Sales Hotline : 09448001653       Download App



KSM Pre-Kindergarten ဖွင့်ပွဲအခမ်းအနား

KSM Pre-Kindergarten ဖွင့်ပွဲအခမ်းအနား

ရန္ကုန္ပညာေရးတကၠသိုလ္မွ Diploma in ECCD ဘြဲ႔ရ ဆရာမႀကီးမ်ားဦးစီးေသာ KSM Pre-Kindergarten ဖြင့္ပြဲအခမ္းအနားတြင္ တည္ေထာင္သူ ဆရာဦးျမတ္ေကာင္း၊ ECCD Specialist မွ ဆရာဦးခန္႕ပိုင္ေအာင္၊ ေက်ာင္းအုပ္ဆရာမ စင္သီယာတို႕မွ မိန္႕ခြန္းအမွာစကားေျပာၾကားခဲ့ပါတယ္။
ေက်ာင္းခြဲဖြင့္လွစ္ခဲ့တာဟာ ယခုဆိုရင္ေတာ့ (၃) ေက်ာင္းေျမာက္ရွိပါၿပီ။ ယခုဖြင့္လွစ္လိုက္တဲ့ေက်ာင္းကေတာ့ ငါးထပ္ေက်ာင္းေဆာင္ျဖစ္ၿပီး ေျမာက္ဒဂံု၊ လိႈင္ၿမိဳ ႔နယ္တို႕တြင္လည္း ေက်ာင္းခြဲမ်ားရွိပါတယ္။


ကေလးအသက္ (၂)ႏွစ္အရြယ္မွ စတင္ထားႏိုင္ၿပီး အသက္ (၅) ႏွစ္အထိ လက္ခံေၾကာင္းသိရပါတယ္။
ကေလးမ်ားအတြက္ မိဘမ်ားမွ ထမင္းဘူးထည့္ေပးရန္မလိုဘဲ ေက်ာင္းမွ ကေလးမ်ားအတြက္ ေန႕စဥ္အာဟာရအတြက္ လိုအပ္တဲ့ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္ႏွင့္ ဟင္းရည္တို႕ကို မွ်တဖုိ႕အတြက္ ေန႕စဥ္ အသားဟင္း (၁)မ်ဳိး၊ အသီးအရြက္ (၁)မ်ဳိး၊ ဟင္းရည္ (၁) မ်ဳိးတုိ႕ကို ေက်ာင္းမွ က်န္းမာေရးႏွင့္ အညီ တစ္ပတ္စာအတြက္ စီစဥ္ထားရွိပါတယ္။

Art & Craft (50) ပန္းခ်ီႏွင့္ လက္မႈသင္တန္းမ်ားႏွင့္ပတ္သက္ျပီး သင္တန္း (50) ခု ရွာရန္ႏွိပ္ပါ။

 

A 2


ကေလးမ်ားအတြက္ တိတ္ဆိတ္တဲ့ပတ္ဝန္းက်င္ႏွင့္ ၿခံက်ယ္ရွိျခင္း၊ ေလဝင္ေလထြက္ေကာင္းၿပီး အလင္းေရာင္လံုေလာက္ၿပီး က်ယ္ဝန္းသန္႕ရွင္းတဲ့ စာသင္ခန္းမ်ား ရွိျခင္း၊ ကေလးငယ္မ်ား လံုၿခံဳစိတ္ခ်ေဘးကင္းေစရန္ စီစီတီဗီ မ်ားကို အခန္းတုိင္းတြင္ တပ္ဆင္ထားရွိျခင္း၊ ကေလးမ်ား သက္ေတာင့္သက္သာ သင္ယူႏိုင္ေစရန္ အခန္းတိုင္းတြင္ အဲယားကြန္းမ်ား တပ္ဆင္ေပးထားျခင္း၊ သင္ၾကားေရး အစီအစဥ္ကို တစ္လစာ၊ တစ္ပတ္စာအစီအစဥ္ျဖင့္ အပတ္စဥ္မိဘမ်ားကို ႀကိဳတင္အသိေပးၿပီးမွ သင္ၾကားေပးျခင္း၊ လစဥ္လတိုင္း ကေလးမ်ား၏ ဖြံ႔ၿဖိဳးတိုးတက္မႈမ်ားကို မိဘမ်ားကို အသိေပးျခင္း၊ ကေလးမ်ား လြတ္လြတ္လပ္လပ္ကစားဖုိ႕အတြက္ ကစားကြင္းထားရွိေပးျခင္း၊ "Lower Level Thinking" မွ "Higher Level Thinking" ဆီသို႕ ေရာက္ေအာင္ ေခၚေဆာင္သြားေပးႏိုင္တဲ့ နည္းလမ္းျဖစ္တဲ့ စာဖတ္ျခင္း၊ စာအုပ္မ်ားဖတ္ျပဖုိ႕အတြက္ စာၾကည့္တုိက္မ်ားထားရွိေပးျခင္း၊ ကေလးမ်ားအတြက္ ပံုမွန္က်န္းမာေရးစိစစ္ေဆးမႈကို (၁) လတစ္ႀကိမ္ ကိုယ္ပိုင္ဆရာဝန္ျဖင့္ စစ္ေဆးေပးျခင္းတို႕ကိုလည္း ျပဳလုပ္ေပးသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။


