Sales Hotline : 09448001653       Download App



အလယ်တန်းပြ (ကာယပညာ) ဆရာ/ဆရာမသင်တန်းသားများခေါ်ယူ

** Unicode **

အခြေခံပညာကျောင်းများတွင် ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်းသားများကို ပညာရေးဝန်ကြီးဌာနက ခေါ်ယူထားပါတယ်။

သင်တန်းကို ဧပြီ (၂၇) ရက်မှ ဇွန်လ (၆) ရက်အထိ နေပြည်တော်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက အလယ်တန်းပြ (ကာယပညာ) ဆရာ/ဆရာမ အဖြစ်ခန့်အပ်မည်ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် လုပ်သက် အနည်းဆုံး (၂) နှစ်ရှိဘွဲ့တစ်ခုရရှိပြီးသူ အလယ်တန်းပြ၊ မူလတန်းကျောင်းအုပ်၊ မူလတန်းပြဆရာ/ဆရာမများကို ကာယပညာသင်ကြားရေးအတွက် သင်တန်းပို့ချမည်ဖြစ်ပါတယ်။

သင်တန်းဝင်ခွင့်လျှောက်လွှာကို တိုင်းဒေသကြီးနှင့်ပြည်နယ်ပညာရေးမှူးများမှ တစ်ဆင့်ဧပြီ (၃၀) ရက်နောက်ဆုံးလျှောက်ထားရမည်ဖြစ်ပါတယ်။

အမျိုးသားဖြစ်ပါက မတ်လ (၃၁)ရက်တွင် အသက် (၃၅) နှစ်နှင့်အောက်၊ အမျိုးသမီးဖြစ်ပါက အသက် (၃၀) နှစ်နှင့် အောက်လျှောက်ထားနိုင်ပြီး ဇွန်လ (၃၀) ရက်တွင် ပညာရေးဌာနလုပ်သက် (၂) နှစ်ပြည့်ရမည်ဖြစ်ပါတယ်။

ကာယပညာနှင့်အားကစားလုပ်ငန်းများကို စိတ်ပါဝင်စားသူဖြစ်ကြောင်းနှင့် ကာယပညာဆရာ/ဆရာမတစ်ဦးတွင် ရှိသင့်သည့် အားကစားအရည်အချင်းရှိကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိလက်ထောက်ညွှန်ကြားရေးမှူး (ကာယပညာ)များ၏ ထောက်ခံချက်ပါရှိရမည်ဖြစ်ပါတယ်။

Hair & Beauty (201) ဆံပင်နှင့် အလှအပသင်တန်းများနှင့် ပတ်သက်ပြီး (၂၀၁) ခုရှာရန်နှိပ်ပါ။

ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်းတက်ရောက်နိုင်သည့် ကျန်းမာမှုရှိကြောင်း ကျန်းမာရေးဌာနထောက်ခံချက် ပါရှိရမည်ဖြစ်ပါတယ်။

Read More:>>> "တက္ကသိုလ်အသီးသီးမှ ဆရာ/ဆရာမများကို အားလပ်ရက်ခံစားခွင့်ပေး"

လျှောက်ထားသူများကို ဧပြီ (၁) ရက်မှ (၇) ရက်အတွင်းသက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်သင်တန်းသား စိစစ်ရွေးချယ်ရေးကော်မတီများက ကြံ့ခိုင်စွမ်းငါးမျိုး (မီတာ-၁၀၀၊ ၄၀၀၊ ၈၀၀၊ လက်ထောက်တွန်းတင်၊ အိပ်ထမတင်၊ စုန်ဆုန်) စိစစ်ရွေးချယ်မည်ဖြစ်ပါတယ်။

Credit: 7Day News 

** Zawgyi **

အေျခခံပညာေက်ာင္းမ်ားတြင္ ကာယပညာႏွင့္ အားကစားအေျခခံနည္းျပသင္တန္းသားမ်ားကို ပညာေရးဝန္ႀကီးဌာနက ေခၚယူထားပါတယ္။

