Sales Hotline : 09448001653       Download App



အိမ်တွင် လေ့လာ သင်္ချာဘာသာ

ယခုအခါ ကိုဗစ်ကြောင့် ကျောင်းများ ပြန်ဖွင့်ဖို့ ဆိုသည်မှာ မသေမချာ မရေမရာ ဖြစ်နေသည်။ "အိမ်တွင် သင်ယူခြင်း"ကို လုပ်ဆောင်မှသာ သင့်ကလေး ပညာရေး လမ်းစ ရှိနေမည်။

စာသင်ဖို့ အကောင်းဆုံး အသက်အရွယ်မှာ မိဘအုပ်ထိန်းသူတို့အနေဖြင့် တတ်စွမ်းသရွေ့ ထောက်ကူပေးပြီး မိမိတို့၏ ကလေးများကို ပညာရေး ပေးအပ်ကြရမည့် အချိန်အခါသို့ မလွဲမသွေ ရောက်ရှိနေပေပြီ။

သို့ဖြစ်ရာ သင့်ကလေးငယ်များအတွက် သင်္ချာဘာသာကို ကြောက်ရွံ့မှု မရှိစေရန် အထောက်အကူပြုစေမည့် နည်းလမ်းလေးအချို့ကို ဖော်ပြလိုက်ရပါသည်။

- နံပတ်များ၊ ကိန်းဂဏန်းများနှင့် တိုင်းတာခြင်း ဆိုင်ရာ ကိစ္စရပ်များကို လုပ်ကြရာတွင် စဉ်းစားပုံ စဉ်းစားနည်းများကို အသံကျယ်ကျယ်ဖြင့် နှုတ်မှ ရွတ်ဆိုပါ။ ထိုအခါ ကလေးငယ်မှာ အတုယူနိုင်ပြီး မေးခွန်းများ ပြန်လည် မေးလာနိုင်မည် ဖြစ်သည်။

- သင့်ကလေးငယ်ကို သူတို့ လုပ်ကိုင်နေစဉ် တစ်လျှောက်လုံး စကားပြောဆိုရန် တိုက်တွန်းပေးပါ။ ကလေးငယ်များကို စကားများများပြောပေးပါ။ မေးခွန်းများများ မေးပေးပါ။ ထို့အပြင် ၎င်းတို့မေးလာသည့် မေးခွန်းများကို အတတ်နိုင်ဆုံး အရိုးသားဆုံးဖြေပေးပါ။

- ကလေးငယ်များအား ၎င်းတို့ပြုလုပ်နေသည့် ကိစ္စများကို နားလည်အောင်အထောက်အကူပေးပါ။ သူတို့ ပြုလုပ်နေသည့် အရာများကို သူတို့ကိုယ်တိုင် နားလည်အောင် ဘေးမှ ကူညီပြောဆိုပေးပါ။ ထိုနည်းလမ်းမှာ ပညာသင်ယူရန် အထိရောက်ဆုံးသော နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။

- အရာဝတ္ထုများကို ညွှန်းဆိုဖော်ပြရာတွင်သင်္ချာနှင့် ကိန်းဂဏန်းများနှင့် အစားထိုးပြီး ဖော်ပြပေးပါ။ ဥပမာ - ရေသန့်ဘူးဟု ပြောမည့်အစား ၁လီတာဆန့်သည့် ရေသန့်ဘူး ဟုပြောပေးပါ။ ထိုသို့ပြောပေးခြင်းသည် သင့်ကလေးအား အရာများကို တိုင်းတာခြင်တွယ်ပုံ များအပြင် ဗဟုသုတကြွယ်ဝစေပြီး စကားလုံး အသုံးအနှုန်းများ ပိုပိုတိုးတက်လာစေရန် အထောက်အကူပြုစေမည် ဖြစ်သည်။

- သင့်ကလေးများကို၎င်းတို့ နေ့စဉ်လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး မေးခွန်းများမေးပေးပါ။ ဥပမာ - “သားမှာ ပန်းသီးဘယ်နှစ်လုံးရှိလဲ၊ မေမေ့ကိုတစ်လုံးကျွေးလိုက်လျှင် သားသားမှာ ဘယ်နှစ်လုံးကျန်မလဲ၊ ဈေးက အိမ်ရဲ့ ဘယ်အရပ်မှာရှိလဲ၊ ကြက်ဥကဘယ်အရွယ်လောက်ကြီးလဲ ” အစရှိသည့် ၎င်းတို့အရွယ်နှင့် ရင်းနှီးသည့် အရာများနှင့် ယှဉ်တွဲဖော်ပြပေးပါ။

- ထို့အပြင် အမျိုးအစားများခွဲခြားတတ်ရန် ကူညီပေးပါ။ အရွယ်အစား၊ အရောင်၊ အတိုအရှည်၊ ပုံစံတို့ကိုခွဲခြားသိနိုင်အောင် ကူညီပေးပါ။ ဥပမာ - နာနတ်သီးကြီးကြီး၊ အနီရောင် ဘောင်းဘီ၊ ဆံပင်တိုတိုနဲ့ ဖေဖေ၊ ကျောက်ပျဉ် ဝိုင်းဝိုင်း အစရှိသကဲ့သို့ ကလေးငယ်များ မြင်လွယ်အောင် ဥပမာပေး ပြောဆိုပေးပါ။

- သူတို့အဖြေမှားနေသည့်တိုင်အောင် ကြိုးစားလုပ်သည့်အတွက်သင့်ကလေးအား ချီးမွှမ်းပေးပါ။ အကယ်၍ သူတို့ အဖြေကိုမသိလျှင်အဖြေရအောင်လုပ်ရန် အချိန်ပေးပေးပါ။ နောက်ဆုံးတွင် သင်က သူတို့အား အဖြေကိုပြောပြခဲ့လျှင် အဖြေကို မည်သို့ရကြောင်း၊ စဉ်းစားနည်းများကို ပြောပြပေးပါ။

ထိုအရာများသည် စာသင်ယူရေးတွင် သူတို့၏ပင်ကိုယ် အားကိုးစိတ်ကိုတည်ဆောက်စေပါသည်။ မိမိကိုယ် မိမိ ယုံကြည်စိတ်များလည်း ရှိလာပြီး တစ်ပါးသူများကိုလည်း ဦးစာပေးတတ်လာမည်ဖြစ်ပါသည်။ ၎င်းတို့ အပေါ်တွင် စိတ်ရှည်ရှည်ထားပေးပါ။

ကောင်းသော စည်းမျဉ်းဖြစ်သည့် ‘နည်းနည်းနှင့်မကြာခဏ’ ကိုလိုက်နာပါ။ နေ့စဉ် မိနှစ် အနည်းငယ်ခန့် နံပါတ်ဂဏန်းများနှင့်ပတ်သက်၍ ပြောဆိုသင်ပြပေးပါ။ နည်းနည်းချင်းစီ သင်ပေးပါ။ မိနှစ် အနည်းငယ်ခန့် ခဏခဏ အချိန်ခြားပြီး သင်ပေးပါ။ ထိုသို့ သင်ပေးခြင်းသည် စာသင်ယူခြင်းသည် မိနစ် ၃၀ ဆက်တိုက်သင်ပေးသည့် သင်္ချာစာသင်တန်းထက် ပိုမိုကောင်းမွန်ပါသည်။

By Myanmar Education Guide - EDGE

Ref: Department of Education

Latest Post Tips Read 3180 times