Sales Hotline : 09448001653    



ရန်ကုန်နည်းပညာတက္ကသိုလ် သင်ကြားရေးရာထူးများ ရာထူးတိုးမြှင့်ပြောင်းရွှေ့လျှောက်လွှာခေါ်ယူခြင်း 

၁။ ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ မြို့ပြအင်ဂျင်နီယာ၊ စက်မှုအင်ဂျင် နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ အီလက်ထရွန်နစ်အင်ဂျင်နီယာ၊ ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာ၊ မက္ကာ ထရောနစ်အင်ဂျင်နီယာ၊ ဓာတုအင်ဂျင်နီယာ၊ ချည်မျှင်နှင့်အထည် အင်ဂျင်နီယာ၊ သတ္တုတူးဖော်ရေးအင်ဂျင်နီယာ၊ ရေနံအင်ဂျင်နီယာ၊ သတ္တု ဗေဒအင်ဂျင်နီယာနှင့် ဒြပ်ပစ္စည်းသိပ္ပံ၊ ဗိသုကာ၊ အင်ဂျင်နီယာ ဘူမိဗေဒ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အင်ဂျင်နီယာသင်္ချာ၊ အင်ဂျင်နီယာ ဓာတုဗေဒ၊ အင်ဂျင်နီယာရူပဗေဒဘာသာရပ်ဌာနများတွင် သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသော ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ နည်းပညာ/ကွန်ပျူတာတက္ကသိုလ်များနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ရာထူးတိုးမြှင့်လျှောက်ထားလိုသူ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြများနှင့် ပြောင်းရွှေ့လျှောက်ထား လိုသူ (အဆင့်မြင့်ပညာဦးစီးဌာနမှ သတ်မှတ်ထားသော နည်းပညာ ကွန်ပျူတာ တက္ကသိုလ်များနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များအလိုက်အနည်းဆုံးတာဝန်ထမ်းဆောင်ရမည့် နှစ်သတ်မှတ်ချက် အသားတင်ကာလ ပြည့်မီသူ) ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြများသည် သက်ဆိုင်ရာ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများမှတစ်ဆင့်ရန်ကုန်နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ်ထံလိပ်မူ၍ အထောက်အထား များပြည့်စုံစွာဖြင့် ၁၂-၁၀-၂၀၂၀ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြပါသည်။

၂။ သတ်မှတ်ပုံစံနှင့်အသေးစိတ်အချက်အလက်များ သိရှိလိုပါက ရန်ကုန်နည်းပညာတက္ကသိုလ် Website: ytu.edu.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၃။ သတ်မှတ်ရက်ကျော်လွန်ပြီး တင်သွင်းသည့်လျှောက်လွှာများနှင့် အချက်အလက်ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိသော လျှောက်လွှာ များကို လက်ခံစဉ်းစားမည်မဟုတ်ပါ။ 

၄။ အသေးစိတ်အချက်အလက်များကို ရန်ကုန်နည်းပညာတက္ကသိုလ် နကြီးမှူး (စီမံ/ဘဏ္ဍာ) ဖုန်း-၀၉-၅၀၃၃၆၆၂ နှင့် ဝန်ထမ်းရေးရာဌာန၊ ဖုန်း-၀၁-၉၆၆၃၂၆၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ ရာထူးခေါ်စာနှင့် သတ်မှတ်ပုံစံများ ကို အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ နည်းပညာ/ကွန်ပျူတာတက္ကသိုလ်များသို့ email ဖြင့်လည်း ဖြန့်ဝေပေးပို့ထားမည်ဖြစ်ပါသည်။

ရန်ကုန်နည်းပညာတက္ကသိုလ်
 

Latest Post Read 795 times