Sales Hotline : 09448001653       Download App



ဆရာ/ဆရာမ အင်အား နှစ်သောင်းကျော်ဖြင့် အဖြေလွှာစစ်ဆေးမည်

** Unicode **

တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပြီးစီးပါက တက္ကသိုလ်ဆယ်ခုတွင် စာစစ်လုပ်ငန်းများကို ဆရာ/ဆရာမနှစ်သောင်းကျော်က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးဌာနထံမှသိရပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲများသည် မတ်လ (၂၀) ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ရာ စာစစ်ခြင်းလုပ်ငန်းများကို မတ်လ နောက်ဆုံးပတ်တွင် စတင်ပြုလုပ်မည်ဖြစ်ပြီး ဆရာ/ဆရာမများကို ကျန်းမာရေးစောင့်ရှောက်မှုများပေးရန်ကျန်းမာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းထားကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

နှစ်သောင်းမှ သုံးသောင်းဝန်းကျင်ခန့်ရှိသောအတိုင်းအတာကြောင့်  တက္ကသိုလ်ဆရာ တစ်ယောက်ကို အဖြေလွှာ ငါးထောင်ပေးပြီး ဦးစီးပြီး စစ်ဆေးရမည်ဖြစ်ပါတယ်။

လူစုလူဝေး စုစည်း၍ စစ်တာမျိုးမဟုတ်သည့်အတွက် ကျန်းမာရေးအရလည်း အဆင်ပြေမှာဖြစ်ပါတယ်။

၎င်းစာစစ်လုပ်ငန်းမှာ သာမန်စာမေးပွဲ တာဝန်များနှင့် မတူညီဘဲ တစ်နိုင်ငံလုံးရှိ ဆရာ/ဆရာမများ ထောင်နှင့်ချီ၍ တစ်နေရာတည်းတွင် စုဝေးဆောင်ရွက်ရသော လုပ်ငန်းဖြစ်သဖြင့် စာစစ်တာဝန်များကို သတ်မှတ်ကာလတွင် ဆောင်ရွက်ခြင်းမပြုဘဲ ပြန်လည်စဉ်းစားသုံးသပ်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်နှင့် တက္ကသိုလ်ဆရာ/ဆရာမများအသင်းများကိုယ်စားပြုကော်မတီတို့က မတ်လ (၁၈) ရက်နေ့တွင် တညီတညွှတ်တည်း ထုတ်ပြန်ထားပါတယ်။

Read More:>>>>  ၂၀၂၀ ျပည့္ႏွစ္ တကၠသိုလ္ဝင္တန္း ေမးခြန္းမ်ားအျပည့္အစုံ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ရန်အတွက် မြန်မာအစိုးရက လူစုလူဝေးဖြင့် ကျင်းပသည့် ပွဲအခမ်းအနားကို ရပ်ဆိုင်းရန် အမိန့်ထုတ်ထားပြီးအစိုးရ ပုဂ္ဂလိကကျောင်းများ၏ သင်တန်းများ၊ ပွဲများ ပြုလုပ်ခြင်းကို ရပ်ဆိုင်းရန် ညွှန်ကြားထားသည့်အတွက် သင်ရိုးသစ်သင်တန်းများကိုလည်း ရပ်ဆိုင်းထားရပါတယ်။

Bakery Training (18) မုန္႔ဖုတ္သင္တန္းမ်ားႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

ယခုနှစ်တွင် ဖြေဆိုလျက်ရှိသည့် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား/သူကိုးသိန်းကျော် ဝင်ရောက်ဖြေဆိုလျက်ရှိပါတယ်။

Credit: The Voice
(www.edge.com.mm)

 

** Zawgyi **

တကၠသုိလ္ဝင္စာေမးပြဲ က်င္းပၿပီးစီးပါက တကၠသုိလ္ဆယ္ခုတြင္ စာစစ္လုပ္ငန္းမ်ားကို ဆရာ/ဆရာမႏွစ္ေသာင္းေက်ာ္က တာဝန္ယူေဆာင္ရြက္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးဌာနထံမွသိရပါတယ္။

