Sales Hotline : 09448001653       Download App



ဆရာ၊ ဆရာမများ ယခုလ ၂၁ရက်နေ့ နောက်ဆုံးထားပြီး တာဝန်ကျရာကျောင်းသို့ ရောက်ရှိရန် ညွှန်ကြားထား

ဆရာ၊ ဆရာမများ ယခုလ ၂၁ရက်နေ့ နောက်ဆုံးထားပြီး တာဝန်ကျရာကျောင်းသို့ ရောက်ရှိရန် ညွှန်ကြားထား

ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၈-၁၉ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၅ ရက်မှ ၃၁ ရက်နေ့အထိ ဆောင်ရွက်ပေးမည် ဖြစ်သည်။

အခြေခံပညာကျောင်းများရှိ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများအပါအ၀င် ကျောင်းဝန်ထမ်းများအားလုံးသည် ကျောင်းအပ်နှံရေး သီတင်းပတ် မတိုင်မီ မေလ ၂၁ရက်နေ့ နောက်ဆုံးထားပြီး တာဝန်ကျရာကျောင်းများသို့ ရောက်ရှိနေရန်နှင့် ကျောင်းမဖွင့်မီ ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားရန် အတွက် ညွှန်ကြားထားသည်။

“တစ်ချို့ဆရာ၊ ဆရာမများက ခရီးလွန်တတ်တာမျိုးရှိတတ်ပါတယ်။ ထို့ကြောင့် ကျောင်းအပ်နှံရေး သီတင်းပတ်မတိုင်ခင်မှာ လုပ်ငန်းတွေ ကြိုတင်ဆောင်ရွက်ရမှာတွေအတွက် အဆင်သင့်ရောက်ရှိနေအောင် ညွှန်ကြားထားတာပါ။ ကျောင်းသားစာရင်များ ပြုစုရတာတွေရှိပါတယ်။ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်တွေနဲ့ အပ်နှံလာမယ့် ကျောင်းသားအရေအတွက်နဲ့ အလိုအပိုပြုစုရမယ့် ကျောင်းကိစ္စတွေရှိမယ်။ ရပ်ရွာလူထုနဲ့ ပေါင်းပြီး ကျောင်းမအပ်ခင် ကျောင်းနေအရွယ်ကလေးများကျောင်းရောက်ဖို့အတွက် လုပ်ရမှာတွေရှိတယ်” ဟု ပြောသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းသို့ ရောက်ရှိရေးနှင့် မည်သည့် အကြောင်းအရင်းနှင့်မှ ကျောင်းမထွက် စေရေး၊ ကျောင်းနေနှုန်းများ မြင့်မားလာစေရန်၊ ကျောင်းထွက်နှုန်းများ လျော့ကျလာစေရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိရာ အခြေခံပညာ အတန်းအဆင့်အားလုံးကို ကျောင်းအပ်နှံခြင်းအား အခမဲ့ဆောင်ရွက်ပေးထားပြီး ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ် များကိုလည်း အခမဲ့ ထောက်ပံ့ပေးလျက်ရှိနေသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy

News Read 2854 times