၂၀၂၃ ခုနှစ်တွင် စတင် မိတ်ဆက်ခဲ့သည့် Google ၏ NotebookLM သည် ယခင်က Website တွင်သာ အသုံးပြုနိုင်ခဲ့ပြီး မေလ (၂၀) ရက်နေ့တွင် Android နှင့် iOS အက်ပ်များအဖြစ် စတင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
NotebookLM သည် ကျောင်းသားများ၊ ကျွမ်းကျင်ပညာရှင်များနှင့် သုတေသီများအတွက် ရှုပ်ထွေးသော အချက်အလက်များကို အနှစ်ချုပ်ပေးခြင်း၊ မေးခွန်းများ အဖြေပေးခြင်း၊ စာများကို Audio View အဖြစ် ပြောင်းလဲပေးခြင်းတို့ကို လုပ်ဆောင်နိုင်သည့် AI tool တစ်ခု ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာတွင် အသစ် ပါဝင်လာခဲ့သည့် NotebookLM ၏ Audio View တွင် အင်္ဂလိပ်ဘာသာစကားတစ်မျိုးတည်းသာ ရရှိခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဧပြီ (၂၉) ရက်မှ စတင်ပြီး မြန်မာဘာသာစကားအပါအဝင် ဘာသာစကား (၅၀) ကျော်ဖြင့် အသုံးပြုနိုင်ရန် လုပ်ဆောင်ခဲ့သည်။
Audio View က မိမိရေးသားလိုက်သည့် အကြောင်းအရာကို Podcast လို စကားဝိုင်းအဖြစ် AI hosts တွေက ဖန်တီးပေးမှာ ဖြစ်ပြီး Language ပြောင်းလဲလိုပါက Setting ထဲက Output Language မှာ ပြောင်းလဲနိုင်သည်။ ဤစွမ်းရည်သည် ဘာသာစကားဆိုင်ရာ အတားအဆီးများကို ဖြိုဖျက်ပြီး အချက်အလက်များကို လူတိုင်းထံ ပိုမိုရရှိနိုင်စေရန် ရည်ရွယ်သည်။
Audio View အား အဆင့်မြင့်ပြီးသည့်နောက် Google သည် NotebookLM ကို မိုဘိုင်းဖုန်းတွင်ပါ လွယ်လွယ်ကူကူ အသုံးပြုနိုင်ရန် Android နှင့် iOS App (၂) မျိုးလုံးကို မေလ (၂၀) ရက်တွင် စတင် မိတ်ဆက်ရန် မျှော်လင့်ထားသည်။
ထို့အပြင် နောက်ထပ်တစ်ဆင့်အနေဖြင့် NotebookLM တွင် သင့်မှတ်စုများကို (၂၀) စက္ကန့်စာ ဗီဒီယိုတိုများအဖြစ် ပြောင်းလဲပေးနိုင်ရန် “Video Overviews” ဆိုသည့် Feature အသစ်ကိုလည်း ရေးဆွဲနေကြောင်း TestingCatalog News အရ သိရသည်။
Source - Google , TestingCatalog
================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။