Sales Hotline : 09448001653       Download App



ဆရာ၊ ဆရာမများ စာသင်ချိန်အတွက် ပြင်ဆင်ရမယ့် အချက်များ

ဆရာ၊ ဆရာမများ စာသင်ချိန်အတွက် ပြင်ဆင်ရမယ့် အချက်များ

(၁) ဘာသာရပ်ကြောင်းအရာများကို လေ့လာပါ။

ကိုယ်သင်မယ့်သင်ခန်းစာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ကလေးတွေကို မသင်ခင်မှာ လေ့လာထားပါ။ ဖြစ်နိုင်ရင်​​တော့ ကိုယ်သင်မယ့်အကြောင်းအရာကို ပြည့်ပြည့်စုံစုံသိရင်ပိုကောင်းတာပေါ့။ အဲဒါမှလည်း ကလေးတွေက မေးခွန်တွေပြန်​​မေးရင်​​ဖြေနိုင်တာပေါ့။

(၂) သင်​​ထောက်ကူသုံးပါ။

သင်ခန်းစာနဲ့သင်​​ထောက်ကူကို များများသုံးပေးသင့်ပါတယ်။ အဲဒါမှလည်း သင်ယူသူကလေးတွေအနေနဲ့ သင်ခန်းစာကို ပိုမိုစိတ်ဝင်စားလာပြီး လက်​​တွေ့ကျကျ သင်ယူရတာပေါ့

(၃) သင်နည်ရွေးချယ်ပါ။

ကိုယ်သင်မယ့် သင်ယူသူတွေနဲ့ကိုက်ညီမယ့် သင်နည်ပေါ့။ သင်နည်းဆိုတာ တစ်မျိုးတည်းသုံးလို့မရပါဘူး။ နေရာချိန်ခါ ကလေးစတဲ့ အခြေနေတွေပေါ် မူတည်ပြီး ပြောင်းရပါတယ်စာသင်တာ ကြာလာတဲ့အခါ ကလေးတွေက ဘယ်လိုသင်နည်းကို ကြိုက်တယ်ဆိုတာ မိမိအနေနဲ့လည်း သေချာလေး သိထားသင့်ရပါ့မယ်။

(၄) မေးခွန်တွေကိုပြင်ဆင်ပါ။

ကိုယ်သင်မယ့် သင်ခန်းစာနဲ့ပတ်သက်တဲ့ မေးခွန်တွေကို ပြင်ဆင်ထားပါ။ ဘယ်လိုမေးခွန်းမျိုး မေးရင် ကလေးမှာ ဘယ်လိုအသိဥာဏ်တွေ ရသွားမလဲဆိုတာမျိုးကို ဖြစ်အောင် ပြင်ဆင်ပါ။ တစ်ချို့ကျောင်းသားများသည် မေးခွန်းတွေ မေးနေရတာကို သဘောကျတာတွေ ပါတတ်ပါတယ်။ အဲသလို မေးလာခဲ့ရင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါ။

(၅) သင်ခန်းစာများကို ပြင်ဆင်ပါ။

ကျောင်းသင်ခန်းစာများကို စာသင်ခန်းချိန်မ၀င်ခင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပါ။ ကိုယ့်ဘာသာကိုယ် ဘယ်​ဟာတွေကို ဦးစားပေးသင်မယ်။ ဘာတွေကို ပိုသင်မယ် ဆိုတာမျိုးပါ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Tips Read 2889 times