Sales Hotline : 09448001653       Download App



လွတ်လပ်ခိုင်မာသော ပုဂ္ဂလိကပညာရေးအဖွဲ့အစည်း၏ ကိုဗစ်ကာလပညာရေးရပ်တည်ချက်နှင့် ထုတ်ပြန်ကြေညာချက်

 ၁. မြန်မာနိုင်ငံတွင် စီးပွားရေးစီမံခန့်ခွဲမှုပညာ သင်ယူလိုသူများအတွက် MBA ဆိုလျှင် စုစုပေါင်းကုန်ကျစရိတ်အနည်းဆုံးသိန်း (၃၀) မှ သိန်းရာကျော်ကုန်ကျစရိတ်ရှိရာ ငွေကြေးမချမ်းသာသော မြန်မာပြည်သူပြည်သား အများစုမှာ ပညာရေး လက်လှမ်းမမီဖြစ်ကြရပါသည်။ ထိုအချိန်တွင် Covid ကပ်ရောဂါကြီး၏ ထိုးနှက်မှုကြောင့် တိုင်းသူပြည်သားများ စီးပွားရေးအကျပ်အတည်း၊ ပညာအခက်အခဲတို့ ပိုမိုကြုံတွေ့ကြရပါသည်။ 

ထိုအခြေအနေများကို လက်ပိုက်ကြည့်မနေနိုင်ဘဲ လူအများပညာရေးလက်လှမ်းမီအောင်နှင့် အရည်အသွေး မြင့်မားသည့် ပညာရေးစံနှုန်းများ နှင့်အညီ သင်ကြားသင်ယူရတို့အတွက် Myanmar Management Institute မှ မိမိကိုယ်ပိုင်းသော်၊ ကိုယ်ပိုင်ပြဋ္ဌာန်းစာအုပ်များကို စီမံခန့်ခွဲမှုပညာနယ်ပယ်မှ အထင်ကရ ကျမ်းများစွာကို ကိုးကားအဆီအနှစ် တော်ကာပြုပြီး စီမံခန့်ခွဲမှု ဘာသာရပ် ၁၁ ဘာသာပါဝင်သော ထိုသပ်ရိုးပြဋ္ဌာန်းစာအုပ်များဖြင့် Professional Master Award in Business Administration (Professional MBA Award) သင်တန်းကို မြန်မာပြည်အနှံ့ မည်သည့်နေရာတွင်မဆို လွယ်ကူစွာသင်ယူနိုင်အောင်စီစဉ်ပေးခဲ့ပါသည်။ 

ထိုသို့စီစဉ်ပေးထားသည့် သင်တန်းအတွက် ပုဂ္ဂလိက ပညာရေးအာဉ်သော်မှတ်သည့် သင်တန်းကြေး နှုန်းထားများနှင့် နှိုင်းယှဉ်၍ သင်တန်းကြေး သိန်း(၃၀)သတ်မှတ်ထားခဲ့သော်လည်း ထိုသင်တန်းကြေးအား (၁၀၀%) ကင်းလွတ်ခွင့်ဖြင့် သင်ယူသူမာရေးအတွက် စီစဉ်ပေးခဲ့ပါသည်။ ယခုကဲ့သို့စီစဉ်ပေးလိုက်ခြင်းကြောင့် သိန်းဆယ်နှင့်ချီ ကုန်ကျပြီးမှ သင်ယူခွင့်ရရှိမည့် စီမံခန့်ခွဲမှုပညာများကို မြန်မာပြည်သူများလက်လှမ်းမီသွားခဲ့ပါသည်။

၂. Myanmar Management Insitute သည် စီမံခန့်ခွဲမှုနှင့်ဆိုင်သော ပညာရပ်များကို လူတိုင်းလက်လှမ်းပြီးကုန်ကျစရိတ်သက်သာစွာဖြင့် လေ့လာဆည်းပူးခွင့်ကာ တိုင်းပြည်အတွက် အဖိုးတန်လူ့စွမ်းအားအရင်းအမြစ် culoskocapagos por Professional Master Award in Business Administration (Professional MBA Award) သင်တန်းကို သင်တန်းကြေး အခမဲ့ဖြင့် သင်ကြားပေးနေခြင်းဖြစ်ပါသည်။ 

ထိုသို့သင်ကြားမှုသည် လူတိုင်းလွတ်လပ်စွာပညာသင်ခွင့် ရရှိရမည်ဟုဆိုထားသော လူ့အခွင့်အရေး ရှုထောင့်မှသော်လည်းကောင်း အလားတူပင်ထည့်သွင်းပြဋ္ဌာန်းထားသော မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံ အခြေခံဥပဒေရှုထောင့်မှသော်လည်း တရားဥပဒေ နှင့်အညီဖြစ်ပါသည်။

