Sales Hotline : 09448001653       Download App



ရှေးဦး ကလေးသူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အွန်လိုင်းဖြင့် ဆက်လက်လုပ်ကိုင်ရန် အကြောင်းကြား

အ‌ခြေခံပညာဦးစီး ဌာနနှင့် ယူနီဆက် (UNICEF) တို့မှ ပူးပေါင်း အကောင်အထည်ဖော်သည့် ရှေးဦး ကလေး သူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း အစီအစဉ်အရ မူကြိုကျောင်းများ တိုးချဲ့အကောင် အထည်ဖော်နိုင်ရေး အတွက် ဆောင်ရွက်ရာတွင် အောက်ပါလုပ်ငန်းစဉ်လေးခုကို အွန်လိုင်း အသုံးပြု၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

၁. ECD Field Testရလဒ်များအားပြန်လည်ဆွေးနွေးခြင်း

၂. ECD Guidebook အရ Field Test ဆောင်ရွက်ခြင်း

၃. Field Test ရလဒ် များအား ပြန်လည်ဆွေးနွေးခြင်း နှင့် Guideline မွမ်းမံပြင်ဆင်ခြင်း

၄. TOT (တိုင်း/ ပြည်နယ်၊ မြို့နယ် နည်းပြများအား သင်တန်းပေးခြင်း တို့ဖြစ်ပါသည်။

အထက်ပါ လုပ်ငန်းစဉ်များအတွက်

က. တိုင်းနှင့် ပြည်နယ်များမှ သက်ဆိုင်ရာ ECD တာဝန်ရှိသူ တစ်ဦးစီ တက်ရမည်ဖြစ်သည်။

ခ. တိုင်းနှင့် ပြည်နယ်များအတွင်း ခရိုင်များမှ ECD တာဝန်ရှိသူ တစ်ဦးစီ တက်ရမည်ဖြစ်သည်။

ဂ. ချင်းပြည်နယ် မှ အင်တာနက်‌ကောင်းမွန်သည့် ဟားခါးမြို့နယ်ကို Field Test အဖြစ် ရွေးချယ်၍ ၎င်းမြို့နယ်မှ ECD တာဝန်ရှိသူ တစ်ဦးစီ တက်ရမည်ဖြစ်သည်။

ဃ. ဟားခါးမြို့နယ်မှ ကျောင်း (၃) ကျောင်း ထပ်မံ ရွေးချယ်၍ ကျောင်းတစ်ကျောင်းတွင် (၂) ဦး ( ကျောင်းအုပ် နှင့် ဆရာမ တစ်ဦး) တက်ရောက်ရပါမည်။

င. ဟားခါးမြို့နယ်မှ (၂) ဦး ရွေးချယ်ရာတွင် (၁)ဦးမှာ လုပ်ငန်းစဉ် (ခ)မှ တက်ရောက်ခဲ့သည့် ပုဂ္ဂိုလ် ဖြစ်ပြီး ကျန်တစ်ဦးမှာ ECD တာဝန်ယူဆောင်ရွက်ရမည့် ပုဂ္ဂိုလ် ဖြစ်ရပါမည်။

အထက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် လိုအပ်သည့် ပုံစံဇယားများကို ပြည့်စုံစွာ ဖြည့်၍ (၉.၉.၂၀၂၀) နောက်ဆုံးထားပေးပို့ရန် အကြောင်းကြားထားသည်။

အွန်လိုင်း ထရိန်နင် ကျင်းပမည့်ရက်နှင့် အချိန်ဇယားကို ထပ်မံ ကြေငြာမည်ဖြစ်သည်။

 

By Myanmar Education Guide - EDGE

မြို့နယ်ပညာရေးမှုူးရုံး ချင်းပြည်နယ်၊ ဟားခါးမြို.။

Latest Post News Read 348 times