Sales Hotline : 09448001653       Download App



နေထိုင်မှုပုံစံပြောင်းလဲဖွင့်လှစ်မည့် စာသင်ကျောင်းများ

** Unicode **

စာသင်ကျောင်းများအား နေထိုင်မှုပုံစံပြောင်းကာ ပြန်ဖွင့်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုက်ရိုက် Live ထုတ်လွှင့်မှု အစီအစဉ်အဆုံးပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ရောဂါကြောင့် ကျောင်းများ အမြဲပိတ်ထား၍ မရကြောင်းနှင့် သင်ယူမှု၊ သင်ကြားမှု ပုံစံပြောင်းလဲပြီး ကျောင်းများပြန်ဖွင့်ရမည် ဟု ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ စာသင်ခန်းတွင် ကျောင်းသား/သူ လူဦးရေးမှာ များပြားပြီး အခန်းတစ်ခန်းတွင် လူဦးရေ (၅၀) ကျော်ရှိပါတယ်။ 

ယခုအခါတွင် ကျောင်းသား/သူ တစ်ဦးနှင့် တစ်ဦး ခပ်ခွခွာ စာသင်ရမည့်စနစ်ကို ကျင့်သုံးရမည့်ဖြစ်သောကြောင့် နေရာအခက်အခဲများရှိလာပါတယ်။

အခန်း တစ်ခန်းနေရာတွင် နှစ်ခန်း၊ သုံးခန်းလောက် ရှိမှသာအဆင်ပြေမှာဖြစ်ကြောင်း ထည့်သွင်းစဉ်းစားသင့်ကြောင့် ဒေါ်အောင်ဆန်းစုကြည် မှပြောဆိုခဲ့ပါတယ်။


“ ကျောင်းတွေက အမြဲပိတ်ထားလို့လည်း မရဘူး။ ပြန်ဖွင့်ရတဲ့အခါ ကလေးတွေကို ခွာခွာထားဖို့ဆိုရင် ဒီနိုင်ငံကကျောင်းတွေက တစ်တန်းတစ်တန်းမှာ ကျောင်းသား ကျောင်းသူတွေများတယ်။ များတဲ့အတွက် ကပ်ပြီးတော့ ထိုင်ရတယ်။ ခွဲလိုက်လို့ရှိရင် ဘယ်နှတန်း ပိုလိုမလဲ။ အရင်တုန်းကဆိုရင် တစ်တန်း တည်းဝင်တဲ့ ကလေးတွေက ခွဲလိုက်တဲ့အခါမှာ သုံးတန်းလောက်လိုမှာလား။ သုံးခန်းလောက်လိုမှာလား ” ဟုဒေါ်အောင်စုကြည်က ပြောပါတယ်။

High School အထက်တန်းကျောင်းများ (251) High School နှင့်ပတ်သက်ပြီး သင်တန်း (၂၅၁)ခု ရှာရန်နှိပ်ပါ။

၎င်းပြင် COVID-19 ရောဂါကို မြန်မြန်မထိန်းချုပ်နိုင်သည့်တိုင် ကျောင်းများ ဆက်ပိတ်ထား၍မရဘဲ အခြားပုံစံတစ်ခုခုနှင့် ဖွင့်လှစ်ရမည်ဖြစ်ပြီး လက်ရှိ ကာလအတွင်း နိုင်ငံတကာ တက္ကသိုလ်တချို့၏ အင်တာနက်အခြေပြု သင်ကြားရေး နည်းလမ်းများမှာလည်း အခက်ခဲများရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“ကျောင်းတွေကတော့ ပြန်ဖွင့်ရမှာပဲ။ ရောဂါပျောက်တဲအထိ ကျောင်းတွေ စောင့်မယ့်ဆိုတာက မလွယ်ဘူး။ အချို့နိုင်ငံတွေမှာက အင်တာနက်ကနေ သင်တာတောင် မကျေနပ်တာတွေရှိတယ် ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အွန်လိုင်းသင်ကြားမှုသည် စာသင်ခန်းအတွင်း သင်ကြားမှု၊ သင်ယူမှုနှင့် အလွန်ကွာခြားပြီး အမေရိကန် တက္ကသိုလ်အချို့တွင် ကျောင်းလခစရိတ်များကြီး မြင့်သဖြင့် အွန်လိုင်းသင်ယူမှုအပေါ် ဆန့်ကျင်ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ကြောင်းသိရပါတယ်။

Credit: Vital News Now
(www.edge.com.mm)
 

