Sales Hotline : 09448001653       Download App



သင်ရိုးသစ်တွင်ပြောင်းလဲ ပြင်ဆင်မည့် Sex Education

 ** Unicode **

လာမည့်ကျောင်းဖွင့်ရာသီတွင် စတင်သင်ကြားတော့မည့် ဒသမတန်းသင်ရိုးသစ်မှ လိင်ပညာပေးဆိုင်ရာ (Sex Education) သင်ခန်းစာများကို ပြည်သူ့အသံ နားထောင်၍ မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ပြန်လည်ပြင်ဆင်တော့မည်ဟု အခြေခံပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

ဒသမတန်း သင်ရိုးသစ်၏ “ဘဝတွက်တာ ကျွမ်းကျင်စရာ” ဘာသာရပ်တွင် ထည့်သွင်းရေးဆွဲထားသော ရောဂါကင်းဝေး ကျန်းမာရေးသင်ခန်းစာ၊ မျိုးဆက်ပွားကျန်းမာရေး နှင့် ဆယ်ကျော်သက်အရွယ်များ ပေါင်းသင်းဆက်ဆံရေး သင်ခန်းစာများတွင် ပြန်လည်သုံးသပ်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

ထိုကိစ္စများကို ရှင်းလင်းရန် ယနေ့ နေပြည်တော်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာ ဦးစီးဌာနက ဦးဆောင်၍ သတင်းစာရှင်းလင်းပွဲ ဖြစ်လုပ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ထိုသင်ခန်းစာများမှာ လာမည့် ဇူလိုင်လ စာသင်ကျောင်းများ ပြန်ဖွင့်လျှင် စတင် သင်ကြားရမည် ဖြစ်သောကြောင့် ထိုကာလမတိုင်ခင် ပြင်ဆင်နိုင်ရန် ကြိုးပမ်းနေပြီး သင်ကြားရမည့် ဆရာ/ဆရာမအား ယခုကာလ သင်တန်ပေးနေမှုတွင်လည်း ဝေဖန်မှုများရှိနေသည့် လိင်ပညာပေးသင်ခန်းစာများ ပါဝင်သည့် ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်ထဲမှ အခန်း(၄)နှင့်(၅) ကိုမသင်ယူစေပဲ ခေတ္တဆိုင်းငံထားကြောင်းသိရပါတယ်။

ဦးကိုလေးဝင်းက “အရင်ဆုံးတော့ ပြည်သူ့အသံနားထောင်ပြီး ကျနော်တို့ ပြင်စရာရှိတာတွေပြင်မယ်။ ဓလေ့ထုံးစံတွေ ယဉ်ကျေးမှုတွေ ဘယ်လောက်များ ကွာဟနေလဲ၊ ကွာဟနေတာကိုတော့ ကျနော်တို့ ပြန်ပြီးတော့မှ ကွာဟမှု အနည်းဆုံးဖြစ်အောင် ကျနော်တို့ကြိုးစားဖို့ရှိတယ်” ဟု ပြောပါတယ်။

သို့သော် ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်စာအုပ်ကို ဆရာလမ်းညွှန်နှင့် ကျောင်းသားအတွက် ဖတ်စာအုပ်ပါ နှစ်မျိုးစလုံး ရိုက်နှိပ်ထုတ်ဝေပြီး ဖြစ်သောကြောင့် ပြန်လည်ပြင်ဆင်လျှင်လည်း နောက်ဆက်တွဲစာအုပ်ဖြင့် ပြင်ဆင်ချက် ထုတ်ဝေရမည်ဖြစ်ပြီး ယခုကျောင်းဖွင့်ချိန်အမှီ ပြင်ဆက်ချက်မပြီးပါက ထိုဖတ်စာအုပ်များကို ကျောင်းသားများထံ ဖြန့်ဝေခြင်းကိုလည်း ခေတ္တဆိုင်းငံ့မည်ဟု ဆိုပါတယ်။

ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်၏ သင်ခန်းစာတခုဖြစ်သော ထွန်းထွန်းနှင့်ချိုချို ဆိုသည့် သင်ခန်းစာမှာ ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာတွင် ပြန့်နှံ့ခဲ့ပြီး ဝေဖန်မှုအများပြား ထွက်ပေါ်လာခြင်း၊ ထိုသင်ခန်းစာကို မသင်ကြားသင့်ကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်း စသည့်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်းသင်းကလည်း ထိုသင်ခန်းစာများနှင့်ပတ်သက်၍ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်ရန် မေလ ၂၀ ရက်နေ့က ပြည်သူ့လွှတ်တော်သို့ အရေးကြီးအဆိုတင်ခဲ့သော်လည်း လွှတ်တော်က လက်မခံဘဲ ပယ်ချခဲ့သည်ဟုပြောပါတယ်။

