Sales Hotline : 09448001653       Download App



ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းနှင့်အခြေခံဆရာ/ဆရာမများ ရာထူးတိုး/ ပြောင်းရွေ့ခြင်းအကြောင်း

** Unicode **

အထက်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် တစ်ပတ်ခြားစီ ဖွင့်လှစ်နိုင်မယ်လို့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် ရေးညှိနှိုင်းအစည်းအဝေးမှသိရပါတယ်။

နိုင်ငံတစ်ဝန်း အထက်တန်းအဆင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းအရေအတွက် အနေဖြင့် တစ်သုတ်တက်ကျောင်း (၆၁၇) ကျောင်း၊ တစ်ပတ်ခြားတက် ကျောင်း (၂၄၇၁) ကျောင်း၊ တစ်ပတ်ခြားနှစ်သုတ်တက်ကျောင်း (၂၄၀၁) ကျောင်း၊ တစ်ပတ်ခြားနှစ်သုတ် သုံးရက်တက်ကျောင်း (၁၄၄) ကျောင်း ဖွင့်လှစ်နိုင်မည်ဟု စီစစ် ခန့်မှန်းထားပါကြောင်း သိရပါတယ်။

ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ဆရာများနှင့် ကျောင်းသားများအားလုံး ပြန်လည်အသုံးပြုနိုင်သော အဝတ်နှာခေါင်းစည်းနှစ်ခုစီနှင့် မျက်နှာကာ တစ်ခုစီ အခမဲ့ဖြန့်ဝေသကဲ့သို့ ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ စသည်တို့ကို အခမဲ့ဖြန့်ဝေသွားရန် စီစဉ်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောပါတယ်။

Secondary (34) အလယ်တန်းကျောင်းများနှင့် ပတ်သက်ပြီး (၃၄) ခု ရှာရန်နှိပ်ပါ။

သင်ရိုးညွန်းတမ်းတွေနဲ့ သင်တန်းတွေအတွက်လည်း အမျိုးသားပညာရေးမူဝါဒ ကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီမှ တာဝန်ရှိသူများပူးပေါင်းလျက် ယခုပညာသင်နှစ်အတွက် စီစဉ်ဆောင်ရွက်မှုတွေနဲ့ ကိုက်ညီသော သင်ရိုးမာတိကာ သင်ခန်းစာတွေစီစဉ် ဆောင်ရွက်နေပြီး Home Assignment ပေးကာသင်ယူတတ်မြောက်မှုကောင်းမွန်ရေးကို အထောက်အကူပြုနိုင်ဖို့ အတွက်လည်း မိဘများ ပူးပေါင်းပါဝင်လာရေးကို အာပေးကာ ကာလတိုသင်တန်းများ စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

အခြေခံပညာဆရာ၊ဆရာမများ ရာထူးတိုးခြင်း၊ ပြောင်းရွေ့ခြင်း၊ခန့်ထားခြင်းကို တိုင်းရင်းသားဒေသခံတွေကို ဉီးစားပေး ဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကပြောပါတယ်။

"စတုတ္ထတန်းသင်ရိုးသစ် သင်ကြားရေးဗီဒီယိုသင်ခန်းစာများ"

အခြေခံပညာဆရာ၊ဆရာမများ ရာထူးတိုးခြင်း၊ ပြောင်းရွေ့ခြင်း၊ခန့်ထားခြင်းတို့ကို တိုင်းရင်းသားဒေသခံများကို ဉီးစားပေး၍ စီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကျောင်းများ ပြန်လည်မဖွင့်လှစ်မီ အချိန်မီပြီးစီးအောင်စီစဉ် ဆောင်ရွက်နေကြောင်းနဲ့ ဆရာ၊ ဆရာမများ တာဝန်ကျရာ နေရာဒေသများသို့ အဆင်ပြေစွာသွားရောက် တာဝန် ထမ်းဆောင်နိုင်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးကူညီပေးပါရန် မေတ္တာရပ်ခံလိုကြောင်းပြောကြားခဲ့ပါတယ်။

၎င်းအကြောင်းအရာများနှင့်ပတ်သက်၍ ဇွန် (၁၀) ရက်က နေပြည်တော်၊ ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမမှာ Video Conferencing နဲ့ ကျင်းပတဲ့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေးမှာပြောကြားခဲ့တာဖြစ်ပါတယ်။

Credit: Internet
 

** Zawgyi **

အထက္တန္းအဆင့္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရာတြင္ တစ္ပတ္ျခားစီ ဖြင့္လွစ္ႏိုင္မယ္လို႔ အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ ေရးညႇိႏႈိင္းအစည္းအေဝးမွသိရပါတယ္။