သင္တန္းကို ဧၿပီ (၂၇) ရက္မွ ဇြန္လ (၆) ရက္အထိ ေနျပည္ေတာ္တြင္ ဖြင့္လွစ္မည္ျဖစ္ၿပီး သင္တန္းၿပီးဆံုးပါက အလယ္တန္းျပ (ကာယပညာ) ဆရာ/ဆရာမ အျဖစ္ခန္႔အပ္မည္ျဖစ္ပါတယ္။

ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာနတြင္ လက္ရွိတာဝန္ထမ္းေဆာင္ေနသည့္ လုပ္သက္ အနည္းဆံုး (၂) ႏွစ္ရွိဘြဲ႔တစ္ခုရရွိၿပီးသူ အလယ္တန္းျပ၊ မူလတန္းေက်ာင္းအုပ္၊ မူလတန္းျပဆရာ/ဆရာမမ်ားကို ကာယပညာသင္ၾကားေရးအတြက္ သင္တန္းပို႔ခ်မည္ျဖစ္ပါတယ္။

သင္တန္းဝင္ခြင့္ေလ်ွာက္လႊာကို တိုင္းေဒသႀကီးႏွင့္ျပည္နယ္ပညာေရးမွဴးမ်ားမွ တစ္ဆင့္ဧၿပီ (၃၀) ရက္ေနာက္ဆံုးေလ်ွာက္ထားရမည္ျဖစ္ပါတယ္။

အမ်ိဳးသားျဖစ္ပါက မတ္လ (၃၁)ရက္တြင္ အသက္ (၃၅) ႏွစ္ႏွင့္ေအာက္၊ အမ်ိဳးသမီးျဖစ္ပါက အသက္ (၃၀) ႏွစ္ႏွင့္ ေအာက္ေလ်ွာက္ထားႏိုင္ၿပီး ဇြန္လ (၃၀) ရက္တြင္ ပညာေရးဌာနလုပ္သက္ (၂) ႏွစ္ျပည့္ရမည္ျဖစ္ပါတယ္။

ကာယပညာႏွင့္အားကစားလုပ္ငန္းမ်ားကို စိတ္ပါဝင္စားသူျဖစ္ေၾကာင္းႏွင့္ ကာယပညာဆရာ/ဆရာမတစ္ဦးတြင္ ရွိသင့္သည့္ အားကစားအရည္အခ်င္းရွိေၾကာင္း သက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိလက္ေထာက္ညႊန္ၾကားေရးမွဴး (ကာယပညာ)မ်ား၏ ေထာက္ခံခ်က္ပါရွိရမည္ျဖစ္ပါတယ္။

Hair & Beauty (201) ဆံပင္ႏွင့္ အလွအပသင္တန္းမ်ားႏွင့္ ပတ္သက္ျပီး (၂၀၁) ခုရွာရန္ႏွိပ္ပါ။

ကာယပညာႏွင့္အားကစားအေျခခံနည္းျပသင္တန္းတက္ေရာက္ႏိုင္သည့္ က်န္းမာမႈရွိေၾကာင္း က်န္းမာေရးဌာနေထာက္ခံခ်က္ ပါရွိရမည္ျဖစ္ပါတယ္။

Read More:>>> "တကၠသုိလ္အသီးသီးမွ ဆရာ/ဆရာမမ်ားကို အားလပ္ရက္ခံစားခြင့္ေပး"

ေလ်ွာက္ထားသူမ်ားကို ဧၿပီ (၁) ရက္မွ (၇) ရက္အတြင္းသက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ျပည္နယ္သင္တန္းသား စိစစ္ေရြးခ်ယ္ေရးေကာ္မတီမ်ားက ႀကံ႕ခိုင္စြမ္းငါးမ်ိဳး (မီတာ-၁၀၀၊ ၄၀၀၊ ၈၀၀၊ လက္ေထာက္တြန္းတင္၊ အိပ္ထမတင္၊ စုန္ဆုန္) စိစစ္ေရြးခ်ယ္မည္ျဖစ္ပါတယ္။

Credit: 7Day News 

News Tips Latest Post Read 6340 times