ဒေါက်တာမောင်သင်းက “သင်ရိုးညွှန်းတမ်းဆိုတာ အားလုံးက ကိုယ်သင်ချင်တိုင်း သင်တာထက်ကို ယဉ်ကျေးမှုကို ထိခိုက်ပွန်းပဲ့စေတဲ့ဥစ္စာမျိုး မဖြစ်အောင် ပြင်ဖို့လိုတာပေါ့။ ပြင်မယ်ဆိုတာက ဖတ်စာအုပ်ကိုတင် ပြင်လို့မရဘူး။ ဘယ်သူက ဒီပညာတွေကိုပေးမှာ လဲဆိုတဲ့ စနစ်ကြီးတခုလုံးကို ပြင်ဆင်စေချင်တာ။ ရှင်းရှင်းပြောရရင် ကလေးတွေကို ဆေးပေးတာ၊ အခုကဘေးဖြစ်နေလို့ဗျာ။ လူမှုအသိုင်းအဝန်းအရ ကျနော်တို့က ကန့်ကွက်ရတာ” ဟုပြောပါတယ်။

ထိုသင်ခန်းစာများနှင့်ပတ်သက်၍လည်း ဆရာနှင့်တပည့် သင်ကြားသည့်ပုံစံက မသင့်တော်ဘဲ ကျောင်းကျန်းမာရေးဌာနမှ လိင်ပညာပေးနှင့်ပတ်သက်၍ အထူးပြုလေ့လာထားသော ဆရာဝန်များက သင်ကြားပေးလျှင် ပိုမိုသင့်တော်ကြောင်း ၎င်းက ပြောပါတယ်။

ထိုသို့ဝေဖန်မှုများရှိနေသော်လည်း ယခုသင်ရိုးညွှန်းတမ်းများကို သက်ဆိုင်ရာ ပညာရှင်များက အချိန်ယူရေးဆွဲခဲ့ပြီး ကျောင်းသားကျောင်းသူများကို စမ်းသပ်သင်ကြားမှုများ ပြုလုပ်ပြီးမှသာ သင်ရိုးညွှန်းတမ်းကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုပါတယ်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ဧပြီထိ သက်ငယ်မုဒိမ်းမှု (၉၂၄) မှုဖြစ်ပွားခဲ့ပြီး ထိုသို့ အနုတ်လက္ခဏာဆောင်သည့် အကျိုးသက်ရောက်မှုများမဖြစ်ပွားရန် ဆယ်ကျော်သက်များအတွက် မျိုးဆက်ပွားကျန်းမာရေး၊ လိင်ပညာပေးများကို မဖြစ်မနေ သင်ကြားပေးရန် လိုအပ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောပါတယ်။

၎င်းက “အဲလိုမျိုး အနုတ်လက္ခဏာဆောင်တဲ့ဥစ္စာမျိုးတွေ မဖြစ်စေချင်ဘူး။ မဖြစ်စေချင်တဲ့အတွက်ကြောင့် ကျမတို့နိုင်ငံတခုတည်း ထူးခြားပြီး သင်နေတာမဟုတ်ဘူး။ ဆယ်ကျော်သက်အရွယ်ဆိုတာ အင်မတန် မှားနိုင်တယ် ကျမတို့ အားလုံးဖြတ်သန်း လာခဲ့တာ” ဟု ပြောပါတယ်။

ပြည်မြို့မှ ကျောင်းသားမိဘတဦးဖြစ်သူ ကိုရဲသွင်ဟိန်းက ၎င်း၏ တတိယတန်းအရွယ် သမီးဖြစ်သူကို ပညာသင်ကြားပေးနေသည့် ပုဂ္ဂလိက စာသင်ကျောင်းတခုတွင် မိန်းကလေးများကို ခွဲကာ ရာသီသွေးပေါ်ခြင်း ကိစ္စရပ်များကို ဆရာမများက သီးသန့်သင်ကြားပေးသည့် စနစ်တခုကို စတင်ကျင့်သုံးနေပြီး ယခုကဲ့သို လိင်ပညာပေးကိစ္စရပ်များမှာလည်း ကျောင်းသားကျောင်သူများ လမ်းမှားမရောက်ရန် စနစ်တကျ သင်ကြားပေးသင့်သည်ဟုဆိုပါတယ်။

