Sales Hotline : 09448001653       Download App
မူလတန်းနှင့် အလယ်တန်းအတင့် စာစီစာကုံးပြိုင်ပွဲ
** Unicode **
ယခုစာစီစာကုံးပြိုင်ပွဲအစီအစဉ်ကို အလိမ္မာကလေး မဂ္ဂဇင်းမှ ဦးစီးကျင်းပခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ မည်သည့်ဒေသမှ မည့်သည့်ကျောင်းများမဆို မူလတန်းနှင့်အလယ်တန်းကျောင်းသားများပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။
ပဏာမအဆင့်အနေဖြင့် မူလတန်းတွင် (၁၀)ယောက်၊ အလယ်တန်းတွင် (၁၀) ယောက်ရွေးချယ်ပြီး အုပ်ထိန်းသူတစ်ဦးနှင့်အတူ ရန်ကုန်မြို့သိုပ (၂၆-၆-၂၀၂၀) နေ့ အရောက်ခေါ်ယူပြီး (၂၇-၆-၂၀၂၀) နေ့တွင်ထပ်မံစစ်ဆေးမည်ဖြစ်ပါတယ်။
နေထိုင်စားသောက်စရိတ်အဖြစ် ရန်ကုန်တိုင်းအတွင်းမှ ရွေးချယ်ခံရသော ကျောင်းသား/သူများကို (၁ သောင်း) နှင့် နယ်မှ ကျောင်းသား/သူများဖြစ်ပါက (၇ သောင်း) ကျပ်ကိုပေးအပ်မည်ဖြစ်ပါတယ်။
မူလတန်းများအတွက်...
ပထမဆု (၃သိန်း)
ဒုတိယဆု (၂သိန်း)
တိယဆု (၁သိန်း) 
အထူးဆု (၅ သောင်း)
အလယ်တန်းများအတွက်...
ပထမဆု (၄သိန်း)
ဒုတိယဆု (၃သိန်း)
တတိယဆု (၁သိန်း)
အထူးဆု (၅သောင်း) တို့ချီးမြင့်မည်ဖြစ်ပါတယ်။
ပဏာမရွေးချယ်ထားသော ကျောင်းသား/သူများသည် တော်ဝင်နှင်းဆီခန်းမသို့ ( ၂၇-၆-၂၀၂၀) ရက်နံနက် (၉) နာရီရောက်ရှိရမည်ဖြစ်ပါတယ်။
ဇွန်လ (၂၈) ရက်နေ့ နံနက် (၁၁) နာရီတွင် အဆိုပါ ခန်းမတွင် ဆုရရှိသူများအား သက်ဆိုင်ရာ ပုဂ္ဂိုလ်များက ဆုချီးမြင့်မည်ဖြစ်ပါတယ်။
ပြိုင်ပွဲဝင်ကျောင်းသား/သူများသည် အမည်၊ မိဘအမည်၊ ကျောင်းအမည်၊ ဆက်သွယ်ရန်လိပ်စာများကို အပြည့်အစုံ ဖော်ပြရမည်ဖြစ်သည့်အပြင် ပတ်စပို့ဓာတ်ပုံ (၂) ပုံကို ပူးတွဲပေးပို့ရမည်ဖြစ်ပါတယ်။
**ဆက်သွယ်၍ မရလျှင်ပယ်ဖျက်မည်ဖြစ်ပါတယ်။**
ပြိုင်ပွဲဝင်စာစီစာကုံးသည် မိမိကိုယ်တိုင်ရေးသားသည်မှာမှန်ကန်ကြောင်း ကိုယ်တိုင်လက်မှတ်ရေးထိုးရမည့်အပြင် မြန်မာစာပြကျောင်းဆရာတစ်ဦး၏ ထောက်ခံချက်ပါရှိရမည်ဖြစ်ပါတယ်။
**စာစီစာကုံးခေါင်းစဉ်**
မူလတန်း...
- အပျော်ဆုံးနေ့
- ကျောင်းသန့်ရှင်းရေး
- ချစ်စရာကျောင်းသော တိရစ ္ဆာန်
- ကျွနု်ပ်အချစ်ဆုံးဆရာ
အလယ်တန်း...
- ခရီးသွားလာခြင်းအကျိုး
- သက်ရှိလောက တည်မြဲဖို့ သစ်ပင်များကိုစိုက်ကြစို့
- ကျွနု်ပ်အနှစ်သက်ဆုံး အားကစား
- အမှိုက်ကင်းစင် တို့ဝန်းကျင်
စာမူများကို  (၂-၆-၂၀၂၀) ရက်နေ့အရောက်အောက်ပါလိပ်စာသို့ ပေးပို့ရမည်ဖြစ်ပါတယ်။
Read Mored:>>>>  စစ်ကိုင်းရှိသမဝါယတက္ကသိုလ်မှ အချိန်ပိုင်းသင်တန်းသားခေါ်ယူခြင်း
အလိမ္မာကလေး မဂ္ဂဇင်း၊ ၁/၂၇(က)၊ ပိတောက်ရိပ်ငြိမ်၊ (၃) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် ၀၉-၄၄၃၀၀၉၇၀၀၊ ၀၉-၆၆၆၀၃၃၃၈၃ ဖြစ်ပါတယ်။
Credit ကြေးမုံ
** Zawgyi **
မူလတန်းများအတွက်...
ပထမဆု (၃သိန်း)
ဒုတိယဆု (၂သိန်း)
တိယဆု (၁သိန်း) 
အထူးဆု (၅ သောင်း)
အလယ်တန်းများအတွက်...
ပထမဆု (၄သိန်း)
ဒုတိယဆု (၃သိန်း)
တတိယဆု (၁သိန်း)
**စာစီစာကုံးခေါင်းစဉ်**
မူလတန်း...
- အပျော်ဆုံးနေ့
- ကျောင်းသန့်ရှင်းရေး
- ကျွန်ုပ်အချစ်ဆုံးဆရာ
အလယ်တန်း...
- ကျွန်ုပ်အနှစ်သက်ဆုံး အားကစား
Read More;>>>>  စစ်ကိုင်းရှိသမဝါယတက္ကသိုလ်မှ အချိန်ပိုင်းသင်တန်းသားခေါ်ယူခြင်း
Credit ကြေးမုံ
Tips News News Tips Latest Post Read 5044 times