Sales Hotline : 09448001653       Download App



လူငယ်များဦးဆောင်သော ပညာပေးခြင်းနှင့် အကာအကွယ်ပေးခြင်း အွန်လိုင်းလှုပ်ရှားမှုပြုလုပ်

** Unicode **

Plan International Myanmar သည် Unicef Myanmar ပူးပေါင်း၍ လူငယ်များဦးဆောင်သော ပညာပေးခြင်းနှင့် အကာအကွယ်ပေးခြင်း အွန်လိုင်းလှုပ်ရှားမှု ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။

ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ ဆယ်ကျော်သက်များနှင့်လူငယ်များ(အသက် (၁၆) နှစ်မှ (၃၅) နှစ်အထိ)အား ခေါင်းဆောင်မှုဆိုင်ရာ တာဝန်များရယူနိုင်ရန် အားပေးမြှင့်တင်ခြင်း၊ ပညာပေး ခြင်းဆိုင်ရာ သင်ထောက်ကူပစ္စည်းများကို လူဦးရေ (၅)သိန်းအထိ ဖြန့်ဝေနိုင်ရေးနှင့် မိန်းကလေးများအား အကြမ်းဖက်မှုများ၊ ခေါင်းပုံဖြတ်မှုများ၊ လျစ်လျူရှုခြင်းများကို ရပ်ရွာလူထုနှင့် ပူးပေါင်း ကာကွယ်ရေးတို့အတွက်ရည်ရွယ်ကာ အွန်လိုင်းမှတဆင့် ဗီဒီယိုဖိုင်များ၊ သတင်းအချက်အလက်များဖြန့်ဝေခြင်းနှင့် အင်တာနက်ချိတ်ဆက်မှု မရရှိနိုင်သော ရပ်ရွာလူထုများအား အလိုအလျောက်ဖြေကြားသော (IVR) စနစ်များအသုံးပြု၍ အသိပညာပေးခြင်းများ လှုပ်ရှားဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

B.Ed, PPTT, DTEd သင်တန်းဆင်းများ ခန့်ထားရာတွင် ဆောင်ရွက်ရန်အချက်များ

“မြန်မာနိုင်ငံမှာ လူငယ်များဦးဆောင်တဲ့ သမိုင်းဝင် လှုပ်ရှားမှုများနှင့်အလားတူ ယခုလှုပ်ရှားမှု ဟာလည်း အောင်မြင်မယ်လို့ ယုံကြည်ပါတယ်၊ အထူးသဖြင့် မိန်းကလေးများရဲ့ကဏ္ဍနဲ့ စွမ်းဆောင်ရည်များကို ပြည်သူလူထုမှ မျက်ဝါးထင်ထင် တွေ့မြင်လာနိုင်မယ်လို့ ယုံကြည်ပါ တယ်” ဟု Plan International Myanmar ၏ ဌာနေကိုယ်စားလှယ် မစ္စတာ ကယ်လန်စတီဗင်စန် က ပြောကြားပါတယ်။

ကနဦးလှုပ်ရှားမှုအနေဖြင့် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးမြို့နယ်များတွင် စတင်ပြုလုပ်မည်ဖြစ်ပြီး Plan International Myanmar ၏ ၂၀၁၉ ခုနှစ်၊ အမျိုးသမီးဦးစီးခေါင်းဆောင်လွှဲပြောင်းရယူခြင်းအစီအစဉ် (Girl Takeover) တွင် ပါဝင်ခဲ့ကြသည့် လူငယ်ခေါင်းဆောင် (၁၂၅) ဦးတို့က ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြု ဆန်းသစ် တီထွင်လှုပ်ရှားမှုများကို ဦးဆောင်ပြုလုပ်ကြမည်ဖြစ်ကြောင်းနှင့် လာမည့်(၆)လအတွင်း တိုင်းဒေသကြီး/ပြည်နယ်အဆင့်နှင့် နိုင်ငံတော်အဆင့်များအထိ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Plan International Myanmar (Nyaungu) မှ သိရပါတယ်။


** Zawgyi **

Plan International Myanmar သည္ Unicef Myanmar ပူးေပါင္း၍ လူငယ္မ်ားဦးေဆာင္ေသာ ပညာေပးျခင္းႏွင့္ အကာအကြယ္ေပးျခင္း အြန္လိုင္းလႈပ္ရွားမႈ ျပဳလုပ္လ်က္ရွိေၾကာင္း သိရပါတယ္။

