Sales Hotline : 09448001653       Download App



ကိုယ်ပိုင်ကျောင်းသစ်များဖွင့်လှစ်ရန်နှင့်သက်တမ်းတိုးရန်အောက်တိုဘာ(၂၆)ရက်နောက်ဆုံးထား

ကိုယ်ပိုင်ကျောင်းသစ်များဖွင့်လှစ်ရန်နှင့်သက်တမ်းတိုးရန်အောက်တိုဘာ(၂၆)ရက်နောက်ဆုံးထား

**Unicode**

 

၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်အတွက် ရန်ကုန်တိုင်းတွင် ကိုယ်ပိုင်ကျောင်းသစ်များဖွင့်လှစ်ရန်နှင့် သက်တမ်းတိုးရန် အောက်တိုဘာ (၂၆) ရက်နောက်ဆုံးထားဆောင်ရွက်ရပါမည်။

ရန်ကုန်တိုင်းတွင် ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်အတွက် ကိုယ်ပိုင်ကျောင်းအသစ်များဖွင့်လှစ်ရန်နှင့် သက်တမ်းတိုးရန် အောက်တိုဘာ (၂၆) ရက် နောက်ဆုံးထားဆောင်ရွက်ရမည်ဟု ရန်ကုန်တိုင်းပညာရေးမှူးရုံးက ကြေညာထားပါသည်။

ကိုယ်ပိုင်ကျောင်းအသစ်ဖွင့်လှစ်လိုသူများနှင့် ယခင်နှစ်များကဖွင့်လှစ်ခွင့်ရပြီး သက်တမ်းတိုးလျှောက်ထားလိုသူများ၊ အတန်းတိုးခြင်းနှင့် အဆင့်တိုးလျှောက်ထားလိုသူများအတွက် မှတ်ပုံတင်ခွင့်လျှောက်လွှာများကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရပါသည်။

 

မှတ်ပုံတင်ခွင့်လျှောက်လွှာများကို ရန်ကုန်တိုင်းပညာရေးမှူးရုံးတွင် စက်တင်ဘာ (၂၇) ရက်မှ စတင်ထုတ်ယူနိုင်ပြီဖြစ်ပါသည်။

အောက်တိုဘာ (၂၆) ရက် နောက်ဆုံးထား၍လျှောက်လွှာများကို ပြန်လည်တင်ပြရမည်ဖြစ်ပြီး သတ်မှတ်ရက်ထက်နောက်ကျတင်ပြသော လျှောက်လွှာများကို လက်ခံမည်မဟုတ်ကြောင်း တိုင်းပညာရေးမှူးရုံးကကြေညာထားပါသည်။

 

ကိုယ်ပိုင်ကျောင်းများအားဖွင့်လှစ်ခွင့်ပြုရန် အချက် (၁၇) ချက်ဖြင့်စစ်ဆေးကြောင်းသိရပါသည်။

“မြေပိုင်ဆိုင်မှုအထောက်အထားရှိရမယ်။ ငှားတာပဲဖြစ်စေ၊ ပိုင်တာပဲဖြစ်စေ။ နောက်တစ်ခုကသူ့မှာ ကျောင်းနဲ့တူတဲ့ ဝန်းကျင်ရှိရမယ်။ ကစားကွင်းရှိမယ်။ စာသင်ခန်းသည် စာသင်ခန်းနဲ့တူရမယ်။ ပြီးရင်ဘေးပတ်ဝန်းကျင်မှာ နေထိုင်သူတွေက ကျောင်းဖွင့်တာကို လက်ခံပါတယ်ဆိုတဲ့ ထောက်ခံချက်တွေလိုပါတယ်။ နောက်တစ်ခုက ဆရာဦးရေကိုလုံလောက်စွာထားရှိရမယ်။ ပတ်ဝန်းကျင်ဟာ လေဝင်လေထွက်ကောင်းရမယ်၊ သန့်ရှင်းသပ်ရပ်ရမယ်။ အဲ့ဒါတွေနဲ့စိစစ်တာပါ” ဟု ရန်ကုန်တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ရန်ကုန်တိုင်းတွင် ယခု ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်တွင် ကိုယ်ပိုင်ကျောင်းအသစ် (၃၃) ခုခွင့်ပြုထားပြီး ကိုယ်ပိုင်ကျောင်းပေါင်း (၂၃၀) အထိရှိလာကြောင်း ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေကပြောကြားပါသည်။

