Sales Hotline : 09448001653       Download App



ချင်းမိုင်ရှိ မြန်မာကျောင်းသား/သူတွေအတွက် ပတ်စပို့ကိစ္စများကို သံရုံးမှ လုပ်ပေးတော့မည်မဟုတ်

 

ထိုင်းနိုင်ငံ၊ ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်များရှိ တက္ကသိုလ်တို့တွင် ပညာသင်ကြားနေသော မြန်မာကျောင်းသား/သူများနှင့် အလုပ်လုပ်ကိုင်နေသူများအတွက် နိုင်ငံကူးလက်မှတ်ဆိုင်ရာ ကိစ္စရပ်များကို မေလ ၂၇ ရက်နေ့မှ စပြီး ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ဆောင်ရွက်ပေးတော့မည်မဟုတ်ကြောင်း မြန်မာသံရုံး (ဘန်ကောက်မြို့) မှသတင်းထုတ်ပြန်ထားပါသည်။ 

 

ယခင်က ထိုင်းနိုင်ငံတွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်းသား၊ ကျောင်းသူများနှင့် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ၏ နိုင်ငံကူးလက်မှတ်ဆိုင်ရာ ကိစ္စရပ်များကို မြန်မာသံရုံး (ဘန်ကောက်မြို့) နှင့် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့တွင် ပြုလုပ်‌ပေးခဲ့ကြောင်း သိရသည်။

 

ယခုအခါ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်တို့တွင် ရောက်ရှိနေသော မြန်မာအလုပ်သမားများနှင့် ကျောင်းသားကျောင်းသူများအတွက် နိုင်ငံကူးလက်မှတ်ဆိုင်ရာ ကိစ္စရပ်များကို မြန်မာသံရုံး (ဘန်ကောက်မြို့) မှ ဆောင်ရွက်ပေးတော့မည်မဟုတ်ဘဲ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတစ်ခုတွင်သာ ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရပါသည်။  

 

Source :

 

 

International News Latest Post Read 290 times