Sales Hotline : 09448001653       Download App



အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ရေး ဗီဒီယိုကွန်ဖရင့်ဖြင့် ညှိနှိုင်းဆွေးနွေး

** Unicode **

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် နေပြည်တော်၊ ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပသော အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

အဆိုပါ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ လူမှုရေးဝန်ကြီးများ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ပညာရေး ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ကြပါတယ်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဇူလိုင်လအတွင်း အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အထက်တန်းအဆင့်ကို ဉီးစွာဖွင့်လှစ်ပြီး တွေ့ကြုံ ရမည့် အားနည်းချက်၊လိုအပ်ချက်များကို ပြင်ဆင်ကာ အလယ်တန်းအဆင့်နှင့် မူလတန်း အဆင့်များကို တစ်ဆင့်ချင်းစီ ဆက်လက်ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ယင်းသို့ ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာမှ ထုတ်ပြန် ထားသော COVID-19 ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်သွားရန်အရေးကြီးပါကြောင်း၊ ကျောင်းသို့မလာမီနှင့် လာရောက်စဉ် မိဘနှင့် ကျောင်းသား/သူများ လိုက်နာရမည့် အချက်များ၊ကျောင်းသို့ရောက်ရှိပြီး စာသင်ကြားချိန်တွင် ဆရာ၊ဆရာမနှင့် ကျောင်းသား/သူများ လိုက်နာရမည့် အချက်များ၊ မုန့်စားနားချိန်နှင့် ထမင်းစား နားချိန်တွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ကျောင်းသူများ လိုက်နာရမည့် အချက်များ၊ စာသင်ကြားပြီး ကျောင်းမှ အပြန်တွင် မိဘနှင့် ကျောင်းသား/သူများ လိုက်နာရမည့် အချက်များ၊ ကျောင်းတွင်းရှိ စာသင်ခန်းများတွင် ပြင်ဆင်ထားရှိရမည့် အချက်များကို သတင်းစာများတွင် ဖော်ပြအသိပေးလျှက်ရှိပါကြောင်း၊
ဉီးစားပေးစီစဉ်ဆောင်ရွက်ရမည့်ကိစ္စရပ်များအနေဖြင့် သင်ယူမှုမဆုံးရှုံးစေရန် အလေးထား ကာကွယ်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်၍ လုံခြုံဘေးကင်းရန်အတွက် စီမံဖြေရှင်း ဖြည့်ဆည်းဆောင်ရွက်ရေး၊ ကျောင်းသား၊ဆရာ တစ်ဉီးနှင့်တစ်ဉီး အနည်းဆုံး(၆)ပေ ကွာခြား၍ သင်ကြားသင်ယူမှုများဆောင်ရွက်နိုင်ရေး၊ လူအုပ်စု မဖြစ်ပေါ်စေရန် လျှော့ချ ရေး၊ အတန်းလိုက် ကျောင်းတက်ချိန် ကျောင်းဆင်းချိန်များ အချိန်လုံလောက်စွာခွာ၍ သတ်မှတ်ပေးရေး၊ ကျောင်းများပြန်လည်ဖွင့်လှစ်ပါက လုံခြုံဘေးကင်းရေး၊ အထူးသဖြင့် ကျောင်းသူများနှင့် ဆရာမများအား လူမှုကာကွယ် စောင့်ရှောက်ပေးရေး ၊ ကျောင်းထွက်မှု အနည်း ဆုံးဖြစ်ရေး၊ သင်ယူတတ်မြောက်မှု ပြန်လည်ကောင်းမွန်လာရေး၊ သင်ယူမှုအခွင့်အလမ်းများ ပိုမိုမျှတစွာ တိုးတက်ကောင်းမွန် လာရေးနှင့် အရည်အသွေး ပိုမိုကောင်းမွန် လာစေရေးအတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်း ပါကြောင်း၊