Covid ကာလအတွင်း ပညာရေး အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် ရည်ရွယ်၍ စနစ်ကျသောသင်ရိုး၊ ပြည့်စုံသောပြဌာန်းစာအုပ်၊ ကျောင်းသူကျောင်းသား၏ တက်မြောက်မှု ဗဟိုပြု စစ်ဆေးမှု၊ သင်သမျှကို မှတ်မိနားလည်လွယ်စေမည့် စိတ်မြေပုံ mindmaps များ၊ သင်ကြားသင်ယူရေး လမ်းညွှန်ချက် အပြည့်အစုံပါဝင်သည့် စီးပွားရေးပညာရတနာသေတ္တာ (Business Master Treasure Box) ဖြင့် စီမံခန့်ခွဲမှုပညာနယ်ပယ် ၁၁ခုကို မြန်မာပြည်အနှံ့မှ ကျောင်းသား၊ကျောင်းသူများ အချိန်နေရာမရွေး သင်ယူလေ့လာနိုင်အောင် စီစဉ်ပေးခဲ့ပါသည်။ ပညာရပ်နယ်ပယ် တစ်ခုစီ သီအိုရီများ၊ လက်တွေ့သုံး သဘောတရားများ၊ Case studies များကို တတ်နိုင်သမျှအကျစ်လျစ်ဆုံးနှင့် အရှင်းလင်းဆုံးသင်ကြားပေးထားပါသည်။ 

Professional Master Award in Business Administration (Professional MBA Award) ၏ သင်တန်းကာလမှာ တစ်နှစ်ဖြစ်ပါသည်။ ထို Professional Master Award in Business Administration (Professional MBA Award) ၌ Master of Business Administration (MBA) တစ်ခုတွင် ပါဝင်သည့် အကြောင်းအရာအလုံးစုံအပြည့်အဝကို အပြည့်အစုံသင်ကြားပေးထားရာ Myanmar Management Institute အနေဖြင့် ထိုယ်ရိုး၊ ထိုပြဋ္ဌာန်းစာအုပ်၊ ထိုစစ်ဆေးမှုပုံစံတို့ကို UK နိုင်ငံအခြေစိုက် OTHM Qualifications အဖွဲ့ကြီးသို့ တင်ပြပြီး ၎င်း၏ထပ်ဆင့် အသိအမှတ်ပြုမှုကို ဒီဇင်ဘာလ ၇ရက်နေ့တွင်ရရှိခဲ့ပါသည်။

OTHM Qualification (UK) ဘက်မှ Myanmar Management Institute of Professional Master Award in Business Administration သင်တန်း၏ ပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအကဲဖြတ်ပြီး ထပ်ဆင့်အသိအမှတ်ပြုမှုပေးရာတွင် UK ပညာရေးအဆင့် သတ်မှတ်ချက်အဆင့် (၇) (တစ်နည်း) မဟာတန်းအဆင့်နှင့် ညီမျှသည့်အဆင့်ရှိသည်ဟု သတ်မှတ်ပေးခဲ့ပြီး တစ်ဘာသာလျှင် Credit (10) နှင့် ညီမျှသည့် လေ့လာသင်ယူမှုရလဒ်ပမာဏရှိသည်ဟု OTHM ဘက်မှ သတ်မှတ်ပေးထားပါသည်။

၃. ထိုသို့ကုန်ကျစရိတ်က်သာစွာဖြင့် MBA ပညာရပ်များကို အပြည့်သင်ယူနိုင်ပြီး OTHM (UK) အသိအမှတ်ပြု မဟာတန်းအဆင့် Professional Qualification ဖြစ်သော Professional Master Award in Business Administration ကိုပါ လူအများရယူနိုင်အောင် MMI ၏ စီစဉ်ပေးမှုသည် ကျောင်းသူကျောင်းသားများနှင့် အများပြည်သူအတွက် လွန်စွာအကျိုးရှိသည့် လုပ်ရပ်ဖြစ်သော်လည်း Myanmar Management Institute of Professional Master Award in Business Administration (Professional MBA Award) အရှိန်အဟုန်ဖြင့် အောင်မြင်မှုရရှိလာသည့်အခါ ထိုအအောင်မြင်မှုကြောင့် ဝေဖန်တိုက်ခိုက်ခံရမှုများပိုမို၍ များလာရပါသည်။ 

Covid ကပ်ရောဂါ ကြီးကြောင့် ယခင်ကကဲ့သို့ကျောင်းလည်ပတ်မှု မရှိနိုင်သည့်အချိန်တွင် ထိုအခက်အခဲအကျပ်အတည်းကာလမှာပင် ပညာရေးကြိုးပမ်းမှုများ အလွန်အားထုတ်ခဲ့သည့် MMI သည် အများအမြင်တွင် မျက်စိစပါးမွှေးစူးစရာ ဖြစ်နေပါသည်။ MMI သည် လက်ရှိအချိန်မြန်မာနိုင်ငံရှိ အခြားမည်သူမျှ မပြုစုခဲ့သည့် MBA ပညာရပ်အစုံအလင် ပါဝင်သော ကိုယ်ပိုင်းသင်ရိုးပြဋ္ဌာန်းစာအုပ် Business Master Textbook များကို ပထမဆုံးနှင့် အကောင်းဆုံး ပြုဖန်တီးသည့်အလျောက် အများရှေ့မှ စွန့်ဦးတီထွင်မှုဖြစ်နေရာ ၎င်းအဖြစ်ကို မလိုလားသူများလည်းရှိနေပါသည်။ MMI သည် မြန်မာနိုင်ငံအစိုးရဥပဒေများနှင့်အညီ မှန်ကန်စွာခိုင်မာစွာ ရပ်တည်နေသည့်ပုဂ္ဂလိက ကျောင်းကြီးတစ်ကျောင်း ဖြစ်ပြီး လွတ်လပ်စွာရပ်တည်နေသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ MMI သည် မိမိတို့၏ ပညာရေးရပ်တည်ချက်ဖြင့်သာ ဆက်လက်ခိုင်မာစွာရပ်တည်သွားမည်ဖြစ်ပါသည်။

