Sales Hotline : 09448001653    



Winners' Academy Private High School မကြာမီ ပြန်လည်ဖွင့်လှစ်တော့မည် 

မကြာခင်မှာ ကျောင်းသားလူငယ်များ ကျန်းမာရေး အတွက်ရှေးရှုုပြီး စနစ်တကျဖြင့် Winner စာသင်ကျောင်း ပြန်လှည်ဖွင့်လှစ်ပါတော့ မယ်လို့သိရပါတယ်။ကျောင်းထဲကို မဝင်ရောက်ခင် လက်ကို ဆေးပြီး ၊ နှာခေါင်းစည်းတပ် ၊ အပူချိန် တိုင်း ပြီး မှ သာလျှင် ကျောင်းအတွင်းသို့ ဝင်ခွင့်ပြုမှာ ဖြစ်ပါတယ်။

No photo description available.

ကျောင်းသားများရဲ့ ကျန်းမာရေးကို ဦးစားပေးထားကာ လူအနည်းငယ်ပဲကျောင်းအပ်လက်ခံသင်ကြားမှာပါ။ ဒါ့အပြင် လူသီးခြား ထိုင်စေရေး နည်းလမ်းဖြင့် စာသင်ခုံတွေကို ၆ ပေအကွာဖြင့်  ခွဲခြားနေရာ ချပေးထားမှာ ဖြစ်ပါတယ်။

No photo description available.

ကျောင်းဝင်းအဝင်ဝ တွင်လည်း လက်ဆေး ဘေစင်များ ထားရှိပေးထားကာ ကျောင်းသား လူငယ်များ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောနိုင်ရန် လိုလေသေးမရှိ ထားရှိပေးထားတယ် သိရပါတယ်။ ကျောင်းရဲ့ နေရာ အနှံအပြားတွင်လည်း လက်သန့်ဆေးရည်ဘူးများကို အသင့်ထားရှိပေးထားပါတယ်။

Image may contain: people sitting, table and indoor

Winner ရဲ့ စာသင်ခန်းများမှာ ကျယ်ဝန်းပြီး အလင်းရောင်ကောင်းကောင်းနဲ့ လေဝင်လေထွက်ကလည်း ကောင်းတယ်ဆိုတော့ ကလေးတွေအနေနဲ့ စိတ်သက်တောင့်သက်သာနဲ့ စာကို သင်ယူလို့ရမှာ ဖြစ်ပါတယ်။ 

No photo description available.

ကျောင်းမှာ ဆေးပေးခန်းကို ထားရှိပေးထားမှာမို့ ကျောင်းသားများရဲ့ ကျန်းမာရေးအတွက်လည်း စိတ်ပူစရာမလိုတော့ဘူးနော်..။ ကျောင်းရဲ့ နေရာအနှံ့မှာ အမှိုက်ကို စနစ်တကျစွန့်ပစ်နိုင်ဖို့အတွက်လည်း အမှိုက်ပုံးများထားရှိပေးထားတယ်။

Image may contain: indoor

ကျောင်း၏ နံရံများ​တွေမှာလည်း ကျောင်းသား/သူများ လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးဝန်ကြီး ဌာနမှ ချမှတ်တဲ့ စည်းမျဉ်၊စည်းကမ်းများလည်း ကျောင်းသားများ မြင်သာတဲ့နေရာတွေမှာ ထားရှိပေးထားမှာလည်း ဖြစ်ပါတယ်။ 

Image may contain: one or more people

သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မရှိအောင် ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းတွင်း/ပြင်ကို ကျန်းမာရေး ဌာနမှ ဆေးလာရောက် ဖြုန်းပေးထားပြီး ကျောင်းသားများ မဲ့တစ်ပေါက်မစွန်းစေရအောင် ကျန်းမာရေး နှင့်အညီ ဆောင်ရွက်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

Latest Post News Tips Read 912 times