နိုင်ငံတစ်ဝန်း အထက်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းအရေအတွက် အနေဖြင့် တစ်သုတ်တက်ကျောင်း (၆၁၇) ကျောင်း၊ တစ်ပတ်ခြား တက်ကျောင်း (၂၄၇၁) ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ်တက်ကျောင်း (၂၄၀၁) ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ် သုံးရက်တက်ကျောင်း (၁၄၄) ကျောင်း ဖွင့်လှစ်နိုင်မည်ဟု စိစစ် ခန့်မှန်းထားပါကြောင်း ၊ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ဆရာများနှင့် ကျောင်းသား များအားလုံး ပြန်လည်အသုံးပြုနိုင်သော အဝတ်နှာခေါင်းစည်း နှစ်ခုစီနှင့် မျက်နှာကာ တစ်ခုစီ အခမဲ့ ဖြန့်ဝေသကဲ့သို့ ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ စသည်တို့ကို အခမဲ့ဖြန့်ဝေပေးသွားရန် စီစဉ်လျှက်ရှိပါကြောင်း၊အခြေခံပညာဆရာ၊ဆရာမများ ရာထူးတိုးခြင်း၊ ပြောင်းရွေ့ခြင်း၊ခန့်ထားခြင်းတို့ကို တိုင်းရင်းသားဒေသခံများကို ဉီးစားပေး၍ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းများ ပြန်လည်မဖွင့်လှစ်မီ အချိန်မီပြီးစီးအောင် စီစဉ်ဆောင်ရွက်နေပါကြောင်းနှင့် ဆရာ၊ ဆရာမများ တာဝန်ကျရာ နေရာဒေသများသို့ အဆင်ပြေစွာ သွားရောက်တာဝန် ထမ်းဆောင်နိုင်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးကူညီပေးပါရန် မေတ္တာရပ်ခံလို ပါကြောင်း၊သင်ရိုးညွှန်းတမ်းများနှင့် သင်တန်းများအတွက် စီစဉ်ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ သင်ရိုးသစ် (G-4,G-7,G-10) ကျောင်းသုံးဖတ်စာအုပ်အသစ်များ၊ ဆရာလမ်းညွှန် စာအုပ် အသစ်များ၏ ကာလတိုသင်ကြားသင်ယူမှုနည်းလမ်းများ၊ မွမ်းမံသင်တန်းများ (On-line Training အပါအဝင်) အတွက်လည်း အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်းလျက် ယခု ပညာသင်နှစ် အတွက် စီစဉ်ဆောင်ရွက်မှုများနှင့် ကိုက်ညီသော သင်ရိုးမာတိကာ၊ သင်ခန်းစာများ စီစဉ်ဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း၊Home Assignment ပေး၍ သင်ယူ တက်မြောက်မှုကောင်းမွန်ရေးကို အထောက်အကူပြုနိုင်ရန် အတွက်လည်း မိဘများ ပူးပေါင်းပါဝင်လာရေးကို အားပေးကာ ကာလတိုသင်တန်းများ စီစဉ်ဆောင်ရွက် ပေးသွား မည်ဖြစ်ပါကြောင်း၊ကျန်းမာရေးအသိပညာပေးဆိုင်ရာ မွမ်းမံသင်တန်းများ ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ ပညာပေးဆောင်းပါးများ စီစဉ်ဆောင်ရွက်ခြင်း၊ ကျောင်းသား/သူများအား အာဟာရ တိုက်ကျွေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ခြင်း၊ ပညာသင်ထောက်ပံ ကြေးပေးအပ်ခြင်းနှင့် ကျောင်းအပ်နှံသီတင်းပတ်တွင် လိုက်နာဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် လူမှုရေးဝန်ကြီးများအနေဖြင့် မိဘအုပ်ထိန်းသူ ၊ ဆရာ၊ ဆရာမ၊ ပြည်သူများအားလုံးနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါရန် မေတ္တာ ရပ်ခံအပ်ပါကြောင်းဖြင့် ပြောကြားပါတယ်။

