Sales Hotline : 09448001653       Download App



အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)တွင် အွန်လိုင်းစနစ်ဖြင့် စတင်သင်ကြား

** Unicode **

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တွင် တက်ရောက် ပညာသင်ကြားလျက် ရှိသည့် ကျောင်းသား/သူ များအား ဇွန်လ ဒုတိယပတ်မှစ၍ အွန်လိုင်းပညာရေးစနစ်ဖြင့်သင်ကြားပေးလျက်ရှိကြောင်း၊ ကျောင်းများပြန်ဖွင့်ချိန် ရေရှည်တွင်လည်း အွန်လိုင်းပညာရေးစနစ်ကို ပူးတွဲအသုံးပြုသွားမည်ဖြစ်ကြောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) မှသိရပါတယ်။

“အခုကျွန်တော်တို့ ရဲ့ အွန်လိုင်းပညာရေးကို ကျောင်းသားအယောက် (၄၉၀) လောက် တက်ရောက်သင်ကြားနေပါတယ်။ ဒီနေ့ ကတော့ Zoom Application နဲ့ ဆရာနဲ့ ကျောင်းသားတွေ ဆွေးနွေးတယ်။ ယာယီ အနေနဲ့ Facebook  Close Group သုံးတယ်။ နောက်ပိုင်းမှာလည်း အွန်လိုင်းပညာရေး စနစ်ကို တွဲပြီးအသုံးပြုသွားဖို့ရှိတယ်။ ကျောင်းပြန်ဖွင့်ရင် အွန်လိုင်း E-Library အသုံးပြုတာတို့  ၊ လက်ချာတွေကို ဆွေးနွေးတာတို့ ကိုအွန်လိုင်းပညာရေးစနစ်နဲ့  ဆက်ပြီး အသုံးပြုဖြစ်မှာပါ။’’ ဟုပြောပါတယ်။

အွန်လိုင်းပညာရေးစနစ်ကိုပြုလုပ်ရသည့် အဓိကရည်ရွယ်ချက်မှာ ပညာရေးကာလအကျိုးဖြစ်ထွန်းစေရန်၊ကုန်လွန်နေသောအချိန်နှင့်အညီ ပညာရေးတိုးတက်မှု အထောက်အကူဖြစ်စေရန်၊Digital Online Platform အသုံးပြုခြင်းအတွေ့အကြုံများ ရရှိစေရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

"ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းနှင့်အခြေခံဆရာ/ဆရာမများ ရာထူးတိုး/ ပြောင်းရွေ့ခြင်းအကြောင်း"

“ကျောင်းတွေက ပြန်ဖွင့် ဆိုတဲ့ အချိန် မှာ မှ ပြန်ဖွင့်ရမှာ။ ကျောင်းဖွင့်တဲ့အချိန်မှာလည်း အွန်လိုင်းမှာ သီအိုရီ တွေ ကို ကြိုပြီးဆွေးနွေးလို့ရတယ်။ လက်တွေ့ပိုင်းကြတော့ အွန်လိုင်းနဲ့ သင်ဖို့ကအားနည်းချက်ရှိတယ်။  နောက်ပိုင်းက အွန်လိုင်းက တွဲပြီးသွားရမယ့် အခြေအနေ ရှိပါတယ်။ ရေရှည်အတွက် ရည်ရွယ်ထားပါတယ်။ ပြီးတော့နောက်မျိုးဆက်တွေကိုလည်း အွန်လိုင်းသင်ကြားရေးစနစ်တွေ နဲ့ ရင်းနှီးအသုံးပြုတတ်ဖို့ ရည်ရွယ်ပြီးဆောင်ရွက်နေတာဖြစ်ပါတယ်’’ ဟု ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

Credit: Xinhua Myanmar

 

