ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် မဟာဘွဲ့နှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများ ဖွင့်လှစ်မည်

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အောက်ပါမဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို Online နှင့် OnCampus ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် ဇူလိုင် (၇) ရက်မှစတင်၍ လျှောက်လွှာတင်သွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

မဟာဘွဲ့သင်တန်းများ

၁။ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (Master of Business Administration - MBA) (Campus)

၂။ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (Executive Master of Business Administration - EMBA) (Campus)

၃။ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (Executive Master of Business Administration - EMBA) (Online)

၄။ လူမှုစီးပွားတည်တံ့ရေး တီထွင်ဖန်တီးမှုပညာမဟာဘွဲ့ (Master of Sustainable Entrepreneurship and Social Innovation - MSESI) (Online)

ဘွဲ့လွန်ဒီပလိုမာသင်တန်းများ

၁။ စီမံအုပ်ချုပ်မှုပညာဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Management Administration - PFDMA) (Online)

၂။ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Human Resource Management - PDGHRM) (Online)

လျှောက်ထားသူများအတွက် သတ်မှတ်အရည်အချင်းများ

- အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။

- တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်စေရ။

- သက်ဆိုင်ရာ သင်ရိုးနှင့်အညီ သတ်မှတ်ထားသော အချိန်အတိုင်း ပြည့်မီစွာ တက်ရောက်နိုင်သူ ဖြစ်ရမည်။

- မဟာဘွဲ့သင်တန်းများအတွက် သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲနှင့် လူတွေ့အကဲဖြတ်စစ်ဆေးခြင်းတို့ကို လူကိုယ်တိုင် လာရောက် ဖြေဆိုအောင်မြင်သူဖြစ်ရမည်။

- ဘွဲ့လွန်ဒီပလိုမာသင်တန်းများအတွက် လူတွေ့နှုတ်ဖြေ စာမေးပွဲသာ ဖြေဆိုရမည်ဖြစ်ပြီး၊ လူကိုယ်တိုင် လာရောက် ဖြေဆိုအောင်မြင်သူ ဖြစ်ရမည်။

- EMBA (Campus/ Online) သင်တန်းအတွက် အစိုးရဝန်ထမ်းဖြစ်လျှင် ပြန်တမ်းဝင်အရာရှိ လုပ်သက်အနည်းဆုံး (၈) နှစ် ရှိရမည် ဖြစ်ပြီး၊ အစိုးရမဟုတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများမှ ဝန်ထမ်းဖြစ်လျှင် Executive Level လုပ်သက် အနည်းဆုံး (၈) နှစ်ရှိ၍ အသက် (၃၀) နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။

- MSESI (Online) သင်တန်းအတွက် အစိုးရ (သို့) ပုဂ္ဂလိက (သို့) အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုခုတွင် လုပ်ငန်းခွင် လုပ်သက်အနည်းဆုံး (၂) နှစ်နှင့် အသက်(၂၅) နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။

- PGDMA (Online) သင်တန်းအတွက် အစိုးရ (သို့) ပုဂ္ဂလိက (သို့) အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုခုတွင် အလယ်အလတ်အဆင့် စီမံခန့်ခွဲမှုရာထူးတွင် လုပ်ကိုင်နေသူဖြစ်ရမည်။

- PGDHRM (Online) သင်တန်းအတွက် အစိုးရ (သို့) ပုဂ္ဂလိက (သို့) အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုခုတွင် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု အတွေ့အကြုံရှိသူ ဦးစားပေးမည်။

သင်တန်းကာလ

မဟာဘွဲ့သင်တန်းများ - (၂) နှစ်

ဘွဲ့လွန်ဒီပလိုမာသင်တန်းများ - PGDMA (၁) နှစ်၊  PGDHRM (၉) လ

သင်တန်းအချိန်

MBA - တနင်္လာနေ့မှ သောကြာနေ့အထိ မနက် (၇) နာရီမှ (၉) နာရီအထိ၊ စနေ မနက် (၇) နာရီမှ နေ့ခင်း (၂) နာရီအထိ