ကိုယ်ပိုင်ကျောင်းများကို ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေနှင့် နည်းဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုအပေါ်မူတည်၍ စမ်းသပ်ကာလဖြင့် တစ်နှစ်သက်တမ်းကျောင်း၊ ယာယီခွင့်ပြုချက်အရ (၂) နှစ်သက်တမ်းကျောင်းနှင့် (၅) နှစ်သက်တမ်းကျောင်းဟူ၍ သက်တမ်းများခွဲခြားဖွင့်လှစ်ခွင့်ပြုကြောင်း သိရပါသည်။

 

ကိုယ်ပိုင်ကျောင်းများကို ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ်တွင် တစ်နိုင်ငံတွင်စတင်ဖွင့်လှစ်ခွင့်ပြုခဲ့ပါသည်။

ကိုယ်ပိုင်ကျောင်းများတည်ထောင်ခွင့်ပြုရန် (၂၀၁၁) ဒီဇင်ဘာတွင် (၂၀၁၁) ခုနှစ်ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၄) ဖြင့် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေကို ပြဌာန်းခဲ့ကြောင်းသိရသည်။

Source: Daily Eleven

 

**Zawgyi**

၂၀၂၀ - ၂၀၂၁ ပညာသင္ႏွစ္အတြက္ ရန္ကုန္တိုင္းတြင္ ကိုယ္ပိုင္ေက်ာင္းသစ္မ်ားဖြင့္လွစ္ရန္ႏွင့္ သက္တမ္းတိုးရန္ ေအာက္တိုဘာ (၂၆) ရက္ေနာက္ဆံုးထားေဆာင္ရြက္ရပါမည္။

 

ရန္ကုန္တိုင္းတြင္ ၂၀၂၀ - ၂၀၂၁ ပညာသင္ႏွစ္အတြက္ ကိုယ္ပိုင္ေက်ာင္းအသစ္မ်ားဖြင့္လွစ္ရန္ႏွင့္ သက္တမ္းတိုးရန္ ေအာက္တိုဘာ (၂၆) ရက္ ေနာက္ဆံုးထားေဆာင္ရြက္ရမည္ဟု ရန္ကုန္တိုင္းပညာေရးမွဴးရံုးက ေၾကညာထားပါသည္။

 

ကိုယ္ပိုင္ေက်ာင္းအသစ္ဖြင့္လွစ္လိုသူမ်ားႏွင့္ ယခင္ႏွစ္မ်ားကဖြင့္လွစ္ခြင့္ရၿပီး သက္တမ္းတိုးေလွ်ာက္ထားလိုသူမ်ား၊ အတန္းတိုးျခင္းႏွင့္ အဆင့္တိုးေလွ်ာက္ထားလိုသူမ်ားအတြက္ မွတ္ပံုတင္ခြင့္ေလွ်ာက္လႊာမ်ားကို ေလွ်ာက္ထားႏိုင္ၿပီျဖစ္ေၾကာင္း သိရပါသည္။

 

Employment Agencies (219) အလုပ္အကုိင္ေအဂ်င္ဆီမ်ားႏွင့္ ပတ္သက္ျပီး (219) ခုရွာရန္ႏွိပ္ပါ။

 

မွတ္ပံုတင္ခြင့္ေလွ်ာက္လႊာမ်ားကို ရန္ကုန္တိုင္းပညာေရးမွဴးရံုးတြင္ စက္တင္ဘာ (၂၇) ရက္မွ စတင္ထုတ္ယူႏုိင္ၿပီျဖစ္ပါသည္။

 

ေအာက္တိုဘာ (၂၆) ရက္ ေနာက္ဆံုးထား၍ေလွ်ာက္လႊာမ်ားကို ျပန္လည္တင္ျပရမည္ျဖစ္ၿပီး သတ္မွတ္ရက္ထက္ေနာက္က်တင္ျပေသာ ေလွ်ာက္လႊာမ်ားကို လက္ခံမည္မဟုတ္ေၾကာင္း တုိင္းပညာေရးမွဴးရံုးကေၾကညာထားပါသည္။

 

Electronic Dictionary (1) အီလက္တေရာႏွစ္ ကုမၸဏီမ်ားႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

 