ဒစ္ဂ်စ္တယ္နည္းပညာအသုံးျပဳ၍ ဆယ္ေက်ာ္သက္မ်ားႏွင့္လူငယ္မ်ား(အသက္ (၁၆) ႏွစ္မွ (၃၅) ႏွစ္အထိ)အား ေခါင္းေဆာင္မႈဆိုင္ရာ တာဝန္မ်ားရယူႏိုင္ရန္ အားေပးျမႇင့္တင္ျခင္း၊ ပညာေပး ျခင္းဆိုင္ရာ သင္ေထာက္ကူပစၥည္းမ်ားကို လူဦးေရ (၅)သိန္းအထိ ျဖန႔္ေဝႏိုင္ေရးႏွင့္ မိန္းကေလးမ်ားအား အၾကမ္းဖက္မႈမ်ား၊ ေခါင္းပုံျဖတ္မႈမ်ား၊ လ်စ္လ်ဴရႈျခင္းမ်ားကို ရပ္႐ြာလူထုႏွင့္ ပူးေပါင္း ကာကြယ္ေရးတို႔အတြက္ရည္႐ြယ္ကာ အြန္လိုင္းမွတဆင့္ ဗီဒီယိုဖိုင္မ်ား၊ သတင္းအခ်က္အလက္မ်ားျဖန႔္ေဝျခင္းႏွင့္ အင္တာနက္ခ်ိတ္ဆက္မႈ မရရွိႏိုင္ေသာ ရပ္႐ြာလူထုမ်ားအား အလိုအေလ်ာက္ေျဖၾကားေသာ (IVR) စနစ္မ်ားအသုံးျပဳ၍ အသိပညာေပးျခင္းမ်ား လႈပ္ရွားေဆာင္ ႐ြက္သြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

B.Ed, PPTT, DTEd သင္တန္းဆင္းမ်ား ခန္႔ထားရာတြင္ ေဆာင္ရြက္ရန္အခ်က္မ်ား

“ျမန္မာႏိုင္ငံမွာ လူငယ္မ်ားဦးေဆာင္တဲ့ သမိုင္းဝင္ လႈပ္ရွားမႈမ်ားႏွင့္အလားတူ ယခုလႈပ္ရွားမႈ ဟာလည္း ေအာင္ျမင္မယ္လို႔ ယုံၾကည္ပါတယ္၊ အထူးသျဖင့္ မိန္းကေလးမ်ားရဲ႕က႑နဲ႔ စြမ္းေဆာင္ရည္မ်ားကို ျပည္သူလူထုမွ မ်က္ဝါးထင္ထင္ ေတြ႕ျမင္လာႏိုင္မယ္လို႔ ယုံၾကည္ပါ တယ္” ဟု Plan International Myanmar ၏ ဌာေနကိုယ္စားလွယ္ မစၥတာ ကယ္လန္စတီဗင္စန္ က ေျပာၾကားပါတယ္။

ကနဦးလႈပ္ရွားမႈအေနျဖင့္ ကခ်င္ျပည္နယ္၊ျမစ္ႀကီးနားၿမိဳ႕နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္ႏွင့္ မႏၲေလးတိုင္း ေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္မ်ားတြင္ စတင္ျပဳလုပ္မည္ျဖစ္ၿပီး Plan International Myanmar ၏ ၂၀၁၉ ခုႏွစ္၊ အမ်ိဳးသမီးဦးစီးေခါင္းေဆာင္လႊဲေျပာင္းရယူျခင္းအစီအစဥ္ (Girl Takeover) တြင္ ပါဝင္ခဲ့ၾကသည့္ လူငယ္ေခါင္းေဆာင္ (၁၂၅) ဦးတို႔က ဒစ္ဂ်စ္တယ္နည္းပညာ အသုံးျပဳ ဆန္းသစ္ တီထြင္လႈပ္ရွားမႈမ်ားကို ဦးေဆာင္ျပဳလုပ္ၾကမည္ျဖစ္ေၾကာင္းႏွင့္ လာမည့္(၆)လအတြင္း တိုင္းေဒသႀကီး/ျပည္နယ္အဆင့္ႏွင့္ ႏိုင္ငံေတာ္အဆင့္မ်ားအထိ ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း Plan International Myanmar (Nyaungu) မွ သိရပါတယ္။

Credi: IPRD Mandalay

Tips Tips Latest Post Read 580 times