EMBA - တနင်္လာနေ့မှ သောကြာနေ့အထိ ည (၆) နာရီမှ (၈) နာရီအထိ၊ စနေ နေ့ခင်း (၂) နာရီမှ ညနေ (၄) နာရီအထိ

MSESI - တနင်္လာနေ့မှ သောကြာနေ့အထိ ည (၆) နာရီမှ (၈) နာရီအထိ

PGDMA - တနင်္လာနေ့မှ စနေနေ့အထိ မနက် (၇) နာရီမှ (၉) နာရီအထိ

PGDHRM - တနင်္လာနေ့မှ သောကြာနေ့အထိ မနက် (၇) နာရီမှ (၉) နာရီအထိ

လိုအပ်သည့်စာရွက်စာတမ်းများ

  • လျှောက်လွှာဖောင်
  • ဘွဲ့လက်မှတ်နှင့် အမှတ်စာရင်း
  • တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်
  • နိုင်ငံသားစိစစ်ရေးကတ်
  • ပညာအရည်အချင်းထောက်ခံချက်နှင့် လုပ်ငန်းအတွေအကြုံထောက်ခံချက်
  • ပတ်စ်ပို့အရွယ် ဓာတ်ပုံ (၃) ပုံ

လျှောက်လွှာတင်ရမည့်ရက်နှင့် ရေးဖြေဖြေဆိုရမည့်ရက်

သင်တန်းနှင့်သက်ဆိုင်သော စာရွက်စာတမ်းများနှင့် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို စီမံခန့်ခွဲမှုပညာဌာန (ပတ္တမြားဆောင်/လှိုင်နယ်မြေ) တွင် သတ်မှတ်ရက်အတွင်း လျှောက်ထားနိုင်သည်။

သင်တန်းအမည် - MBA (Campus)
လျှောက်လွှာတင်သွင်းရမည့်ရက် - ၇.၇.၂၀၂၅ မှ ၂၉.၈.၂၀၂၅
ရေးဖြေဖြေဆိုရမည့်ရက် - ၇.၉.၂၀၂၅

သင်တန်းအမည် - EMBA (Campus)
လျှောက်လွှာတင်သွင်းရမည့်ရက် - ၇.၇.၂၀၂၅ မှ ၂၉.၈.၂၀၂၅
ရေးဖြေဖြေဆိုရမည့်ရက် - ၇.၉.၂၀၂၅

သင်တန်းအမည် - EMBA (Online)
လျှောက်လွှာတင်သွင်းရမည့်ရက် - ၇.၇.၂၀၂၅ မှ ၁၀.၁၀.၂၀၂၅
ရေးဖြေဖြေဆိုရမည့်ရက် - ၁၉.၁၀.၂၀၂၅

သင်တန်းအမည် - MSESI (Online)
လျှောက်လွှာတင်သွင်းရမည့်ရက် - ၇.၇.၂၀၂၅ မှ ၂၀.၁၁.၂၀၂၅
ရေးဖြေဖြေဆိုရမည့်ရက် - ၃၀.၁၁.၂၀၂၅

သင်တန်းအမည် - PGDMA (Online) နှင့် PGDHRM (Online) 
လျှောက်လွှာတင်သွင်းရမည့်ရက် - ၇.၇.၂၀၂၅ မှ ၁၀.၁၀.၂၀၂၅
ဘွဲ့လွန်ဒီပလိုမာသင်တန်းများအတွက် ရေးဖြေစာမေးပွဲဖြေဆိုရန် မလိုအပ်ဘဲ လူတွေ့နှုတ်ဖြေ စာမေးပွဲသာ ဖြေဆိုရမည်ဖြစ်သည်။

သင်တန်းနှင့်ပတ်သက်၍ အခြားသော အသေးစိတ်အချက်အလက်များကို ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ လှိုင်နယ်မြေ (၀၁ ၈၆၆၄၆၈၄) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သသည်။

==================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 926 times