တကၠသုိလ္ဝင္စာေမးပြဲမ်ားသည္ မတ္လ (၂၀) ရက္ေန႔တြင္ ၿပီးဆံုးမည္ျဖစ္ရာ စာစစ္ျခင္းလုပ္ငန္းမ်ားကို မတ္လ ေနာက္ဆံုးပတ္တြင္ စတင္ျပဳလုပ္မည္ျဖစ္ၿပီး ဆရာ/ဆရာမမ်ားကို က်န္းမာေရးေစာင့္ေရွာက္မႈမ်ားေပးရန္က်န္းမာေရး ဝန္ႀကီးဌာနႏွင့္ ညွိႏႈိင္းထားေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

ႏွစ္ေသာင္းမွ သံုးေသာင္းဝန္းက်င္ခန္႔ရွိေသာအတိုင္းအတာေၾကာင့္  တကၠသုိလ္ဆရာ တစ္ေယာက္ကို အေျဖလႊာ ငါးေထာင္ေပးၿပီး ဦးစီးၿပီး စစ္ေဆးရမည္ျဖစ္ပါတယ္။

လူစုလူေဝး စုစည္း၍ စစ္တာမ်ိဳးမဟုတ္သည့္အတြက္ က်န္းမာေရးအရလည္း အဆင္ေျပမွာျဖစ္ပါတယ္။

၄င္းစာစစ္လုပ္ငန္းမွာ သာမန္စာေမးပြဲ တာဝန္မ်ားႏွင့္ မတူညီဘဲ တစ္ႏိုင္ငံလံုးရွိ ဆရာ/ဆရာမမ်ား ေထာင္ႏွင့္ခ်ီ၍ တစ္ေနရာတည္းတြင္ စုေဝးေဆာင္ရြက္ရေသာ လုပ္ငန္းျဖစ္သျဖင့္ စာစစ္တာဝန္မ်ားကို သတ္မွတ္ကာလတြင္ ေဆာင္ရြက္ျခင္းမျပဳဘဲ ျပန္လည္စဥ္းစားသံုးသပ္ရန္အတြက္ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ဆရာ/ဆရာမမ်ားအဖြဲ႔ခ်ဳပ္နွင့္ တကၠသုိလ္ဆရာ/ဆရာမမ်ားအသင္းမ်ားကိုယ္စားျပဳေကာ္မတီတို႔က မတ္လ (၁၈) ရက္ေန႔တြင္ တညီတညႊတ္တည္း ထုတ္ျပန္ထားပါတယ္။

Read More:>>>>  ၂၀၂၀ ျပည့္ႏွစ္ တကၠသိုလ္ဝင္တန္း ေမးခြန္းမ်ားအျပည့္အစုံ

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈကို ကာကြယ္ရန္အတြက္ ျမန္မာအစိုးရက လူစုလူေဝးျဖင့္ က်င္းပသည့္ ပြဲအခမ္းအနားကို ရပ္ဆိုင္းရန္ အမိန္႔ထုတ္ထားၿပီးအစိုးရ ပုဂၢလိကေက်ာင္းမ်ား၏ သင္တန္းမ်ား၊ ပြဲမ်ား ျပဳလုပ္ျခင္းကို ရပ္ဆိုင္းရန္ ညႊန္ၾကားထားသည့္အတြက္ သင္ရိုးသစ္သင္တန္းမ်ားကိုလည္း ရပ္ဆိုင္းထားရပါတယ္။

Bakery Training (18) မုန္႔ဖုတ္သင္တန္းမ်ားႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

ယခုႏွစ္တြင္ ေျဖဆိုလ်က္ရွိသည့္ တကၠသုိလ္ဝင္စာေမးပြဲကို တစ္ႏိုင္ငံလံုးအတိုင္းအတာျဖင့္ ေက်ာင္းသား/သူကိုးသိန္းေက်ာ္ ဝင္ေရာက္ေျဖဆိုလ်က္ရွိပါတယ္။

Credit: The Voice
(www.edge.com.mm)

News Tips Latest Post Read 56190 times