** Zawgyi **

စာသင္ေက်ာင္းမ်ားအား ေနထိုင္မႈပုံစံေျပာင္းကာ ျပန္ဖြင့္ရမည္ျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ တိုက္႐ိုက္ Live ထုတ္လႊင့္မႈ အစီအစဥ္အဆုံးပိုင္းတြင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က COVID-19 ေရာဂါေၾကာင့္ ေက်ာင္းမ်ား အၿမဲပိတ္ထား၍ မရေၾကာင္းႏွင့္ သင္ယူမႈ၊ သင္ၾကားမႈ ပုံစံေျပာင္းလဲၿပီး ေက်ာင္းမ်ားျပန္ဖြင့္ရမည္ ဟု ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရွိ စာသင္ခန္းတြင္ ေက်ာင္းသား/သူ လူဦးေရးမွာ မ်ားျပားၿပီး အခန္းတစ္ခန္းတြင္ လူဦးေရ (၅၀) ေက်ာ္ရွိပါတယ္။ 

ယခုအခါတြင္ ေက်ာင္းသား/သူ တစ္ဦးႏွင့္ တစ္ဦး ခပ္ခြခြာ စာသင္ရမည့္စနစ္ကို က်င့္သုံးရမည့္ျဖစ္ေသာေၾကာင့္ ေနရာအခက္အခဲမ်ားရွိလာပါတယ္။

အခန္း တစ္ခန္းေနရာတြင္ ႏွစ္ခန္း၊ သံုးခန္းေလာက္ ရွိမွသာအဆင္ေျပမွာျဖစ္ေၾကာင္း ထည့္သြင္းစဥ္းစားသင့္ေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ မွေျပာဆိုခဲ့ပါတယ္။


“ ေက်ာင္းေတြက အၿမဲပိတ္ထားလို႔လည္း မရဘူး။ ျပန္ဖြင့္ရတဲ့အခါ ကေလးေတြကို ခြာခြာထားဖို႔ဆိုရင္ ဒီႏိုင္ငံကေက်ာင္းေတြက တစ္တန္းတစ္တန္းမွာ ေက်ာင္းသား ေက်ာင္းသူေတြမ်ားတယ္။ မ်ားတဲ့အတြက္ ကပ္ၿပီးေတာ့ ထိုင္ရတယ္။ ခြဲလိုက္လို႔ရွိရင္ ဘယ္ႏွတန္း ပိုလိုမလဲ။ အရင္တုန္းကဆိုရင္ တစ္တန္း တည္းဝင္တဲ့ ကေလးေတြက ခြဲလိုက္တဲ့အခါမွာ သုံးတန္းေလာက္လိုမွာလား။ သုံးခန္းေလာက္လိုမွာလား ” ဟုေဒၚေအာင္စုၾကည္က ေျပာပါတယ္။

High School အထက္တန္းေက်ာင္းမ်ား (251) High School ႏွင့္ပတ္သက္ျပီး သင္တန္း (၂၅၁)ခု ရွာရန္ႏွိပ္ပါ။

၄င္းျပင္ COVID-19 ေရာဂါကို ျမန္ျမန္မထိန္းခ်ဳပ္ႏိုင္သည့္တိုင္ ေက်ာင္းမ်ား ဆက္ပိတ္ထား၍မရဘဲ အျခားပုံစံတစ္ခုခုႏွင့္ ဖြင့္လွစ္ရမည္ျဖစ္ၿပီး လက္ရွိ ကာလအတြင္း ႏိုင္ငံတကာ တကၠသိုလ္တခ်ိဳ႕၏ အင္တာနက္အေျချပဳ သင္ၾကားေရး နည္းလမ္းမ်ားမွာလည္း အခက္ခဲမ်ားရွိေနေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

“ေက်ာင္းေတြကေတာ့ ျပန္ဖြင့္ရမွာပဲ။ ေရာဂါေပ်ာက္တဲအထိ ေက်ာင္းေတြ ေစာင့္မယ့္ဆိုတာက မလြယ္ဘူး။ အခ်ိဳ႕ႏိုင္ငံေတြမွာက အင္တာနက္ကေန သင္တာေတာင္ မေက်နပ္တာေတြရွိတယ္ ’’ ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

အြန္လိုင္းသင္ၾကားမႈသည္ စာသင္ခန္းအတြင္း သင္ၾကားမႈ၊ သင္ယူမႈႏွင့္ အလြန္ကြာျခားၿပီး အေမရိကန္ တကၠသိုလ္အခ်ိဳ႕တြင္ ေက်ာင္းလခစရိတ္မ်ားႀကီး ျမင့္သျဖင့္ အြန္လိုင္းသင္ယူမႈအေပၚ ဆန႔္က်င္ကန႔္ကြက္မႈမ်ားႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ထည့္သြင္းေျပာၾကားခဲ့ေၾကာင္းသိရပါတယ္။

Credit: Vital News Now
(www.edge.com.mm)
 

News News Tips Latest Post Tips Read 30608 times