ဆယ်တန်း ​ဖြေဆိုပြီးကာစ ညီငယ်၊ ညီမငယ်များသို့ အကြံပြုချက် (၅) ချက်

ဆယ်တန်း ​ဖြေဆိုပြီးကာစ ညီငယ်၊ ညီမငယ်များသို့ အကြံပြုချက် (၅) ချက်

အမြဲတမ်း ​လေ့လာသင်​ယူသူအဖြစ် မိမိကိုယ်ကို ခံယူထားပါ။ အချိန်​တိုင်း၊​ နေရာတိုင်း အဖြစ်​အပျက်​တိုင်းက​နေ သင်​ယူပါ။

၂. စာဖတ်ပါ။

နေ့စဉ်​နေ့တိုင်း စာဖတ်​တဲ့အကျင့် ပျိုးထောင်ပါ။ လူမှုဆက်​ဆံ​ရေး၊​ ဖျော်​​ဖြေတင်​ဆက်​မှုစွမ်းရည်​၊ လူထုကိုစကား​ပြောတဲ့စွမ်းရည်​၊ ​ခေါင်း​ဆောင်​မှုပညာ၊ ကိုယ်​အမူအရာဘာသာစကား၊ ဘာသာရေးစာအုပ်စာပေများ စတဲ့ ပညာရပ်​​တွေနဲ့ပတ်​သက်​တာ မှန်​သမျှ online သို့မဟုတ် စာအုပ်​​တွေက​နေ ရှာဖတ်ပါ။

လိုချင်​တဲ့ပညာရပ်​အားလုံးနီးပါး စာအုပ်​​တွေထဲမှာ ရှိပါတယ်​။ ဖတ်​ပါ၊ မှတ်​ပါ၊လိုက်​နာကျင့်​သုံးပါ။

၃. သမရိုးကျလမ်း​ဟောင်း​တွေကို မလိုက်​ပါနဲ့။

ဆန်းသစ်​တီထွင်မှုတွေ ပြုလုပ်ပါ။ သူများပြုလုပ်နေတဲ့ နည်းလမ်းတွေကို အသုံးချပြီး မလုပ်ပါနဲ့။ ကိုယ်ပိုင်နည်းလမ်းဖြင့် ​ဖောက်​ထွက်​နိုင်​​အောင်​ အမြဲ ကြိုးစားပါ။ ဘယ်​အ​ခြေအ​နေမှာပဲဖြစ်​ဖြစ်​ လက်​ရှိအ​ခြေအ​နေ လက်​ရှိ​အောင်​မြင်​မှုကို ဘယ်​​တော့မှ ​ကျေနပ်​မ​နေပါနဲ့။ ဒီထက်ပိုတိုးတက်အောင် ဘာလုပ်ရမလဲဆိုတဲ့အတွေးတစ်ခုကို အမြဲတွေးတောပါ။

၎. Online အသုံးပြုပါ။

နေ့စဉ်အွန်လိုင်းသုံးပြီး ကိုယ်​လိုချင်​တဲ့ ပညာရပ်​ဆိုင်​ရာ သင်​ခန်းစာ​တွေ ရှာနိုင်ပါတယ်။ Facebook မှာ Google မှာ ကိုယ်​သိချင်​တာ ရိုက်​ရှာကြည့်​ပါ။ အများကြီးပါပဲ။ အင်္ဂလိပ်စာနှင့်ပတ်သက်ပြီး တိုးတက်ချင်ရင်လည်း အွန်လိုင်းသုံးပြီး English Movie တွေ ရှာဖွေ ကြည့်ရှုခြင်းဖြင့် English Skill လည်းတိုးတက်​သလို ကိုယ်​ရည်​ကိုယ်​​သွေး ​တွေပါ မြင့်​တက်​လာပါလိမ့်မယ်​။

၅. အောင်မြင်မှုရှိသော အရာကို ရွေးချယ်ပါ။

မိမိဘ၀တိုးတက်ဖို့ဆိုရင် အရောက်လှမ်းချင်တဲ့ ပန်းတိုင်​ကို ​သေချာ ချမှတ်​ပါ။ အဲဒီပန်းတိုင်ဆီသို့ ဦးတည်​​လျှောက်​လှမ်းပါ။ အခက်​အခဲ​တွေ စိတ်​ပျက်​စရာ​တွေနဲ့ ကြုံတိုင်း အဲဒီပန်းတိုင်​ကိုသာ ဘယ်​လို​ကျော်​ဖြတ်​ရမလဲသာ စဉ်းစားပါ။အခက်​အခဲဆိုတာ လက်​​မြှောက်​အရှုံး​ပေးဖို့ မဟုတ်​ပါဘူး။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Tips Read 3112 times