Sales Hotline : 09448001653       Download App



ရန်ကုန်နည်းပညာတက္ကသိုလ် ရာထူးတိုးအင်တာဗျုး ကို အွန်လိုင်းမှ ပြုလုပ်မည်

ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ရာထူးတိုး/ ပြောင်းလျှောက်ထားသူ ဆရာ၊ ဆရာမများကို အွန်လိုင်း အင်တာဗျူး ဖြင့် စိစစ်ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရပါသည်။

အင်တာဗျူးအတွက် ပြင်ဆင်ထားရမည့် အချက်များမှာ-

၁။ မိမိနှစ်သက်ရာ သင်ကြားရေးဘာသာရပ်၏ ခေါင်းစဉ်တစ်ခုခု (သို့မဟုတ်) မိမိပြုလုပ်နေသော သုတေသန အကြောင်းအရာကို PowerPoint Presentation (၁၀-၁၅) မိနစ်ပြုလုပ်ရမည်။ PPT ကို အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင်ရမည်ဖြစ်ပြီး ရှင်းလင်းတင်ပြရာတွင် မြန်မာ အင်္ဂလိပ် နှစ်ဘာသာ       ကြိုက်နှစ်သက်ရာဖြင့် ရှင်းလင်းပြောကြားနိုင်ပါသည်။

၂။ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို လေ့လာထားရန် လိုအပ်ပါသည်။ 

၃။  Zoom Application အသုံးပြု၍ Online Interview ပြုလုပ်မည်ဖြစ်ပြီး မိမိတို့၏ E-mail သို့ ပေးပို့ဖိတ်ကြားသွားမည်ဖြစ်ပါသဖြင့် E-mail address များကို သေချာ မှန်ကန်စွာ ဖြည့်စွက်ရန် လိုအပ်ပါသည်။

ဆက်စပ်ဖတ်ရှုရန် >>>ရန်ကုန်နည်းပညာတက္ကသိုလ် သင်ကြားရေးရာထူးများ ရာထူးတိုးမြှင့်ပြောင်းရွှေ့လျှောက်လွှာခေါ်ယူခြင်း<<<

ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
ရန်ကုန်နည်းပညာတက္ကသိုလ်

Latest Post News Read 538 times