** Zawgyi **

အမ်ိဳးသားယဥ္ေက်းမႈႏွင့္အႏုပညာတကၠသိုလ္ (မႏၲေလး) ၂၀၁၉ - ၂၀၂၀ ပညာသင္ႏွစ္ တြင္ တက္ေရာက္ ပညာသင္ၾကားလ်က္ ရွိသည့္ ေက်ာင္းသား/သူ မ်ားအား ဇြန္လ ဒုတိယပတ္မွစ၍ အြန္လိုင္းပညာေရးစနစ္ျဖင့္သင္ၾကားေပးလ်က္ရွိေၾကာင္း၊ ေက်ာင္းမ်ားျပန္ဖြင့္ခ်ိန္ ေရရွည္တြင္လည္း အြန္လိုင္းပညာေရးစနစ္ကို ပူးတြဲအသုံးျပဳသြားမည္ျဖစ္ေၾကာင္း၊ အမ်ိဳးသားယဥ္ေက်းမႈႏွင့္အႏုပညာတကၠသိုလ္ (မႏၲေလး) မွသိရပါတယ္။

“အခုကြၽန္ေတာ္တို႔ ရဲ႕ အြန္လိုင္းပညာေရးကို ေက်ာင္းသားအေယာက္ (၄၉၀) ေလာက္ တက္ေရာက္သင္ၾကားေနပါတယ္။ ဒီေန႔ ကေတာ့ Zoom Application နဲ႔ ဆရာနဲ႔ ေက်ာင္းသားေတြ ေဆြးေႏြးတယ္။ ယာယီ အေနနဲ႔ Facebook  Close Group သုံးတယ္။ ေနာက္ပိုင္းမွာလည္း အြန္လိုင္းပညာေရး စနစ္ကို တြဲၿပီးအသုံးျပဳသြားဖို႔ရွိတယ္။ ေက်ာင္းျပန္ဖြင့္ရင္ အြန္လိုင္း E-Library အသုံးျပဳတာတို႔  ၊ လက္ခ်ာေတြကို ေဆြးေႏြးတာတို႔ ကိုအြန္လိုင္းပညာေရးစနစ္နဲ႔  ဆက္ၿပီး အသုံးျပဳျဖစ္မွာပါ။’’ ဟုေျပာပါတယ္။

အြန္လိုင္းပညာေရးစနစ္ကိုျပဳလုပ္ရသည့္ အဓိကရည္႐ြယ္ခ်က္မွာ ပညာေရးကာလအက်ိဳးျဖစ္ထြန္းေစရန္၊ကုန္လြန္ေနေသာအခ်ိန္ႏွင့္အညီ ပညာေရးတိုးတက္မႈ အေထာက္အကူျဖစ္ေစရန္၊Digital Online Platform အသုံးျပဳျခင္းအေတြ႕အႀကဳံမ်ား ရရွိေစရန္ရည္႐ြယ္ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

"ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ျခင္းႏွင့္အေျခခံဆရာ/ဆရာမမ်ား ရာထူးတိုး/ ေျပာင္းေ႐ြ႕ျခင္းအေၾကာင္း"

“ေက်ာင္းေတြက ျပန္ဖြင့္ ဆိုတဲ့ အခ်ိန္ မွာ မွ ျပန္ဖြင့္ရမွာ။ ေက်ာင္းဖြင့္တဲ့အခ်ိန္မွာလည္း အြန္လိုင္းမွာ သီအိုရီ ေတြ ကို ႀကိဳၿပီးေဆြးေႏြးလို႔ရတယ္။ လက္ေတြ႕ပိုင္းၾကေတာ့ အြန္လိုင္းနဲ႔ သင္ဖို႔ကအားနည္းခ်က္ရွိတယ္။  ေနာက္ပိုင္းက အြန္လိုင္းက တြဲၿပီးသြားရမယ့္ အေျခအေန ရွိပါတယ္။ ေရရွည္အတြက္ ရည္႐ြယ္ထားပါတယ္။ ၿပီးေတာ့ေနာက္မ်ိဳးဆက္ေတြကိုလည္း အြန္လိုင္းသင္ၾကားေရးစနစ္ေတြ နဲ႔ ရင္းႏွီးအသုံးျပဳတတ္ဖို႔ ရည္႐ြယ္ၿပီးေဆာင္႐ြက္ေနတာျဖစ္ပါတယ္’’ ဟု ျဖည့္စြက္ေျပာၾကားခဲ့ပါတယ္။

Credit: Xinhua Myanmar

News Tips Latest Post Read 743 times