Sales Hotline : 09448001653       Download App



ရခိုင်ပြည်နယ်ရှိ ကျောင်းအားလုံး ပြန်ပိတ်

ပြည်တွင်းကူးစက်လူနာတွေ ဆက်တိုက်တွေ့ရပြီး ရခိုင်ပြည်နယ်ရှိ  ကျောင်းတွေအားလုံး ပြန်ပိတ်ထားဖို့နဲ့ စစ်တွေမြို့နယ်ကို ယမန်နေ့ညတွင် Stay at Home အမိန့် ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ လက်ရှိဖွင့်ထားတဲ့ ကျောင်းတွေအားလုံး ယာယီပိတ်ထား ကြဖို့နဲ့ နောက်ထပ်ဖွင့်ဖို့ စီစဉ်ထားတဲ့ အထက်တန်းကျောင်းတွေကိုလည်း ဆိုင်းငံ့ထားဖို့ ညွှန်ကြားလိုက်ပါတယ်။

Stay at Home ကလာအတွင်း စစ်တွေမြို့နယ်ကနေ တခြားပြည်နယ်နဲ့ တိုင်းတွေကို သွားမယ့်သူတွေရှိရင် ရခိုင်ပြည်နယ်အစိုးရက စိစစ်ခွင့်ပြုဖို့၊ ရောက်ရှိမယ့် ပြည်နယ်နဲ့ တိုင်း ဝင်ပေါက်တို့မှာလည်း ၂၁ ရက်ကြာ ကန့်သတ်စောင့်ကြည့်မှာဖြစ်သလို ဓာတ်ခွဲနမူနာ ၂ ကြိမ်ရယူ စစ်ဆေးမယ်လို့ သိရပါတယ်။

အသေးစိတ်သိရှိရန် ပုံကိုထိပါ

No description available.

 

အလားတူ စစ်တွေမြို့မဈေး ကြီးကိုလည်း အချိန်အကန့်အ သတ်ဖြင့် ဖွင့်လှစ်ရန်သက်ဆိုင်ရာ က ညွှန်ကြားထားပြီး ဆိုင်များကို လည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်သာ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

Stay at Home အမိန့်ကိုတော့ ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်တာဖြစ်ပြီး အစိုးရဌာန၊ အဖွဲ့အစည်းနဲ့ ကုမ္ပဏီအလုပ်ရုံတို့မှာ လုပ်ကိုင်သူတွေကလွဲပြီး အိမ်မှာပဲနေကြဖို့၊ မဖြစ်မနေ ဈေးဝယ်ထွက်ဖို့ အတွက် တအိမ်က တယောက်ပဲ ထွက်ဖို့၊ ဆေးရုံ ဆေးခန်းကို ၂ ယောက်ပဲ သွားဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ကြဖို့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

Latest Post News Read 1924 times