ကိုယ္ပိုင္ေက်ာင္းမ်ားအားဖြင့္လွစ္ခြင့္ျပဳရန္ အခ်က္ (၁၇) ခ်က္ျဖင့္စစ္ေဆးေၾကာင္းသိရပါသည္။

 

ေျမပိုင္ဆိုင္မႈအေထာက္အထားရွိရမယ္။ ငွားတာပဲျဖစ္ေစ၊ ပိုင္တာပဲျဖစ္ေစ။ ေနာက္တစ္ခုကသူ႔မွာ ေက်ာင္းနဲ႔တူတဲ့ ဝန္းက်င္ရွိရမယ္။ ကစားကြင္းရွိမယ္။ စာသင္ခန္းသည္ စာသင္ခန္းနဲ႔တူရမယ္။ ၿပီးရင္ေဘးပတ္ဝန္းက်င္မွာ ေနထိုင္သူေတြက ေက်ာင္းဖြင့္တာကို လက္ခံပါတယ္ဆိုတဲ့ ေထာက္ခံခ်က္ေတြလိုပါတယ္။ ေနာက္တစ္ခုက ဆရာဦးေရကိုလံုေလာက္စြာထားရွိရမယ္။ ပတ္ဝန္းက်င္ဟာ ေလဝင္ေလထြက္ေကာင္းရမယ္၊ သန္႔ရွင္းသပ္ရပ္ရမယ္။ အဲ့ဒါေတြနဲ႔စိစစ္တာပါ” ဟု ရန္ကုန္တိုင္းပညာေရးမွဴးရံုးမွ တာဝန္ရွိသူတစ္ဦးကေျပာၾကားသည္။ ရန္ကုန္တိုင္းတြင္ ယခု ၂၀၁၉- ၂၀၂၀ ပညာသင္ႏွစ္တြင္ ကိုယ္ပိုင္ေက်ာင္းအသစ္ (၃၃) ခုခြင့္ျပဳထားၿပီး ကိုယ္ပိုင္ေက်ာင္းေပါင္း (၂၃၀) အထိရွိလာေၾကာင္း ရန္ကုန္တိုင္းေဒသၾကီးပညာေရးမွဴးရံုးမွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒၚခင္မာေဆြကေျပာၾကားပါသည္။

 

ကိုယ္ပိုင္ေက်ာင္းမ်ားကို ကိုယ္ပိုင္ေက်ာင္းမွတ္ပံုတင္ဥပေဒႏွင့္ နည္းဥပေဒျပဌာန္းခ်က္မ်ားႏွင့္ ကိုက္ညီမႈအေပၚမူတည္၍ စမ္းသပ္ကာလျဖင့္ တစ္နွစ္သက္တမ္းေက်ာင္း၊ ယာယီခြင့္ျပဳခ်က္အရ () ႏွစ္သက္တမ္းေက်ာင္းႏွင့္ () ႏွစ္သက္တမ္းေက်ာင္းဟူ၍ သက္တမ္းမ်ားခဲြျခားဖြင့္လွစ္ခြင့္ျပဳေၾကာင္း သိရပါသည္။

 

Read More:>>>> တကၠသိုလ္ဝင္ခြင့္ကို ျပည့္စံုစြာေလွ်ာက္ထားခဲ့ျခင္းမရွိသူမ်ားကို ဦးစားေပးတကၠသိုလ္မ်ားက ထပ္မံေလွ်ာက္ထားခြင့္ေပးေန

 

ကိုယ္ပိုင္ေက်ာင္းမ်ားကို ၂၀၁၂ - ၂၀၁၃ ပညာသင္ႏွစ္တြင္ တစ္ႏိုင္ငံတြင္စတင္ဖြင့္လွစ္ခြင့္ျပဳခဲ့ပါသည္။

 

ကိုယ္ပိုင္ေက်ာင္းမ်ားတည္ေထာင္ခြင့္ျပဳရန္ (၂၀၁၁) ဒီဇင္ဘာတြင္ (၂၀၁၁) ခုႏွစ္ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒအမွတ္ (၁၄) ျဖင့္ ကိုယ္ပိုင္ေက်ာင္းမွတ္ပံုတင္ဥပေဒကို ျပဌာန္းခဲ့ေၾကာင္းသိရသည္။

 

Source: Daily Eleven

 

International/Private Read 1244 times