နေ့မှ စက်တင်ဘာ (၂၄) ရက်အထိ ရန်ကုန်စီးပွားရေးတက္ကသိုလ် (အသုံးချဘောဂဗေဒဌာန၊ ကမာရွတ်နယ်မြေ) တွင် ထုတ်ယူလျှောက်ထားရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲကို စက်တင်ဘာ (၂၉) ရက် ကြသပတေးနေ့တွင် ဖြေဆိုရမည်။ အသေးစိတ်အချက်အလက်များကို ၀၁-၇၅၁၂၆၃၃ ကို ဆက်သွယ်စုံစမ်းနိုင်သည်။
Related Article : MBA၊ EMBA နှင့် MSESI သင်တန်းများ ဖွင့်လှစ်မည်
> https://www.edge.com.mm/article/686b57bd7736f.html
========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။
> https://shorturl.at/ktCaP