Government University (30) အစိုးရတက္ကသိုလ်များနှင့် ပတ်သက်ပြီး (၃၀) ခုရှာရန်နှိပ်ပါ။

ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လူမှုရေးဝန်ကြီးများနှင့် တက်ရောက်လာသူများက အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင် ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ရှင်းလင်းညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။

Credit: Educational Information Department
 

** Zawgyi **

ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးသည္ ေနျပည္ေတာ္၊ ႐ုံးအမွတ္(၁၃) အစည္းအေဝးခန္းမ၌ Video Conferencing ျဖင့္ က်င္းပေသာ အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ေရး ညႇိႏႈိင္းအစည္းအေဝးသို႔ တက္ေရာက္ေဆြးေႏြးခဲ့ပါတယ္။

အဆိုပါ ေဆြးေႏြးပြဲသို႔ ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္း၊ တိုင္းေဒသႀကီး/ျပည္နယ္ အသီးသီးမွ လူမႈေရးဝန္ႀကီးမ်ား၊ အမ်ိဳးသားပညာေရးမူဝါဒေကာ္မရွင္ ဥကၠ႒ ႏွင့္ အဖြဲ႕ဝင္မ်ား၊ အမ်ိဳးသားသင္႐ိုးၫႊန္းတမ္းေကာ္မတီ ဥကၠ႒ ႏွင့္ အဖြဲ႕ဝင္မ်ား၊ ပညာေရး ဝန္ႀကီးဌာနရွိ ဦးစီးဌာနမ်ားမွ သက္ဆိုင္ရာ ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ား၊ ဒုတိယအၿမဲတမ္း အတြင္းဝန္၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္မ်ားႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ေဆြးေႏြး ၾကပါတယ္။