“ဆယ်တန်းကို ကိုယ်တွေလည်း ဖြတ်သန်းခဲ့တာပဲ အဲဒီအရွယ်မှာ အဲဒီထက်မကဘူး သိနေပြီ။ ဒါတွေကလိမ်လို့မရဘူး။ ပြဌာန်းစာအုပ်ထဲမှာ ထည့်သင်တာလည်း ကောင်းတယ်။ နောက်ဆက်တွဲမှာဖြစ်လာမယ့် ဆိုးကျိုးလိုမျိုး ဟာတွေကို သေချာချာ သင်ပေးသင့်တယ်။ စနစ်တကျသင်နိုင်ရင် ကလေးတွေအတွက် ကောင်းတယ်”ဟု ၎င်းကပြောပါတယ်။

မြန်မာနိုင်ငံတွင် ဘဝတွက်တာ ကျမ်းကျင်စရာဘာသာရပ်ကို ကျောင်းသား/သူများ၏ အသက်အရွယ်အလိုက် လူမှုဘဝတွင် လိုက်လျောညီထွေ နေထိုင်တတ်စေရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၁၉၉၈ ခုနှစ် ပညာရေးမြှင့်တင်မှု အစီအစဉ်ရ အခြေခံပညာအဆင့်တွင် ထည့်သွင်းသင်ကြားခဲ့သည့် ဘာသာရပ်တခုဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှသိရပါတယ်။

Bookshops (470) စာအုပ်အရောင်းဆိုင်များနှင့် ပတ်သက်ပြီး (၄၇၀) ခုရှာရန်နှိပ်ပါ။

ထိုဘာသာရပ်ကို ၂၀၀၃-၂၀၀၄ ခုနှစ်တွင် UNICEF ၏ နည်းပညာအကူအညီဖြင့် ပြန်လည်ပြုစု၍ သင်ကြားခဲ့ပြီးနောက် NLD အစိုးရလက်ထက် ၂၀၁၆ နှစ်မှစ၍ ယခုသင်ရိုးသစ်များ၏ သင်ကြားသင်ယူမှု မျှော်မှန်းချက်များ၊ ရလဒ်များနှင့် ကိုက်ညီအောင် သင်ခန်းစာများကို တည်းဖြတ် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ထိုသို့တည်းဖြတ်ပြင်ဆင်ရာတွင် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပြန်သူ့ကျန်းမာရေး ဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနတို့မှ ကျွမ်းကျင်ပညာရှင်များ၊ ပညာရေးကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ ပူးပေါင်းပြုစုခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။

Credit: Irrawaddy
 

** Zawgyi **

လာမည့္ေက်ာင္းဖြင့္ရာသီတြင္ စတင္သင္ၾကားေတာ့မည့္ ဒသမတန္းသင္႐ိုးသစ္မွ လိင္ပညာေပးဆိုင္ရာ (Sex Education) သင္ခန္းစာမ်ားကို ျပည္သူ႔အသံ နားေထာင္၍ ျမန္မာ့ယဥ္ေက်းမႈႏွင့္အညီ ျပန္လည္ျပင္ဆင္ေတာ့မည္ဟု အေျခခံပညာေရး ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။

ဒသမတန္း သင္႐ိုးသစ္၏ “ဘဝတြက္တာ ကြၽမ္းက်င္စရာ” ဘာသာရပ္တြင္ ထည့္သြင္းေရးဆြဲထားေသာ ေရာဂါကင္းေဝး က်န္းမာေရးသင္ခန္းစာ၊ မ်ိဳးဆက္ပြားက်န္းမာေရး ႏွင့္ ဆယ္ေက်ာ္သက္အ႐ြယ္မ်ား ေပါင္းသင္းဆက္ဆံေရး သင္ခန္းစာမ်ားတြင္ ျပန္လည္သုံးသပ္ရန္ ျပင္ဆင္ေနျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ထိုကိစၥမ်ားကို ရွင္းလင္းရန္ ယေန႔ ေနျပည္ေတာ္ရွိ အမွတ္(၅) အေျခခံပညာအထက္တန္းေက်ာင္းတြင္ အေျခခံပညာ ဦးစီးဌာနက ဦးေဆာင္၍ သတင္းစာရွင္းလင္းပြဲ ျဖစ္လုပ္ခဲ့ျခင္းလည္း ျဖစ္ပါတယ္။

