Sales Hotline : 09448001653       Download App



မိဘတွေ မိမိတို့သားသမီးနောင်ရေးအတွက် တွေးရခက်နေသော မေးခွန်းများ???

မိဘတွေ မိမိတို့သားသမီးနောင်ရေးအတွက် တွေးရခက်နေသော မေးခွန်းများ???

အစိုးရကျောင်းပဲထားရမလား၊ပုဂ္ဂလိကကျောင်းပဲထားရမလား တွေးတောစရာဖြစ်နေနိုင်ပါတယ်။မိဘတိုင်း

သည်အဓိက မိမိတို့၏ပံ့ပိုးမှုပေါ် မူတည်သည်ဟုထင်မှတ်ကြသည်။

အစိုးရကျောင်းများသည် ကုန်ကျစရိတ်သက်သာကြသည်။ ပုဂ္ဂလိကကျောင်းများသည် ကျောင်း၏အရည်

အသွေး၊သင်ကြားသည့်ဆရာများ၏ အရည်အချင်းမြင့်မားမှု၊ထောက်ပံ့ရေးပြည့်ဝမှု၊သင်ထောက်ကူပစ္စည်း

အသုံးပြုမှု အစရှိသည်တို့ဖြင့် ရှိကြရာ ကျောင်းစရိတ်အကုန်ကျများနိုင်သည်။

တချို့သောပုဂ္ဂလိကကျောင်းများသည် သင်ကြားသည့်ဆရာများမှ နိုင်ငံခြားကသာဖြစ်နေသည်။ မြန်မာဆရာ

များမှာလက်ထောက်လောက်သာရှိနေသည်။ ဥပမာ-(ILBC , ISY)

အဲ့လိုကျောင်းမျိုးထားဖို့အဆင်ပြေတဲ့ မိဘတွေစဉ်းစားစရာရှိနေပါတယ်။ မြန်နိုင်ငံမှာ ဖွင့်လှစ်တိုင်း မြန်မာသင်

ရိုးအတိုင်းသင်တာမဟုတ်ပြန်ဘူး။အမေရိကန်ကလာဖွင့်တာဆို အမေရိကန်သင်ရိုး၊ စင်ကာပူကလာဖွင့်တာ

ဆိုစင်ကာပူသင်ရိုး၊တချို့ကျောင်းတွေဆို နေရာအသစ်မှာ သင်ရိုးသစ်ပြန်လုပ်တာရှိတယ်။ စာသင်ခန်းအသွင်

အပြင်၊ဆရာအင်အား၊ တစ်ခန်းမှာကျောင်းသားဦးရေကဘယ်လောက်ရှိနေနိုင်လဲ၊အားလပ်ချိန်တွေမှာ မိမိတို့ကလေးတွေကို

ဘယ်လိုမျိုး စိတ်ဝင်စားဖွယ်လှုပ်ရှားမှုတွေရှိလဲ၊ဂီတ၊အက၊အဆို၊ကိုယ်ခံပညာ လူတွေကြားမှာ သွက်လက်စေ

မယ့်၊ အရာဝင်စေမယ့်အရာမျိုးလေးတွေပါလား လေ့လာရပါအုံးမယ်။

ဒီထက်အရေးကြီးတာက သင်ကြားရေးအပိုင်းပါ။အင်္ဂလိပ်လိုပဲသင်မှာလား?မြန်မာလိုသင်မှာလား?ကလေး

လိုက်နိုင်ပါ့မလား?တချို့ကအင်္ဂလိပ်လိုပဲသင်တယ် နောက်ပိုင်းပြောတတ်ဆိုတတ်အောင် တခါတည်းလေ့ကျင့်

ပေးတဲ့သဘောပါ။အဲ့တော့မိဘတွေက ကလေးစာလိုက်နိုင်လား၊ကျူရှင်ယူပေးဖို့လိုသေးလားပေါ့။မိဘမအားတာ

ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ကလေးကိုဂရုမစိုက်နိုင်ရင် အပြင်ကျူရှင်ယူပေးရတာများတယ်။

အတန်းငယ်လေးတွေက ဈေးက(၁)သိန်းဝန်းကျင်လောက်သွားတယ်။ကျောင်းမှာအခြား Excursion လေ့လာ

ရေးခရီးတွေထွက်တာတွေအတွက်လဲ ကုန်ကျစရိတ်ရှိသေးတယ်။အင်္ဂလိပ်ကျောင်းတွေကမြန်မာစာ အရမ်း

