Sales Hotline : 09448001653       Download App



ကိုရိုနာ ဗိုင်းရပ်ကူးစက်မှုများကြောင့် စာသင်ကျောင်းများ ပြန်ပိတ်ထား

ရောဂါကူးစက်နှုန်းများမှာ ကမ္ဘာလုံးဆိုင်ရာ အရေအတွက်နှင့် နှိုင်းယှဉ်လျှင် အနိမ့်ဆုံးဖြစ်သော်လည်း ရက်သတ္တပတ်များစွာ ကြာပြီးနောက်တွင် ယေဘုယျအားဖြင့် နံပတ်(၃၀) မှ (၄၀) အတွင်း သုံးဆမျှ ထိုးတက်လာခြင်းဖြစ်သည်။

ရောဂါဖြစ်ပွားမှု အသစ်အများစုသည် နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်ရှိသော ဆိုးလ်ဒေသတွင် ဖြစ်ပွားခြင်းဖြစ်သည်။ လွန်ခဲ့သောသီတင်းပတ်က ဖြစ်ပွားခဲ့သော ဖြစ်ရပ်များနှင့်နှိုင်းယှဉ်ပါက ၃ဆ ပိုမိုများပြားသည် ကိုလည်း တွေ့ရသည်။

ဆက်စပ်ဖတ်ရှုရန် >>> ရခိုင်ပြည်နယ်ရှိ ကျောင်းအားလုံး ပြန်ပိတ်

ပညာရေးဝန်ကြီး Yoo Eun-hae က သတင်းထောက်များကို “ သြဂုတ်လကတည်းက အစုလိုက်အပြုံလိုက် ကူးစက်ရောဂါဖြစ်ပွားမှုဟာ ငါတို့ကျောင်းသားတွေနဲ့ ၀န်ထမ်းတွေရဲ့ရောဂါကူးစက်မှုတွေကြောင့်ဖြစ်လာတယ်” ဟုပြောကြားခဲ့သည်။

“လွန်ခဲ့သော ၂ပတ်အတွင်း ကျောင်းသား ၂၀၀ခန့် နှင့် ကျောင်း၀န်ထမ်းများ သည် ဗိုင်းရပ်စ်ကူးစက်ခံနေရသည်” ဟု လည်း သူမကဆိုသည်။

ဆက်စပ်ဖတ်ရှုရန် >>>လပတ်စာမေးပွဲစစ်ဆေးခြင်းကို အခြေခံပညာအထက်တန်းကျောင်းအားလုံးဖွင့်ပြီးမှ စစ်ဆေးမည်

 ဖေဖော်ဝါရီလစ မှစ၍ ကူးစက်နှုန်းပမာဏမှာ တစ်ဖြည်းဖြည်း ကျဆင်းလာသောကြောင့် တောင်ကိုရီးယားမှ ကျောင်းအများစုကို မေလ (၂၀) မှ ဇွန်လ (၁) ရက်နေ့ အတွင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။

သြဂုတ်လ ၂၅ ရက်တွင် လူ ဦး ရေ ၅၂ သန်း၏ တစ်ဝက်နေထိုင်သော တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးမြို့တော် ဖြစ်သောဆိုးလ်မြို့တွင် ကျောင်းများနှင့် သူငယ်တန်းများ အားလုံးကို အွန်လိုင်းအတန်းသို့ ပြောင်းရန်အမိန့်ပေးခဲ့သည်။

By Myanmar Education Guide – EDGE

Ref: CNA News

 

 

 

Latest Post News Read 2807 times