ထိုသင္ခန္းစာမ်ားမွာ လာမည့္ ဇူလိုင္လ စာသင္ေက်ာင္းမ်ား ျပန္ဖြင့္လွ်င္ စတင္ သင္ၾကားရမည္ ျဖစ္ေသာေၾကာင့္ ထိုကာလမတိုင္ခင္ ျပင္ဆင္ႏိုင္ရန္ ႀကိဳးပမ္းေနၿပီး သင္ၾကားရမည့္ ဆရာ/ဆရာမအား ယခုကာလ သင္တန္ေပးေနမႈတြင္လည္း ေဝဖန္မႈမ်ားရွိေနသည့္ လိင္ပညာေပးသင္ခန္းစာမ်ား ပါဝင္သည့္ ဘဝတြက္တာ ကြၽမ္းက်င္စရာ ဘာသာရပ္ထဲမွ အခန္း(၄)ႏွင့္(၅) ကိုမသင္ယူေစပဲ ေခတၱဆိုင္းငံထားေၾကာင္းသိရပါတယ္။

ဦးကိုေလးဝင္းက “အရင္ဆုံးေတာ့ ျပည္သူ႔အသံနားေထာင္ၿပီး က်ေနာ္တို႔ ျပင္စရာရွိတာေတြျပင္မယ္။ ဓေလ့ထုံးစံေတြ ယဥ္ေက်းမႈေတြ ဘယ္ေလာက္မ်ား ကြာဟေနလဲ၊ ကြာဟေနတာကိုေတာ့ က်ေနာ္တို႔ ျပန္ၿပီးေတာ့မွ ကြာဟမႈ အနည္းဆုံးျဖစ္ေအာင္ က်ေနာ္တို႔ႀကိဳးစားဖို႔ရွိတယ္” ဟု ေျပာပါတယ္။

သို႔ေသာ္ ဘဝတြက္တာ ကြၽမ္းက်င္စရာ ဘာသာရပ္စာအုပ္ကို ဆရာလမ္းၫႊန္ႏွင့္ ေက်ာင္းသားအတြက္ ဖတ္စာအုပ္ပါ ႏွစ္မ်ိဳးစလုံး ႐ိုက္ႏွိပ္ထုတ္ေဝၿပီး ျဖစ္ေသာေၾကာင့္ ျပန္လည္ျပင္ဆင္လွ်င္လည္း ေနာက္ဆက္တြဲစာအုပ္ျဖင့္ ျပင္ဆင္ခ်က္ ထုတ္ေဝရမည္ျဖစ္ၿပီး ယခုေက်ာင္းဖြင့္ခ်ိန္အမွီ ျပင္ဆက္ခ်က္မၿပီးပါက ထိုဖတ္စာအုပ္မ်ားကို ေက်ာင္းသားမ်ားထံ ျဖန႔္ေဝျခင္းကိုလည္း ေခတၱဆိုင္းငံ့မည္ဟု ဆိုပါတယ္။

ဘဝတြက္တာကြၽမ္းက်င္စရာဘာသာရပ္၏ သင္ခန္းစာတခုျဖစ္ေသာ ထြန္းထြန္းႏွင့္ခ်ိဳခ်ိဳ ဆိုသည့္ သင္ခန္းစာမွာ ယခုရက္ပိုင္းအတြင္း လူမႈကြန္ရက္စာမ်က္ႏွာတြင္ ျပန႔္ႏွံ႔ခဲ့ၿပီး ေဝဖန္မႈအမ်ားျပား ထြက္ေပၚလာျခင္း၊ ထိုသင္ခန္းစာကို မသင္ၾကားသင့္ေၾကာင္း ထုတ္ျပန္ခ်က္မ်ား ထုတ္ျပန္ျခင္း စသည့္ျဖစ္စဥ္မ်ား ျဖစ္ေပၚခဲ့ပါတယ္။

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေမာင္းသင္းကလည္း ထိုသင္ခန္းစာမ်ားႏွင့္ပတ္သက္၍ ျပင္ဆင္ျခင္း၊ ပယ္ဖ်က္ျခင္းမ်ား ျပဳလုပ္ရန္ ေမလ ၂၀ ရက္ေန႔က ျပည္သူ႔လႊတ္ေတာ္သို႔ အေရးႀကီးအဆိုတင္ခဲ့ေသာ္လည္း လႊတ္ေတာ္က လက္မခံဘဲ ပယ္ခ်ခဲ့သည္ဟုေျပာပါတယ္။