သင္တန္းေၾကးကေတာ့ ဝင္ဝင္ခ်င္း တစ္သိန္းခြဲ (စာရြက္စာတမ္းေၾကးအပါအဝင္) ျဖစ္ၿပီး ေနာက္လဆိုရင္ေတာ့ တစ္လ တစ္သိန္းႏွစ္ေသာင္းက်သင့္မွာျဖစ္ပါတယ္။ ကေလးမ်ားကို ဖြံ႔ၿဖိဳးမႈ ဧရိယာ (၈) ရပ္ကိုေရွးရႈထားၿပီး ကစားရင္းသင္ယူမႈျဖင့္သင္ၾကားျခင္း၊ အေတြ႔အႀကံဳအားျဖင့္ သင္ယူျခင္းတုိ႕ကို ထိေရာက္ေစမယ့္ သင္ၾကားနည္းမ်ားအား စနစ္တက်ေလ့က်င့္ေပးထားေသာ အေတြ႔အႀကံဳရွိ ဆရာမမ်ားထံမွ သင္ယူႏိုင္မွာျဖစ္ပါတယ္။

 

A 4

 

Cooking (for hobby) (8) အခ်က္အျပဳတ္ သင္တန္းမ်ားႏွင့္ပတ္သက္ျပီး သင္တန္းရွာရန္ႏွိပ္ပါ။


ေက်ာင္းခြဲ (၁) အမွတ္ (၁၂၃၅)၊ ပိေတာက္ၿမိဳင္ (၅)လမ္း၊ (၃၄) ရပ္ကြက္၊ ေျမာက္ဒဂံုၿမိဳ ႔နယ္။ 09-789907068၊ 09-788907078


ေက်ာင္းခြဲ (၂) အမွတ္ (၅၃/ခ)၊ စကားဝါလမ္း (၅) ရပ္ကြက္၊ လိႈင္ၿမိဳ ႔နယ္။ 09-770612382၊ 09-770612383


ေက်ာင္းခြဲ (၃) အမွတ္ (၁၇၃)၊ (၁) ရပ္ကြက္၊ ဗဟိုလမ္းမႀကီး၊ ကမာရြတ္ၿမိဳ ႔နယ္။ 09-797169497၊ 09-797166597

 

A 6

 

(www.edge.com.mm)

 

**Unicode**

 

ရန်ကုန်ပညာရေးတက္ကသိုလ်မှ Diploma in ECCD ဘွဲ့ရ ဆရာမကြီးများဦးစီးသော KSM Pre-Kindergarten ဖွင့်ပွဲအခမ်းအနားတွင် တည်ထောင်သူ ဆရာဦးမြတ်ကောင်း၊ ECCD Specialist မှ ဆရာဦးခန့်ပိုင်အောင်၊ ကျောင်းအုပ်ဆရာမ စင်သီယာတို့မှ မိန့်ခွန်းအမှာစကားပြောကြားခဲ့ပါတယ်။
ကျောင်းခွဲဖွင့်လှစ်ခဲ့တာဟာ ယခုဆိုရင်တော့ (၃) ကျောင်းမြောက်ရှိပါပြီ။ ယခုဖွင့်လှစ်လိုက်တဲ့ကျောင်းကတော့ ငါးထပ်ကျောင်းဆောင်ဖြစ်ပြီး မြောက်ဒဂုံ၊ လှိုင်မြို့နယ်တို့တွင်လည်း ကျောင်းခွဲများရှိပါတယ်။


ကလေးအသက် (၂)နှစ်အရွယ်မှ စတင်ထားနိုင်ပြီး အသက် (၅) နှစ်အထိ လက်ခံကြောင်းသိရပါတယ်။
ကလေးများအတွက် မိဘများမှ ထမင်းဘူးထည့်ပေးရန်မလိုဘဲ ကျောင်းမှ ကလေးများအတွက် နေ့စဉ်အာဟာရအတွက် လိုအပ်တဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ဟင်းရည်တို့ကို မျှတဖို့အတွက် နေ့စဉ် အသားဟင်း (၁)မျိုး၊ အသီးအရွက် (၁)မျိုး၊ ဟင်းရည် (၁) မျိုးတို့ကို ကျောင်းမှ ကျန်းမာရေးနှင့် အညီ တစ်ပတ်စာအတွက် စီစဉ်ထားရှိပါတယ်။

