Sales Hotline : 09448001653       Download App



Pre-school ကျောင်းစအပ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

Pre-school ကျောင်းစအပ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

အားလုံးပဲ မင်္ဂလာပါရှင်...အခုပြောပြပေးသွားမယ့် အကြောင်းအရာကတော့ လူကြီးမင်းတို့၏ သားသား၊ မီးမီးလေးများအတွက်  Pre-school ကျောင်းစအပ်တော့မယ်ဆိုရင် သိထားဖို့လိုတဲ့အချက် (၆) ချက်ပဲ ဖြစ်ပါတယ်။

 

၁။  Pre-school ဆိုတာဘာလဲ။

Pre-school ကျောင်းဆိုတာကတော့ အသက် ၂ နှစ်ကနေ ၆နှစ်အတွင်းကလေးတွေ တက်လို့ရတဲ့ကျောင်းဖြစ်ပါတယ်။ ကလေးအများစုဟာ အသက် ၃ နှစ် နဲ့ ၄ နှစ်ကြားမှာ pre-school ကျောင်းတွေ စတက်ကြရပါတယ်။ တစ်ချို့ကလေးတွေကတော့ အသက်၂နှစ်ကျော်ကျော်လောက်ထဲက Pre-school ကျောင်းကိုစတက်ကြပါတယ်။ အဲ့ဒါပြီးရင်တော့ သူတို့ဟာ kindergarten ကိုစတက်ကြရပါတယ်။

၂။ Pre-school အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ။

Pre-school ကျောင်းတွေကို အမျိုးအစားအနေနဲ့ Private Pre-school, International Pre-school နဲ့ Local Pre-school ဆိုပြီး အမျိုးအစား သုံးမျိုးခွဲခြားထားပါတယ်။

၃။ Pre-school ကျောင်းတွေမှာ သင်ရိုးညွှန်းတမ်းတွေက ဘယ်လိုခွဲထားလဲ။ ဘာဘာသာစကားတွေနဲ့ သင်ကြားပေးလဲ။

Pre-school ကျောင်းတွေမှာ သင်ရိုးညွှန်းတမ်းတွေအလိုက် US Curriculum, UK Curriculum, Singapore Curriculum နဲ့ Burmese Curriculum ဆိုပြီးတော့ခွဲခြားထားပါတယ်။ ဘာသာစကားအနေနဲ့ ကျောင်းအများစု ကတော့ မြန်မာဘာသာစကား နဲ့ English ဘာသာစကားကို အသုံးပြုကြတာများပြီးတော့ တစ်ချို့ကျောင်းတွေက တရုတ်ဘာသာစကားပါအသုံးပြုကြတာကိုတွေ့ရပါတယ်။

၎။ Pre-school ကျောင်းရဲ့ stage တွေက ဘယ်နှစ်ဆင့်ရှိလဲ။

Pre school ကျောင်းတက်ပြီဆိုရင် Beginner, Pre 1, Pre 2 နဲ့ Pre KG ဆိုပြီး အဆင့် ၄ ဆင့် တက်ရပါတယ်။တစ်ချို့ကျောင်းတွေက Beginner, Pre 1, Pre 1 A, Pre 2 နဲ့ Pre KG ဆိုပြီး ၅ ဆင့် ခွဲခြားထားပါတယ်။ Pre-schoolကျောင်းတွေမှာ ကျောင်းတက်ချိန်ကတော့ ၂ နှစ်ကြာမြှင့်ပြီး တစ်ချို့ကျောင်းတွေကတော့ ၃ နှစ်ကြာတက်ရပါတယ်။

၅။ Pre-school ကျောင်းမှာ ဘာတွေ သင်ပေးလဲ။

Pre-school ကျောင်းတွေမှာ အဓိကအားဖြင့် မြန်မာစာ၊အင်္ဂလိပ်စာ၊သချာင်္ နဲ့ Science ဘာသာရပ်တွေ သင်ကြားပေးပါတယ်။ ဒါ့အပြင် တစ်ချို့ကျောင်းတွေက Computer ဘာသာရပ်နဲ့ အနုပညာဘာသာရပ်တွေကိုလည်း သင်ကြားပေးပါတယ်။

၆။ Pre-school ကျောင်းပေါင်း ဘယ်လောက်ရှိလဲ။

ရန်ကုန်မှာဆိုရင်တော့ international pre school တွေအနေနဲ့ဆိုရင်တော့ ၃၄ ကျောင်း ရှိပါတယ်။ Private Pre-school အနေနဲ့ဆိုရင်တော့ ၄၀၀ လောက်ရှိပါတယ်။ မန္တလေးမှာဆိုရင်တော့ Private Pre-school ကျောင်း ပေါင်း ၅၄ ကျောင်းလောက်ရှိပါတယ်။

ပညာရေးအတွက်ဆိုရင် EDGE ကို သတိရလိုက်ပါ။

 

International/Private Read 1034 times