ေဒါက္တာေမာင္သင္းက “သင္႐ိုးၫႊန္းတမ္းဆိုတာ အားလုံးက ကိုယ္သင္ခ်င္တိုင္း သင္တာထက္ကို ယဥ္ေက်းမႈကို ထိခိုက္ပြန္းပဲ့ေစတဲ့ဥစၥာမ်ိဳး မျဖစ္ေအာင္ ျပင္ဖို႔လိုတာေပါ့။ ျပင္မယ္ဆိုတာက ဖတ္စာအုပ္ကိုတင္ ျပင္လို႔မရဘူး။ ဘယ္သူက ဒီပညာေတြကိုေပးမွာ လဲဆိုတဲ့ စနစ္ႀကီးတခုလုံးကို ျပင္ဆင္ေစခ်င္တာ။ ရွင္းရွင္းေျပာရရင္ ကေလးေတြကို ေဆးေပးတာ၊ အခုကေဘးျဖစ္ေနလို႔ဗ်ာ။ လူမႈအသိုင္းအဝန္းအရ က်ေနာ္တို႔က ကန႔္ကြက္ရတာ” ဟုေျပာပါတယ္။

ထိုသင္ခန္းစာမ်ားႏွင့္ပတ္သက္၍လည္း ဆရာႏွင့္တပည့္ သင္ၾကားသည့္ပုံစံက မသင့္ေတာ္ဘဲ ေက်ာင္းက်န္းမာေရးဌာနမွ လိင္ပညာေပးႏွင့္ပတ္သက္၍ အထူးျပဳေလ့လာထားေသာ ဆရာဝန္မ်ားက သင္ၾကားေပးလွ်င္ ပိုမိုသင့္ေတာ္ေၾကာင္း ၎က ေျပာပါတယ္။

ထိုသို႔ေဝဖန္မႈမ်ားရွိေနေသာ္လည္း ယခုသင္႐ိုးၫႊန္းတမ္းမ်ားကို သက္ဆိုင္ရာ ပညာရွင္မ်ားက အခ်ိန္ယူေရးဆြဲခဲ့ၿပီး ေက်ာင္းသားေက်ာင္းသူမ်ားကို စမ္းသပ္သင္ၾကားမႈမ်ား ျပဳလုပ္ၿပီးမွသာ သင္႐ိုးၫႊန္းတမ္းကို အတည္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ယင္းသတင္းစာရွင္းလင္းပြဲတြင္ ေျပာဆိုပါတယ္။

ျမန္မာႏိုင္ငံတြင္ ၂၀၁၇ ခုႏွစ္မွ ၂၀၂၀ ဧၿပီထိ သက္ငယ္မုဒိမ္းမႈ (၉၂၄) မႈျဖစ္ပြားခဲ့ၿပီး ထိုသို႔ အႏုတ္လကၡဏာေဆာင္သည့္ အက်ိဳးသက္ေရာက္မႈမ်ားမျဖစ္ပြားရန္ ဆယ္ေက်ာ္သက္မ်ားအတြက္ မ်ိဳးဆက္ပြားက်န္းမာေရး၊ လိင္ပညာေပးမ်ားကို မျဖစ္မေန သင္ၾကားေပးရန္ လိုအပ္ေၾကာင္း လူမႈဝန္ထမ္းဦးစီးဌာန ၫႊန္ၾကားမႉးခ်ဳပ္ ေဒါက္တာ စန္းစန္းေအးက ယင္းသတင္းစာရွင္းလင္းပြဲတြင္ ေျပာပါတယ္။

၎က “အဲလိုမ်ိဳး အႏုတ္လကၡဏာေဆာင္တဲ့ဥစၥာမ်ိဳးေတြ မျဖစ္ေစခ်င္ဘူး။ မျဖစ္ေစခ်င္တဲ့အတြက္ေၾကာင့္ က်မတို႔ႏိုင္ငံတခုတည္း ထူးျခားၿပီး သင္ေနတာမဟုတ္ဘူး။ ဆယ္ေက်ာ္သက္အ႐ြယ္ဆိုတာ အင္မတန္ မွားႏိုင္တယ္ က်မတို႔ အားလုံးျဖတ္သန္း လာခဲ့တာ” ဟု ေျပာပါတယ္။