ႏိုင္ငံတစ္ဝန္း အထက္တန္းအဆင့္ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရာတြင္ ေက်ာင္းအေရအတြက္ အေနျဖင့္ တစ္သုတ္တက္ေက်ာင္း (၆၁၇) ေက်ာင္း၊ တစ္ပတ္ျခားတက္ ေက်ာင္း (၂၄၇၁) ေက်ာင္း၊ တစ္ပတ္ျခားႏွစ္သုတ္တက္ေက်ာင္း (၂၄၀၁) ေက်ာင္း၊ တစ္ပတ္ျခားႏွစ္သုတ္ သုံးရက္တက္ေက်ာင္း (၁၄၄) ေက်ာင္း ဖြင့္လွစ္ႏိုင္မည္ဟု စီစစ္ ခန႔္မွန္းထားပါေၾကာင္း သိရပါတယ္။

ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ခ်ိန္တြင္ ဆရာမ်ားႏွင့္ ေက်ာင္းသားမ်ားအားလုံး ျပန္လည္အသုံးျပဳႏိုင္ေသာ အဝတ္ႏွာေခါင္းစည္းႏွစ္ခုစီႏွင့္ မ်က္ႏွာကာ တစ္ခုစီ အခမဲ့ျဖန႔္ေဝသကဲ့သို႔ ေက်ာင္းသုံးဖတ္စာအုပ္မ်ား၊ ဗလာစာအုပ္မ်ား စသည္တို႔ကို အခမဲ့ျဖန႔္ေဝသြားရန္ စီစဥ္လ်က္ရွိေၾကာင္း ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးကေျပာပါတယ္။

Secondary (34) အလယ္္တန္းေက်ာင္းမ်ားႏွင့္ ပတ္သက္ျပီး (၃၄) ခု ရွာရန္ႏွိပ္ပါ။

သင္႐ိုးၫြန္းတမ္းေတြနဲ႔ သင္တန္းေတြအတြက္လည္း အမ်ိဳးသားပညာေရးမူဝါဒ ေကာ္မရွင္၊ အမ်ိဳးသားသင္႐ိုးၫႊန္းတမ္းေကာ္မတီမွ တာဝန္ရွိသူမ်ားပူးေပါင္းလ်က္ ယခုပညာသင္ႏွစ္အတြက္ စီစဥ္ေဆာင္႐ြက္မႈေတြနဲ႔ ကိုက္ညီေသာ သင္႐ိုးမာတိကာ သင္ခန္းစာေတြစီစဥ္ ေဆာင္႐ြက္ေနၿပီး Home Assignment ေပးကာသင္ယူတတ္ေျမာက္မႈေကာင္းမြန္ေရးကို အေထာက္အကူျပဳႏိုင္ဖို႔ အတြက္လည္း မိဘမ်ား ပူးေပါင္းပါဝင္လာေရးကို အာေပးကာ ကာလတိုသင္တန္းမ်ား စီစဥ္ေဆာင္႐ြက္ေပးသြားမယ္လို႔ သိရပါတယ္။

အေျခခံပညာဆရာ၊ဆရာမမ်ား ရာထူးတိုးျခင္း၊ ေျပာင္းေ႐ြ႕ျခင္း၊ခန႔္ထားျခင္းကို တိုင္းရင္းသားေဒသခံေတြကို ဉီးစားေပး ေဆာင္႐ြက္သြားမယ္လို႔ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးကေျပာပါတယ္။

"စတုတၳတန္းသင္႐ိုးသစ္ သင္ၾကားေရးဗီဒီယိုသင္ခန္းစာမ်ား"

အေျခခံပညာဆရာ၊ဆရာမမ်ား ရာထူးတိုးျခင္း၊ ေျပာင္းေ႐ြ႕ျခင္း၊ခန႔္ထားျခင္းတို႔ကို တိုင္းရင္းသားေဒသခံမ်ားကို ဉီးစားေပး၍ စီစဥ္ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း၊ ေက်ာင္းမ်ား ျပန္လည္မဖြင့္လွစ္မီ အခ်ိန္မီၿပီးစီးေအာင္စီစဥ္ ေဆာင္႐ြက္ေနေၾကာင္းနဲ႔ ဆရာ၊ ဆရာမမ်ား တာဝန္က်ရာ ေနရာေဒသမ်ားသို႔ အဆင္ေျပစြာသြားေရာက္ တာဝန္ ထမ္းေဆာင္ႏိုင္ေရးအတြက္ လိုအပ္သည္မ်ား ပံ့ပိုးကူညီေပးပါရန္ ေမတၱာရပ္ခံလိုေၾကာင္းေျပာၾကားခဲ့ပါတယ္။

၎အေၾကာင္းအရာမ်ားႏွင့္ပတ္သက္၍ ဇြန္ (၁၀) ရက္က ေနျပည္ေတာ္၊ ႐ုံးအမွတ္(၁၃) အစည္းအေဝးခန္းမမွာ Video Conferencing နဲ႔ က်င္းပတဲ့ အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ေရး ညႇိႏႈိင္းအစည္းအေဝးမွာေျပာၾကားခဲ့တာျဖစ္ပါတယ္။

Credit: Internet
 

News Tips Latest Post Read 18212 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176