Sales Hotline : 09448001653       Download App



Pre-school နဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာများ

Pre-school နဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာများ

အားလုံးပဲမင်္ဂလာပါရှင်...

အခုပြောပြပေးသွားမယ့် အကြောင်းအရာကတော့ လူကြီးမင်းတို့၏ သားသား၊ မီးမီးလေးတို့အတွက် Pre-school နဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာများပဲ ဖြစ်ပါတယ်။

ကလေးတွေအတွက် ပထမဆုံးကျောင်းဖြစ်တဲ့ Pre-school ကျောင်းဟာ ကျောင်းတက်ဖို့အတွက် အခြေခံဖြစ်တဲ့အပြင် ကျောင်းစာကို သင်ကြားပေးရုံသာမကဘဲနဲ့ လူနေမှု ဘ၀တွေမှာ လိုအပ်တဲ့အရည်အချင်းများ၊ သိမှတ်ဖွယ်ရာ များကိုသင်ကြားပေးတဲ့နေရာဖြစ်တဲ့အတွက်ကြောင့် pre-school ကျောင်းတွေက အရေးကြီးပါတယ်။

ဒါကြောင့်မို့လို့ ကိုယ့်ကလေးတွေကို Pre-school ကျောင်းစထားရတော့မယ်ဆိုရင် မိဘတွေအနေနဲ့ မှန်ကန်တဲ့ကျောင်းကို ရွေးချယ်နိုင်ဖို့က အရေးကြီးပါတယ်။

မြန်မာ့ပညာရေးလမ်းညွှန်  website ဆိုတာကတော့ မြန်မာနိုင်ငံရဲ့ပညာရေးနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်မှန်သမျှကို တစ်နေရာထဲစုစည်းဖော်ပြနေတဲ့ Website တစ်ခုဖြစ်ပါတယ်။

မိဘတွေ အနေနဲ့ ကိုယ့်ကလေးတွေကို ကျောင်းထားဖို့ စတင်စုံစမ်းမယ် ဆိုရင်တော့ မြန်မာ့ပညာရေးလမ်းညွှန် website ကနေ စုံစမ်းတာအကောင်းဆုံးဖြစ်ပါတယ်။ EDGE website မှာဆိုရင် ပညာရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို ကြည့်ရှုနိုင်တဲ့အပြင် ကိုယ်စုံစမ်းချင်တဲ့ ကျောင်းတွေကို အမျိုးအစားအလိုက် ရှာဖွေကြည့်ရှုနိုင်ပါတယ်။

ဒါ့အပြင် ကျောင်းတွေရဲ့ အချက်အလက်တွေကိုလည်း မြို့နယ်အလိုက် ဖော်ပြပေးထားပါတယ်။ရန်ကုန်တစ်မြို့လုံးမှာဆိုရင် private pre-school ကျောင်းပေါင်း 400 ရှိပါတယ်။

လှိုင်သာယာနဲ့ မရမ်းကုန်မြို့နယ် မှာ ကျောင်းပေါင်း 29 ကျောင်းရှိပြီး Private Pre-school အများဆုံးတည်ရှိတဲ့ မြို့နယ်များအဖြစ် တွေ့နိုင်ပါတယ်။

ကမာရွတ်မြို့နယ်မှာဆိုရင် Private Pre-school ကျောင်းပေါင်း ၈ ကျောင်းရှိတာမှာ Myanmar Orchard Pre-school ကျောင်းကို နမူနာအဖြစ် တင်ပြလိုပါတယ်။

အဲဒီကျောင်းဟာဆိုရင်တော့ ကမာရွတ်မြို့နယ်မှာ တည်ရှိတဲ့ Private Pre-school တစ်ခုဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကျောင်းသားကျောင်းသူ ၄၂ ယောက်ကို ပညာသင်ကြားပေးလျက်ရှိပါတယ်။

Myanmar Orchard Pre-school မှာ ကလေးတွေရဲ့အသက်အရွယ်အလိုက် Pre-Nursery, Nursery နဲ့ Foundation ဆိုပြီး ၃ မျိုးခွဲခြားထားပါတယ်။

2 နှစ်ခွဲကနေ ၃နှစ်ကတော့ Pre-Nursery ဖြစ်ပါတယ်။ ၃နှစ်ကနေ ၄နှစ်အထိကတော့ Nursery ဖြစ်ပြီး ၄ နှစ်ကနေ ၅ နှစ်ကတော့ Foundation အဆင့်ပဲဖြစ်ပါတယ်။ ကျောင်းရဲ့ကျောင်းတက်ရက်တွေကတော့ တနလာင်္နေ့ ကနေ သောကြာနေ့ အထိ ဖြစ်ပါတယ်။ Pre-Nursery school ရဲ့ ကျောင်းတက်ချိန်ကတော့ 9:30 ကနေ 12:30 အထိဖြစ်ပြီးတော့ Nursery နဲ့ Foundation အတန်းတွေကတော့ 9 နာရီကနေ 12 နာရီအထိ တစ်ချိန်၊ 9 နာရီကနေ 3 နာရီ အထိ တစ်ချိန် စုစုပေါင်း နှစ်ချိန်ရှိပါတယ်။

Myanmar Orchard Pre-school မှာ ကလေးတွေအတွက် လိုအပ်တဲ့ သင်ကြားမှု အထောက်အကူပြုပစ္စည်းများ၊ Facilities များကိုလည်း ပြည့်စုံစွာ ထားရှိပေးထားပါတယ်။ Myanmar Orchard Pre-school ကျောင်းဟာဆိုရင် Pre-school စတက်မယ့် ကလေးတွေအတွက် ရွေးချယ်သင့်တဲ့ကျောင်းတွေထဲမှာ ပါဝင်ပါတယ်။

ဒါ့အပြင် Private school ကိုမှ ထားချင်တဲ့ ကလေးမိဘတွေအတွက်လည်း အဆင်ပြေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

အခုပြောပြပေးခဲ့တာကတော့ Private Pre-school နဲ့ပတ်သက်တဲ့ သိမှတ်ဖွယ်ရာများပဲဖြစ်ပါတယ်။နောက် video မှာဆိုရင်တော့ International Pre-school တွေနဲ့ပတ်သက်တဲ့ ဗဟုသုတရဖွယ်၊ သိမှတ်ဖွယ်ရာများကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ပညာရေးအတွက်ဆိုရင် EDGE ကို သတိရလိုက်ပါ။ တစ်နေ့ ၂၄ နာရီ internet မှာ အသင့်ရှိပေးနေပါတယ်။ Playstore မှာ updated version EDGE App ကို အခုပဲ ရယူလိုက်ပါ။

https://play.google.com/store/apps/details?id=com.mmrd.educationdirectory&fbclid=IwAR07SmQbMjNQ0_RkOIkZDt5ereOKsnSW-5PKR4L1ABEoXueiJ6rDxUsGjoY

International/Private Read 758 times