အားနည်းတဲ့အတွက် မြန်မာစာသီးသန့်ပြန်ခေါ်ရတာမျိုးရှိသေးတယ်။

International School မှာပဲ ထားမယ်ဆုံးဖြတ်ချက်ရှိရင် စဉ်းစားစရာက တက္ကသိုလ်စာမေးပွဲ

IGCSE အောင်ရင်နိုင်ငံခြားမှာတက္ကသိုလ်ဆက်ထားနိုင်မလားဆိုတာပါ။

ဒီတော့မြန်မာကျောင်းကိုလည်း အတန်းယူကြပြန်တယ်။ ကလေးလိုက်နိုင်ရဲ့လား အသက်အရွယ်နဲ့မျှရဲ့လား

ဦးနှောက်ကလက်ခံနိုင်စွမ်းရှိလားသိဖို့လဲလိုအပ်သေးတယ်။

ကလေးတွေကိုပညာဆုံးခန်းတိုင်အောင် International School မှာထားနိင်တဲ့အတိုင်းတာရှိရဲ့လား၊

တက္ကသိုလ်ပါနိုင်ငံခြားမှာ ထားနိုင်တယ်ဆိုသိပ်ကိုကောင်းမွန်ပါတယ်။စဉ်းစားတတ်လာမယ်၊ကိုယ်ပိုင်ယုံ

ကြည်ချက်ရှိမယ်၊ပြောရဲဆိုရဲမယ် အစရှိသဖြင့်အတွေ့ကြုံကောင်းတွေအများကြီးရနိုင်ပါတယ်။

အစိုးရကျောင်းမှာပဲ ထားမယ်ဆိုရင် မိမိသုံးစွဲနိုင်တဲ့ပမာဏပေါ် မူတည်ပြီးသားပါ။အစိုးရကျောင်းကတော့

ပြဌာန်းထားတဲ့ သင်ရိုးပဲသင်တာပါ။

အမှတ်နည်းရင်မိဘတွေကို ကျောင်းအုပ်ကခေါ်တွေ့မယ်၊လက်မှတ်ထိုးခိုင်းမယ် ဖိအားတွေတော့ရှိလာနိုင်

တယ် စာလိုက်မလုပ်တဲ့ကလေးများအတွက်ပါ။မေးတဲ့မေးခွန်းကို ဖြေတတ်ရင်ပြီးတယ် ကျန်တဲ့တွေးခေါ်ပိုင်း

သိပ်မသင်ကြားပေးကြဘူး။

တော်တော်များများ မြန်မာကျောင်းကလေးတွေက စာမေးရင်သိပ်မဖြေနိုင်ကြဘူး ရှက်နေသလို၊မှားရင်အဆူ

ခံရမှာကြောက်နေသလို အမျိုးမျိုးရှိနေနိုင်ပါတယ်။သူတို့ကိုသူတို့ယုံကြည်မှုအားနည်းနေကြတယ်။

မိဘများအနေနဲ့မိမိတတ်နိုင်တဲ့ အနေထားပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ခိုင်ခိုင်ချစေချင်ပါတယ်။

အစိုးရကျောင်းထားပြီး အားလပ်ရက်တွေမှာ မိမိတို့တတ်နိုင်တဲ့သင်တန်းမျိုးထားပေးတာကလဲ

အကျိုးရှိနိုင်ပါတယ်။ဆယ်တန်းပြီးတဲ့အချိန်၊ဒါမှမဟုတ် ဘွဲ့ရတဲ့အချိန်မျိုးမှာတော့ English ကောင်းနေစေချင်

တယ်။ လုပ်ငန်းခွင်ပဲဖြစ်ဖြစ် ၊ ကျောင်းဆက်တက်တာပဲဖြစ်ဖြစ် အသုံးချရနိုင်အောင်လို့ပါ။ဒါဆိုရင် အကုန်ကျ

သိပ်မများပဲ မြန်မာတက္ကသိုလ်ဘွဲ့လဲရမယ် ဘာသာစကားတစ်ခုလဲကျွမ်းကျင်ပြီးသားဖြစ်သွားမယ်၊

တတ်နိုင်ရင် ဝင်ခွင့်တွေဖြေပြီးနိုင်ငံခြားမှာလဲကျောင်းဆက်တက်နိုင်ပါလိမ့်မယ်။

Tips Read 1799 times