Art & Craft (50) ပန်းချီနှင့် လက်မှုသင်တန်းများနှင့်ပတ်သက်ပြီး သင်တန်း (50) ခု ရှာရန်နှိပ်ပါ။

 

A 2


ကလေးများအတွက် တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်နှင့် ခြံကျယ်ရှိခြင်း၊ လေဝင်လေထွက်ကောင်းပြီး အလင်းရောင်လုံလောက်ပြီး ကျယ်ဝန်းသန့်ရှင်းတဲ့ စာသင်ခန်းများ ရှိခြင်း၊ ကလေးငယ်များ လုံခြုံစိတ်ချဘေးကင်းစေရန် စီစီတီဗီ များကို အခန်းတိုင်းတွင် တပ်ဆင်ထားရှိခြင်း၊ ကလေးများ သက်တောင့်သက်သာ သင်ယူနိုင်စေရန် အခန်းတိုင်းတွင် အဲယားကွန်းများ တပ်ဆင်ပေးထားခြင်း၊ သင်ကြားရေး အစီအစဉ်ကို တစ်လစာ၊ တစ်ပတ်စာအစီအစဉ်ဖြင့် အပတ်စဉ်မိဘများကို ကြိုတင်အသိပေးပြီးမှ သင်ကြားပေးခြင်း၊ လစဉ်လတိုင်း ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို မိဘများကို အသိပေးခြင်း၊ ကလေးများ လွတ်လွတ်လပ်လပ်ကစားဖို့အတွက် ကစားကွင်းထားရှိပေးခြင်း၊ "Lower Level Thinking" မှ "Higher Level Thinking" ဆီသို့ ရောက်အောင် ခေါ်ဆောင်သွားပေးနိုင်တဲ့ နည်းလမ်းဖြစ်တဲ့ စာဖတ်ခြင်း၊ စာအုပ်များဖတ်ပြဖို့အတွက် စာကြည့်တိုက်များထားရှိပေးခြင်း၊ ကလေးများအတွက် ပုံမှန်ကျန်းမာရေးစိစစ်ဆေးမှုကို (၁) လတစ်ကြိမ် ကိုယ်ပိုင်ဆရာဝန်ဖြင့် စစ်ဆေးပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။


သင်တန်းကြေးကတော့ ဝင်ဝင်ချင်း တစ်သိန်းခွဲ (စာရွက်စာတမ်းကြေးအပါအဝင်) ဖြစ်ပြီး နောက်လဆိုရင်တော့ တစ်လ တစ်သိန်းနှစ်သောင်းကျသင့်မှာဖြစ်ပါတယ်။ ကလေးများကို ဖွံ့ဖြိုးမှု ဧရိယာ (၈) ရပ်ကိုရှေးရှုထားပြီး ကစားရင်းသင်ယူမှုဖြင့်သင်ကြားခြင်း၊ အတွေ့အကြုံအားဖြင့် သင်ယူခြင်းတို့ကို ထိရောက်စေမယ့် သင်ကြားနည်းများအား စနစ်တကျလေ့ကျင့်ပေးထားသော အတွေ့အကြုံရှိ ဆရာမများထံမှ သင်ယူနိုင်မှာဖြစ်ပါတယ်။

 

A 4


Cooking (for hobby) (8) အချက်အပြုတ် သင်တန်းများနှင့်ပတ်သက်ပြီး သင်တန်းရှာရန်နှိပ်ပါ။


ကျောင်းခွဲ (၁) အမှတ် (၁၂၃၅)၊ ပိတောက်မြိုင် (၅)လမ်း၊ (၃၄) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။ 09-789907068၊ 09-788907078


ကျောင်းခွဲ (၂) အမှတ် (၅၃/ခ)၊ စကားဝါလမ်း (၅) ရပ်ကွက်၊ လှိုင်မြို့နယ်။ 09-770612382၊ 09-770612383


ကျောင်းခွဲ (၃) အမှတ် (၁၇၃)၊ (၁) ရပ်ကွက်၊ ဗဟိုလမ်းမကြီး၊ ကမာရွတ်မြို့နယ်။ 09-797169497၊ 09-797166597

 

A 6


(www.edge.com.mm)

 

 

International/Private Read 1980 times