Sales Hotline : 09448001653       Download App



ကျောင်းသားများမှ သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း

(၁)     သံရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော မနလသက်တမ်းတိုးလျှောက်လွှာ Download MS-Word  / PDF ) အား ပြည့်စုံစွာ ဖြည့်စွက်တင်ပြရန် ဖြစ်ပါသည်။

 

(၂)     ကိုယ်ရေးရာဇဝင်များနှင့် ရောင်စုံဓါတ်ပုံ(၁)ပုံစီ - (Download MS-Word  / MS-Excel /  PDF )

(ဓါတ်ပုံမှာ- 35 x 45 mm အရွယ်အစား၊ ရောင်စုံဓါတ်ပုံ-နောက်ခံအဖြူ၊ နားရွက်ပေါ်၍ မျက်နှာတွင် ဆံပင်ဖုံးအုပ်ခြင်း မရှိစေရပါ။ (၂)လအတွင်း ရိုက်ကူးထားသော ဓါတ်ပုံဖြစ်ရပါမည်။)

 

 (၃)     မနလမိတ္တူ(၁)စုံ တင်ပြရန် ဖြစ်ပါသည်။ (မနလ၏ ဓါတ်ပုံနှင့် အချက်အလက်များပါရှိသော ရှေ့စာမျက်နှာ အပါအဝင် အသုံးပြုပြီးသော စာမျက်နှာအားလုံး)

 (၄)     ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာမူရင်း နှင့် ကျောင်းသားကတ်မိတ္တူ တင်ပြရန် ဖြစ်ပါ သည်။

 (၅)     မနလ လဲလှယ်ကြေးမှာ ယန်း ၃,၀၀၀/- ဖြစ်ပါသည်။

 

 (၆)    သံရုံးမှလိုအပ်သည့်စိစစ်မှုများပြုလုပ်ပြီး လျှောက်ထားသူထံ ဆက်သွယ်အကြောင်းကြားသည့် အခါ ကျသင့်ငွေများအား Sumitomo Mitsui Bank Corporation (SMBC)၊ Gotanda Branch၊  Current Account #4035008 ၊Embassy of the Republic of the Union of Myanmar, Tel: 03-3441-9291 သို့ ပေးသွင်းရန် ဖြစ်ပါသည်။ ပေးသွင်းပြီးပါက ပေးသွင်းထားသည့် ဘဏ်ချလံ (မူရင်း) အား သံရုံးသို့ ပြန်လည်တင်ပြရန် ဖြစ်ပါသည်။

 

(၇)    မနလသက်တမ်း(၆)လထက်လျော့နည်း၍ ကျန်ရှိသူများသည် သက်တမ်းတိုးလျှောက်ထားနိုင် မည် ဖြစ်ပါသည်။

 

(၈)     စာတိုက်မှလျှောက်ထားသူများမှာ Passport ပြန်လည်ပေးပို့နိုင်ရန်အတွက် Letter Pack 520 စာအိတ်အလွတ်တစ်အိတ်၌ စာတိုက်အမှတ်၊ လိပ်စာ၊ အမည်နှင့် ဖုန်းနံပါတ်များဖြည့်စွက်ပြီး ပူးတွဲ ထည့်ပေးရပါမည်။  လက်ဗွေပုံစံတွင် လက်ဗွေနှိပ်ခြင်း၊ လိုအပ်သည်များ ဖြည့်စွက်ခြင်း ပြုလုပ်၍ တစ်ပါတည်း ထည့်ပေးရန်ဖြစ်ပါသည်။

 

(၉)       စာတိုက်မှလျှောက်ထားသူများမှ  Passport  မူရင်း တစ်ပါတည်းထည့်ပေးရပါမည်။

 

(၁၀)    လျှောက်ထားသူများမှ အထက်ဖော်ပြပါ Passport သက်တမ်းတိုးခြင်းဆိုင်ရာ စာရွက်စာတမ်းများ စုံလင်စွာဖြင့် လျှောက်ထားရမည်ဖြစ်ပါသည်။ စာရွက်စာတမ်းစုံလင်မှ စာတိုက်မှ ပေးပို့ပါ။

(၁၁)     စာတိုက်မှ လျှောက်ထားသူများအား လျှောက်ထားစဉ်က ပေးပို့ခဲ့သည့် Letter Pack 520 စာအိတ်အလွတ်တစ်အိတ်ဖြင့် ပြန်လည်ပေးပို့သွားမည်ဖြစ်ပါသည်။

(၁၂)     လိုအပ်ပါက သံရုံးမှ ထပ်မံတောင်းခံမည့် အထောက်အထားများ တင်ပြရမည် ဖြစ်ပါသည်။

 

မနလ - သာမန်မြန်မာနိုင်ငံကူးလက်မှတ်

International Latest Post Read 553 times