အထက်တန်းတက်ရောက်ခဲ့သူများ လျှောက်ထားနိုင်သည့် အနုပညာဒီပလိုမာသင်တန်းများ

အခြေခံပညာအထက်တန်း (၁၂) တန်း (သို့) (၁၀) တန်း တက်ရောက်ခဲ့သူဖြစ်လျှင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) တွင် ဖွင့်လှစ်မည့် အောက်ပါ အချိန်ပိုင်းအနုပညာဒီပလိုမာအတန်းများကို လျှောက်ထားနိုင်သည်။

ဖွင့်လှစ်မည့် သင်တန်းများမှာ -

ဂီတ - စောင်း၊ ပတ္တလား၊ စန္ဒရား၊ တယော၊ အဆို

သဘင် - မြန်မာ့ရိုးရာရုပ်သေးပညာ၊ မြန်မာ့ရိုးရာအကပညာ

ပန်းချီ - အခြေခံပန်းချီပညာ၊ ရေဆေးပန်းချီရေးဆွဲနည်း၊ ဆီဆေးပန်းချီရေးဆွဲနည်း

ပန်းပု - အခြေခံပန်းပုပညာ၊ မြန်မာ့ရိုးရာပန်းပုပညာ၊ ပန်းပုပုံဖော်နည်းပညာ

ရုပ်ရှင်နှင့်ပြဇာတ် - ရုပ်ရှင်ရိုက်ကူးရေးပညာ

ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာန - ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာ 

အနုပညာကွန်ပျူတာ - Computer Basic/ Desktop Publishing/ Graphic Design/ Video Editing and Special Computer Effect/ Audio Engineering/ 3D,4D Modeling and Animation/ Professional Color Grading and Correction/ Additional Subject တို့ဖြစ်သည်။   

Advertisement : Stardom School of Yangon

သင်တန်းကာလနှင့် အချိန်

Level (၁) ခုကို (၃) လ တက်ရောက်ရမည်ဖြစ်ပြီး စုစုပေါင်း Level (၃) ခုရှိသည့်အတွက် (၉) လ ကြာမြင့်ပါမည်။

Level 1 (Section 1)

(၁.၁၂.၂၀၂၅) ရက်မှ (၂၈.၂.၂၀၂၆) အထိ

တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြော (တစ်ပတ် ၃ ရက်)

နံနက် (၇) နာရီမှ (၉) နာရီအထိ

Level 1 (Section 2)

(၆.၁၂.၂၀၂၅) ရက်မှ (၆.၃.၂၀၂၆) အထိ

စနေ၊ တနင်္ဂနွေ (တစ်ပတ် ၂ ရက်)

နံနက် (၉) နာရီမှ (၁၂) နာရီအထိ

Level 1 (Section 3)

(၆.၁၂.၂၀၂၅) ရက်မှ (၆.၃.၂၀၂၆) အထိ

စနေ၊ တနင်္ဂနွေ (တစ်ပတ် ၂ ရက်)

နေ့လည် (၁) နာရီမှ (၄) နာရီအထိ

မှတ်ချက်။     ။ ဂီတ၊ သဘင်၊ ပန်းချီသင်တန်းများအတွက် (Section 1/2) / ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ်၊ ယဉ်ကျေးမှုအမွေနှစ်သင်တန်းများအတွက် (Section 1) နှင့် ကွန်ပျူတာသင်တန်းများအတွက် (Section 1/2/3) တို့ကို ဖွင့်လှစ်မည်။

သင်တန်းကြေး (ခန့်မှန်းခြေ)

Level 1 - နှစ်သိန်းကျပ်

Level 2 - နှစ်သိန်းငါးသောင်းကျပ်

Level 3 - သုံးသိန်းကျပ်

ပေးအပ်မည့် ဒီပလိုမာလက်မှတ်

ဂီတသင်တန်းများအတွက် Part time Diploma in Arts (Music) ၊

သဘင်သင်တန်းများအတွက် Part time Diploma in Arts (Dramatic Arts) ၊

ပန်းချီသင်တန်းများအတွက် Part time Diploma in Arts (Painting) ၊

ပန်းပုသင်တန်းများအတွက် Part time Diploma in Arts (Sculpture) ၊

ဓာတ်ပုံပညာအတွက် Part time Diploma in Arts (Film Making)

ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာသင်တန်းအတွက် Part time Diploma in Arts (Cultural Heritage Management)

အနုပညာကွန်ပျူတာသင်တန်းများအတွက် Part time Diploma in Arts (Computer Arts)

Level (၁) ခုပြီးမြောက်တိုင်း အောင်လက်မှတ် ရရှိမည်ဖြစ်ပြီး Level (၃) ခုလုံး ပြီးမြောက်သွားသူသည် အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူဖြစ်ပါက ဒီပလိုမာလက်မှတ် အပ်နှင်းခြင်းခံရမည်ဖြစ်သည်။

လျှောက်လွှာထုတ်ယူခြင်းနှင့် တင်သွင်းခြင်း

လျှောက်လွှာပုံစံကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ သင်တန်းရေးရာဌာန (၁/ဈ၊ အောင်ဇေယျလမ်း၊ ၂၆ ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်း) တွင် နိုဝင်ဘာ (၁၃) ရက်မှ (၂၆) ရက်အထိ ထုတ်ယူလျှောက်ထားနိုင်သည်။

လျှောက်လွှာနှင့်အတူ ၁၂ တန်း (သို့) ၁၀ တန်း တက်ရောက်ခဲ့ကြောင်း (သို့) အောင်မြင်ခဲ့ကြောင်း ထောက်ခံချက်မိတ္တူ၊ မှတ်ပုံတင်မိတ္တူနှင့် ပတ်စပို့အရွယ်ဓာတ်ပုံ (၅) ပုံတို့ကို ပူးတွဲတင်ပြရမည်။

နိုဝင်ဘာ (၂၇) ရက်နေ့၊ နံနက် (၁၀) နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ စွယ်တော်ဆောင်၊ ဒုတိယထပ်တွင် လူတွေ့စစ်ဆေးမည်ဖြစ်ပြီး ဝင်ခွင့်ရရှိသူများစာရင်းကို နိုဝင်ဘာ (၂၈) ရက်တွင် ကြေညာပေးမည်ဖြစ်သည်။ 

သင်တန်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက တက္ကသိုလ်သင်တန်းရေးရာဌာနဖုန်း ၀၉-၄၂၁၀၁၂၈၀၈၊ ၀၉-၇၈၈၁၈၉၁၈၀ နှင့် ၀၉-၂၅၀၀၈၈၂၆၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။ 

========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 10051 times