၄. အမှန်စင်စစ်အားဖြင့် Myanmar Management Institute သည် မိမိကျောင်း၏ သင်ကြားသင်ယူရေး ပညာရေးအရည်အသွေးစံနှုန်းများကို အစဉ်မြှင့်တင်ကောင်းမွန်အောင် ယခင်ကတည်းကရော ယခုအချိန်အထိပါ အမြဲကြိုးစားလျက်ရှိပါသည်။ ထိုအချက်ကို Myanmar Management Institute ကျောင်း ၂၀၁၅ ဒီဇင်ဘာလ စထူထောင်စဉ်မှ ယခုအချိန်အထိ UK အသိအမှတ်ပြု Diploma စာမေးပွဲအောင်မြင်သူများစွာမွေးထုတ်နိုင်ခဲ့ခြင်း၊ UK အစိုးရတက္ကသိုလ် University of Chichester မှ တိုက်ရိုက်ချီးမြှင့်သည့် Master of Business Administration (MBA) ဘွဲ့ကို ဂုဏ်ထူးအထူးအောင်/ရိုးရိုးအောင် ရရှိသူများကို မြန်မာနိုင်ငံတွင် အများဆုံးမွေးထုတ်ထားနိုင်ခြင်းတို့က သက်သေထူလျက်ရှိပါသည်။ 

ထို့အပြင် Myanmar Management Institute အနေဖြင့် Swiss School of Management ဖြင့်ပူးပေါင်း၍ IACBE (US) နှင့် EduQua (Swiss) အသိအမှတ်ပြုအရည်အသွေးမြင့် Swiss MBA ကိုလည်း လက်ရှိသင်ကြားပေးလျက်ရှိရာ MMI သည် MBA နှင့်ပတ်သက်သော အတွေ့အကြုံကောင်းများ ရှိထားပြီးသည့် ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါသည်။ ထိုအတွေ့အကြုံများနှင့်ပညာများကိုစုစည်းအဆီအနှစ်ထုတ်ပြီး MMI ၏ Professional Master Award in Business Administration (Professional MBA Award) သင်ရိုးနှင့် ပြဋ္ဌာန်းစာအုပ်များဖန်တီးခဲ့ရာ ထိုအရည်အသွေးရှိသည့် Qualification သည် မြန်မာပြည်သူပြည်သားများအတွက် အကျိုးများလိမ့်မည်ဟု ယုံကြည်မိပါသည်။ 

တစ်ဆက်တည်းမှာပင် MMI ၏ Professional Master Award in Business Administration (Professional MBA Award) သင်တန်းကို အလုံးစုံသင်ယူပြီး စစ်ဆေးမှုခံယူကာ အောင်မြင်ပြီးမြောက်သည့်သူများသည် စီမံခန့်ခွဲမှုပညာနှင့် ပတ်သက်ပြီးလုံလောက်သည့် ပညာရရှိကာ လက်တွေ့ လုပ်ငန်းနယ်ပယ်များ၌ ထိုပညာများအသုံးချလျက် ကိုယ့်အကျိုးအများအကျိုး မျှတစွာပွားများအောင် ဆောင်ရွက်နိုင် သည့် နိုင်ငံ၏အားထားရသော လူ့စွမ်းအား အရင်းအမြစ်များ လာလိမ့်မည်ဟု ယုံကြည်ပါသည်။

၅. အထက်ပါအချက်များကို MMI နှင့် သက်ဆိုင်သူများအားလုံးအမှန်အတိုင်းသိရှိပြီး အများပြည်သူအပေါ်ထားသော MMIကျောင်းတော်ကြီး၏ စေတနာနှင့် ပညာရေးရပ်တည်ချက်ကို နားလည်သဘောပေါက်ကာ၊ တစ်ဖက်မှာလည်း အချင်းချင်းကြားဝေဖန်တိုက်ခိုက်နေမည့်အစား မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်း ပိုမိုမြင့်မားစေရန် အတူကြိုးပမ်းကြနိုင်ဖို့ ပြုအပ်ပါသည်။

ဆက်စပ်ဖတ်ရှုရန် >>>> ပုဂ္ဂလိကအဆင့်မြင့်ပညာ အဖွဲ့အစည်းများအသင်း၏ ထုတ်ပြန်ကြေညာချက်

မြန်မာနိုင်ငံစီမံခန့်ခွဲမှုပညာတက္ကသိုလ်

Local News Read 784 times