ျပည္ၿမိဳ႕မွ ေက်ာင္းသားမိဘတဦးျဖစ္သူ ကိုရဲသြင္ဟိန္းက ၎၏ တတိယတန္းအ႐ြယ္ သမီးျဖစ္သူကို ပညာသင္ၾကားေပးေနသည့္ ပုဂၢလိက စာသင္ေက်ာင္းတခုတြင္ မိန္းကေလးမ်ားကို ခြဲကာ ရာသီေသြးေပၚျခင္း ကိစၥရပ္မ်ားကို ဆရာမမ်ားက သီးသန႔္သင္ၾကားေပးသည့္ စနစ္တခုကို စတင္က်င့္သုံးေနၿပီး ယခုကဲ့သို လိင္ပညာေပးကိစၥရပ္မ်ားမွာလည္း ေက်ာင္းသားေက်ာင္သူမ်ား လမ္းမွားမေရာက္ရန္ စနစ္တက် သင္ၾကားေပးသင့္သည္ဟုဆိုပါတယ္။

“ဆယ္တန္းကို ကိုယ္ေတြလည္း ျဖတ္သန္းခဲ့တာပဲ အဲဒီအ႐ြယ္မွာ အဲဒီထက္မကဘူး သိေနၿပီ။ ဒါေတြကလိမ္လို႔မရဘူး။ ျပဌာန္းစာအုပ္ထဲမွာ ထည့္သင္တာလည္း ေကာင္းတယ္။ ေနာက္ဆက္တြဲမွာျဖစ္လာမယ့္ ဆိုးက်ိဳးလိုမ်ိဳး ဟာေတြကို ေသခ်ာခ်ာ သင္ေပးသင့္တယ္။ စနစ္တက်သင္ႏိုင္ရင္ ကေလးေတြအတြက္ ေကာင္းတယ္”ဟု ၎ကေျပာပါတယ္။

ျမန္မာႏိုင္ငံတြင္ ဘဝတြက္တာ က်မ္းက်င္စရာဘာသာရပ္ကို ေက်ာင္းသား/သူမ်ား၏ အသက္အ႐ြယ္အလိုက္ လူမႈဘဝတြင္ လိုက္ေလ်ာညီေထြ ေနထိုင္တတ္ေစရန္ ဆိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ ၁၉၉၈ ခုႏွစ္ ပညာေရးျမႇင့္တင္မႈ အစီအစဥ္ရ အေျခခံပညာအဆင့္တြင္ ထည့္သြင္းသင္ၾကားခဲ့သည့္ ဘာသာရပ္တခုျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနမွသိရပါတယ္။

Bookshops (470) စာအုပ္အေရာင္းဆုိင္မ်ားႏွင့္ ပတ္သက္ျပီး (၄၇၀) ခုရွာရန္ႏွိပ္ပါ။

ထိုဘာသာရပ္ကို ၂၀၀၃-၂၀၀၄ ခုႏွစ္တြင္ UNICEF ၏ နည္းပညာအကူအညီျဖင့္ ျပန္လည္ျပဳစု၍ သင္ၾကားခဲ့ၿပီးေနာက္ NLD အစိုးရလက္ထက္ ၂၀၁၆ ႏွစ္မွစ၍ ယခုသင္႐ိုးသစ္မ်ား၏ သင္ၾကားသင္ယူမႈ ေမွ်ာ္မွန္းခ်က္မ်ား၊ ရလဒ္မ်ားႏွင့္ ကိုက္ညီေအာင္ သင္ခန္းစာမ်ားကို တည္းျဖတ္ ျပင္ဆင္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။

ထိုသို႔တည္းျဖတ္ျပင္ဆင္ရာတြင္ ပညာေရးသုေတသန၊ စီမံကိန္းႏွင့္ ေလ့က်င့္ေရးဦးစီးဌာန၊ အေျခခံပညာဦးစီးဌာန၊ အဆင့္ျမင့္ပညာဦးစီးဌာန၊ ျပန္သူ႔က်န္းမာေရး ဦးစီးဌာန၊ မိုးေလဝသႏွင့္ဇလေဗဒ ဦးစီးဌာနတို႔မွ ကြၽမ္းက်င္ပညာရွင္မ်ား၊ ပညာေရးေကာလိပ္ႏွင့္ အေျခခံပညာေက်ာင္းမ်ားမွ ဆရာ ဆရာမမ်ား ပူးေပါင္းျပဳစုခဲ့ေၾကာင္း ပညာေရးဝန္ႀကီးဌာနမွ သိရပါတယ္။

Credit: Irrawaddy
 

News Tips Latest Post Read 1710 times