Sales Hotline : 09448001653       Download App



သင်တန်းဆင်းပြီးသည့် ဆရာ၊ ဆရာမများကိုသာ ကေဂျီတန်းနှင့် ပထမတန်းတို့တွင် သင်ကြားမှုတာဝန်ပေးရန် ညွှန်ကြား

သင်တန်းဆင်းပြီးသည့် ဆရာ၊ ဆရာမများကိုသာ ကေဂျီတန်းနှင့် ပထမတန်းတို့တွင် သင်ကြားမှုတာဝန်ပေးရန် ညွှန်ကြား

ယခင် ပညာသင်နှစ်မှ စတင်ကာ သူငယ်တန်းကို သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားနေသလို ယခုပညာသင်နှစ်တွင်လည်း ပထမတန်းကို သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားလျက်ရှိရာ သင်ကြားသင်ယူမှု လုပ်ငန်းများ ထိရောက်စွာ ဖြစ်ပေါ်နိုင်ရေးအတွက် အဆိုပါအတန်းများကို သင်တန်းဆင်းထားသော ဆရာ၊ ဆရာမများကိုသာ တာဝန်ပေး သင်ကြားခိုင်းရမည် ဖြစ်သည်။

အခြေခံပညာကျောင်းများတွင် ပထမတန်းနှင့် သူငယ်တန်း သင်ရိုးအသစ် သင်တန်းတက်ရောက်ထားခြင်း မရှိသော ဆရာ၊ ဆရာမများရှိနေပါက မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများ တက်ရောက်စေပြီးမှသာ ယင်းအတန်းများကို တာဝန်ပေး သင်ကြားရန် ညွှန်ကြားထားသည်။

READ - နိုင်ငံခြားဘာသာစကား သင်တန်းလျှောက်လွှာများကို စက်တင်ဘာ ၁၈ ရက်နေ့ စတင်လျှောက်ထားနိုင်

“သူငယ်တန်းနဲ့ ပထမတန်းဆိုတာ ပညာရှင်တွေက သေချာစိစစ်ရေးသားထားတဲ့ သင်ရိုးတွေနဲ့ သင်နေတဲ့ အတန်းများ ဖြစ်ပါတယ်။ ဒီအတန်းတွေကို သင်ရမယ့် ဆရာများကလည်း သင်တန်းတွေကို သေချာတက်ထားပြီးတဲ့ ဆရာတွေဖြစ်ဖို့ လိုအပ်ပါတယ်။ သင်ရိုးအသစ် သင်တန်းများကို တက်ရောက်ထားခြင်းမရှိတဲ့ ဆရာတွေ သင်မယ်ဆိုရင်လည်း ရတယ်။ ဒါပေမယ့် သင်ရိုးရဲ့ သဘောသဘာဝတွေကို သေချာစွာ မသိသေးတဲ့အတွက် သင်ကြားသင်ယူမှု လုပ်ငန်းတွေက ထိရောက်မှာ မဟုတ်ပါဘူး။” ဟု ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာ သင်ရိုးများကို ယခင်နှစ်မှ စတင်ကာ တစ်နှစ်လျှင် တစ်တန်းနှုန်းဖြင့် ပြုပြင်ပြောင်းလဲပြီး အသစ်ပြဌာန်းလိုက်သော သင်ရိုးများကို သင်ကြားမည့် ဆရာ၊ ဆရာမများအား သင်တန်းများ အဆင့်ဆင့်ပေးပြီး သင်ကြားရေးလုပ်ငန်းများ ထိရောက်စေရန် ဆောင်ရွက်ထားကြောင်း သိရသည်။

“နေ့စား လပေးနဲ့ ၀င်ပြီး သင်နေတဲ့ ဆရာတွေထဲမှာ သင်တန်းမပေးရသေးတဲ့သူတွေ ပါလာရင် မသင်ခိုင်းဖို့ လိုပါတယ်။ သူတို့က အစိမ်းသက်သက် ၀င်လာတဲ့ သူတွေဆိုတော့ ဒီအတန်းတွေ သင်မယ်ဆိုရင် အဆင်ပြေမှာ မဟုတ်ပါဘူး” ဟု ပြောကြားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 2094 times