Sales Hotline : 09448001653       Download App



စာမေးပွဲအဖြေလွှာ ဇွန် (၅)ရက်တွင် စတင်စစ်ဆေးရန် ဆရာ/ဆရာမများကိုခေါ်ပြီ

** Unicode **

တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေလွှာများကိုဇွန်လ (၅) ရက်တွင် စစ်ဆေးမည်ဖြစ်သဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ဆရာ/ဆရာမများကို သက်ဆိုင်ရာ စာစစ်မည့် တက္ကသိုလ်သို့ စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရပါတယ်။

စာစစ်ရမည့် တက္ကသိုလ်ရှိရာ နေရာမှမဟုတ်ဘဲ အခြားဒေသများမှ လာရောက်သည့် ဆရာ/ဆရာမများကိုမူ နှာခေါင်းတို့ဖတ်ရယူကာ ကိုဗစ် ရောဂါပိုး ရှိမရှိ စစ်ဆေးမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောကြားပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများ စစ်ဆေးရန်အတွက် ဆရာ/ဆရာမများ သတင်းပို့စေလွှတ်ရေးအတွက် အကြောင်းကြားစာကိုမေလ (၁၉) ရက်နေ့တွင်အဆင့်မြင့်ပညာဦးစီးဌာနက သက်ဆိုင်ရာ တက္ကသိုလ်စာစစ်ဌာနများသို့ပေးပို့ခဲ့ပါတယ်။

ကိုဗစ်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာ စစ်ဆေးရက်ကို ရွှေ့ဆိုင်းထားခဲ့ပြီးနောက်လာမည့်ဇွန်လ (၅) ရက်နေ့တွင် စတင်စစ်ဆေးမည်ဖြစ်ပြီး ဆရာ/ဆရာများအနေဖြင့် သက်ဆိုင်ရာ တက္ကသိုလ်များသို့ ဇွန်လ (၃) ရက်နေ့အရောက်သတင်းပေးပို့ရမည်ဖြစ်ကြောင်း ဒေါက်တာသိန်းဝင်းကပြောကြားပါတယ်။

အဖြေလွှာစစ်ဆေးရန်အတွက် စာစစ်ရမည့် တက္ကသိုလ်ရှိရာ ဒေသက ဆရာ/ဆရာမများကိုသာ ခေါ်ယူခြင်းဖြစ်သော်လည်း လိုအပ်ချက်အရာ အခြားဒေသများကို လာသူများကို ရောဂါပိုး စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

“တခြားကလာရင် သူတို့ကို Quarantine ငါးရက်လောက်ဝင်ပြီး Swab စစ်ပြီး ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနဲ့ပေါင်းစစ်မယ်။စစ်ပြီးNegative ဆိုရင်နောက်ငါးရက်Home Quarantine နေပြီးရင်စာစစ်လို့ ရပြီ။အဲဒါမှာ စာစစ်မှူးချုပ်တို့၊တွဲဖက်စာစစ်မှူးချုပ်တို့ကအရေးကြီးဆုံး။ကျန်တဲ့စာစစ်ကအရေးမကြီးဘူး။ရှိတဲ့လူနဲ့အခြေခံကလူတွေနဲ့ပေါင်းစစ်လို့ရတယ်” ဟုဒေါက်တာသိန်းဝင်းကပြောကြားပါတယ်။

အဖြေလွှာစစ်ဆေးရမည့် တက္ကသိုလ်များတွင်ရန်ကုန်တက္ကသိုလ်၊မန္တလေးတက္ကသိုလ်၊ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ရန်ကုန်ပညာရေးတက္ကသိုလ်၊မော်လမြိုင်တက္ကသိုလ်၊ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့်တောင်ကြီးတက္ကသိုလ်တို့ပါဝင်ပါတယ်။

Fitness Centre (347) Fitness Centre များနှင့်ပတ်သက်ပြီး (၃၄၇) ခုရှာရန်နှိပ်ပါ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများစစ်ဆေးမှုမှာ ဦးစားပေး လုပ်ဆောင်မည့်ကိစ္စဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လုပ်မည်ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို ပုံမှန်စစ်ဆေးရသည့်ကာလမှာ ဧပြီလဖြစ်ပြီး ဇူလိုင်လတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ခြင်းဖြစ်ပါတယ်။

Credit: Exam Guide

** Zawgyi **











Credit: Exam Guide

News Tips Latest Post Read 32967 times