အစည္းအေဝးတြင္ ျပည္ေထာင္စုဝန္ႀကီးက ဇူလိုင္လအတြင္း အေျခခံပညာ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရာတြင္ အထက္တန္းအဆင့္ကို ဉီးစြာဖြင့္လွစ္ၿပီး ေတြ႕ႀကဳံ ရမည့္ အားနည္းခ်က္၊လိုအပ္ခ်က္မ်ားကို ျပင္ဆင္ကာ အလယ္တန္းအဆင့္ႏွင့္ မူလတန္း အဆင့္မ်ားကို တစ္ဆင့္ခ်င္းစီ ဆက္လက္ဖြင့္လွစ္သြားရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိ ပါေၾကာင္း၊ ယင္းသို႔ ဖြင့္လွစ္ရာတြင္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာမွ ထုတ္ျပန္ ထားေသာ COVID-19 ကာကြယ္တားဆီးေရးဆိုင္ရာ ၫႊန္ၾကားခ်က္မ်ားကို တိက်စြာ လိုက္နာ ေဆာင္႐ြက္သြားရန္အေရးႀကီးပါေၾကာင္း၊ ေက်ာင္းသို႔မလာမီႏွင့္ လာေရာက္စဥ္ မိဘႏွင့္ ေက်ာင္းသား/သူမ်ား လိုက္နာရမည့္ အခ်က္မ်ား၊ေက်ာင္းသို႔ေရာက္ရွိၿပီး စာသင္ၾကားခ်ိန္တြင္ ဆရာ၊ဆရာမႏွင့္ ေက်ာင္းသား/သူမ်ား လိုက္နာရမည့္ အခ်က္မ်ား၊ မုန႔္စားနားခ်ိန္ႏွင့္ ထမင္းစား နားခ်ိန္တြင္ ဆရာ၊ ဆရာမႏွင့္ ေက်ာင္းသား၊ေက်ာင္းသူမ်ား လိုက္နာရမည့္ အခ်က္မ်ား၊ စာသင္ၾကားၿပီး ေက်ာင္းမွ အျပန္တြင္ မိဘႏွင့္ ေက်ာင္းသား/သူမ်ား လိုက္နာရမည့္ အခ်က္မ်ား၊ ေက်ာင္းတြင္းရွိ စာသင္ခန္းမ်ားတြင္ ျပင္ဆင္ထားရွိရမည့္ အခ်က္မ်ားကို သတင္းစာမ်ားတြင္ ေဖာ္ျပအသိေပးလွ်က္ရွိပါေၾကာင္း၊ဉီးစားေပးစီစဥ္ေဆာင္႐ြက္ရမည့္ကိစၥရပ္မ်ားအေနျဖင့္ သင္ယူမႈမဆုံးရႈံးေစရန္ အေလးထား ကာကြယ္ေရး၊ က်န္းမာေရးႏွင့္ညီၫြတ္၍ လုံၿခဳံေဘးကင္းရန္အတြက္ စီမံေျဖရွင္း ျဖည့္ဆည္းေဆာင္႐ြက္ေရး၊ ေက်ာင္းသား၊ဆရာ တစ္ဉီးႏွင့္တစ္ဉီး အနည္းဆုံး(၆)ေပ ကြာျခား၍ သင္ၾကားသင္ယူမႈမ်ားေဆာင္႐ြက္ႏိုင္ေရး၊ လူအုပ္စု မျဖစ္ေပၚေစရန္ ေလွ်ာ့ခ် ေရး၊ အတန္းလိုက္ ေက်ာင္းတက္ခ်ိန္ ေက်ာင္းဆင္းခ်ိန္မ်ား အခ်ိန္လုံေလာက္စြာခြာ၍ သတ္မွတ္ေပးေရး၊ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ပါက လုံၿခဳံေဘးကင္းေရး၊ အထူးသျဖင့္ ေက်ာင္းသူမ်ားႏွင့္ ဆရာမမ်ားအား လူမႈကာကြယ္ ေစာင့္ေရွာက္ေပးေရး ၊ ေက်ာင္းထြက္မႈ အနည္း ဆုံးျဖစ္ေရး၊ သင္ယူတတ္ေျမာက္မႈ ျပန္လည္ေကာင္းမြန္လာေရး၊ သင္ယူမႈအခြင့္အလမ္းမ်ား ပိုမိုမွ်တစြာ တိုးတက္ေကာင္းမြန္ လာေရးႏွင့္ အရည္အေသြး ပိုမိုေကာင္းမြန္ လာေစေရးအတြက္ စဥ္ဆက္မျပတ္ ပူးေပါင္းေဆာင္႐ြက္ေပးၾကပါရန္ တိုက္တြန္း ပါေၾကာင္း၊ႏိုင္ငံတစ္ဝန္း အထက္တန္းအဆင့္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရာတြင္ ေက်ာင္းအေရအတြက္ အေနျဖင့္ တစ္သုတ္တက္ေက်ာင္း (၆၁၇) ေက်ာင္း၊ တစ္ပတ္ျခား တက္ေက်ာင္း (၂၄၇၁) ေက်ာင္း၊ တစ္ပတ္ျခား ႏွစ္သုတ္တက္ေက်ာင္း (၂၄၀၁) ေက်ာင္း၊ တစ္ပတ္ျခား ႏွစ္သုတ္ သုံးရက္တက္ေက်ာင္း (၁၄၄) ေက်ာင္း ဖြင့္လွစ္ႏိုင္မည္ဟု စိစစ္ ခန႔္မွန္းထားပါေၾကာင္း ၊ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ခ်ိန္တြင္ ဆရာမ်ားႏွင့္ ေက်ာင္းသား မ်ားအားလုံး ျပန္လည္အသုံးျပဳႏိုင္ေသာ အဝတ္ႏွာေခါင္းစည္း ႏွစ္ခုစီႏွင့္ မ်က္ႏွာကာ တစ္ခုစီ အခမဲ့ ျဖန႔္ေဝသကဲ့သို႔ ေက်ာင္းသုံးဖတ္စာအုပ္မ်ား၊ ဗလာစာအုပ္မ်ား စသည္တို႔ကို အခမဲ့ျဖန႔္ေဝေပးသြားရန္ စီစဥ္လွ်က္ရွိပါေၾကာင္း၊အေျခခံပညာဆရာ၊ဆရာမမ်ား ရာထူးတိုးျခင္း၊ ေျပာင္းေ႐ြ႕ျခင္း၊ခန႔္ထားျခင္းတို႔ကို တိုင္းရင္းသားေဒသခံမ်ားကို ဉီးစားေပး၍ စီစဥ္ေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း၊ ေက်ာင္းမ်ား ျပန္လည္မဖြင့္လွစ္မီ အခ်ိန္မီၿပီးစီးေအာင္ စီစဥ္ေဆာင္႐ြက္ေနပါေၾကာင္းႏွင့္ ဆရာ၊ ဆရာမမ်ား တာဝန္က်ရာ ေနရာေဒသမ်ားသို႔ အဆင္ေျပစြာ သြားေရာက္တာဝန္ ထမ္းေဆာင္ႏိုင္ေရးအတြက္ လိုအပ္သည္မ်ား ပံ့ပိုးကူညီေပးပါရန္ ေမတၱာရပ္ခံလို ပါေၾကာင္း၊
သင္႐ိုးၫႊန္းတမ္းမ်ားႏွင့္ သင္တန္းမ်ားအတြက္ စီစဥ္ေဆာင္႐ြက္ေရးႏွင့္ စပ္လ်ဥ္း၍ သင္႐ိုးသစ္ (G-4,G-7,G-10) ေက်ာင္းသုံးဖတ္စာအုပ္အသစ္မ်ား၊ ဆရာလမ္းၫႊန္ စာအုပ္ အသစ္မ်ား၏ ကာလတိုသင္ၾကားသင္ယူမႈနည္းလမ္းမ်ား၊ မြမ္းမံသင္တန္းမ်ား (On-line Training အပါအဝင္) အတြက္လည္း အမ်ိဳးသားပညာေရးမူဝါဒေကာ္မရွင္၊ အမ်ိဳးသား သင္႐ိုးၫႊန္းတမ္းေကာ္မတီမွ တာဝန္ရွိသူမ်ားႏွင့္ ပူးေပါင္းလ်က္ ယခု ပညာသင္ႏွစ္ အတြက္ စီစဥ္ေဆာင္႐ြက္မႈမ်ားႏွင့္ ကိုက္ညီေသာ သင္႐ိုးမာတိကာ၊ သင္ခန္းစာမ်ား စီစဥ္ေဆာင္႐ြက္သြားၾကမည္ ျဖစ္ပါေၾကာင္း၊Home Assignment ေပး၍ သင္ယူ တက္ေျမာက္မႈေကာင္းမြန္ေရးကို အေထာက္အကူျပဳႏိုင္ရန္ အတြက္လည္း မိဘမ်ား ပူးေပါင္းပါဝင္လာေရးကို အားေပးကာ ကာလတိုသင္တန္းမ်ား စီစဥ္ေဆာင္႐ြက္ ေပးသြား မည္ျဖစ္ပါေၾကာင္း၊က်န္းမာေရးအသိပညာေပးဆိုင္ရာ မြမ္းမံသင္တန္းမ်ား ၊ စကားဝိုင္းေဆြးေႏြးပြဲမ်ား၊ ပညာေပးေဆာင္းပါးမ်ား စီစဥ္ေဆာင္႐ြက္ျခင္း၊ ေက်ာင္းသား/သူမ်ားအား အာဟာရ တိုက္ေကြၽးျခင္း၊ ေသြးလြန္တုပ္ေကြးေရာဂါကာကြယ္ျခင္း၊ ပညာသင္ေထာက္ပံ ေၾကးေပးအပ္ျခင္းႏွင့္ ေက်ာင္းအပ္ႏွံသီတင္းပတ္တြင္ လိုက္နာေဆာင္႐ြက္ၾကရမည့္ လုပ္ငန္းစဥ္မ်ား ေအာင္ျမင္ေရးအတြက္ လူမႈေရးဝန္ႀကီးမ်ားအေနျဖင့္ မိဘအုပ္ထိန္းသူ ၊ ဆရာ၊ ဆရာမ၊ ျပည္သူမ်ားအားလုံးႏွင့္ ပူးေပါင္းကူညီ ေဆာင္႐ြက္ေပးၾကပါရန္ ေမတၱာ ရပ္ခံအပ္ပါေၾကာင္းျဖင့္ ေျပာၾကားပါတယ္။

Government University (30) အစိုးရတကၠသိုလ္မ်ားႏွင့္ ပတ္သက္ၿပီး (၃၀) ခုရွာရန္ႏွိပ္ပါ။

ယင္းေနာက္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အလိုက္ လူမႈေရးဝန္ႀကီးမ်ားႏွင့္ တက္ေရာက္လာသူမ်ားက အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရး စီစဥ္ေဆာင္ ႐ြက္မႈ အေျခအေနမ်ားႏွင့္စပ္လ်ဥ္း၍ ေဆြးေႏြး တင္ျပၾကရာ ျပည္ေထာင္စုဝန္ႀကီးက ျပန္လည္ ရွင္းလင္းညႇိႏႈိင္း ေဆြးေႏြးခဲ့ေၾကာင္း သိရွိရပါတယ္။

Credit: Educational Information Department
 

News Tips Tips Latest Post Tips Read 9682 times