Sales Hotline : 09448001653       Download App



ဆေးတက္ကသိုလ်သင်တန်းများတွင် သင်ရိုးညွှန်းတမ်းကို Pilot Study ပုံစံဖြင့်ဆောင်ရွက်နေ

ဆေးတက္ကသိုလ်သင်တန်းများတွင် သင်ရိုးညွှန်းတမ်းကို Pilot Study ပုံစံဖြင့်ဆောင်ရွက်နေ

**Unicode**

ဆေးတက္ကသိုလ်များတွင် လာမည့် ၂၀၂၀ ပြည့်နှစ် ပညာသင်နှစ်မှစ၍ နိုင်ငံတကာအဆင့်မီ မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်းသင်ရိုးညွှန်းတမ်းအသုံးပြုသင်ကြားရန် စီစဉ်နေပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်နှင့် ၂၀၁၈ ခုနှစ်ဒီဇင်ဘာတွင် စတင်တက်ရောက်ခဲ့သည့် ဆေးတက္ကသိုလ်ပထမနှစ်သင်တန်းများ၊ လက်ရှိဆေးတက္ကသိုလ် ဒုတိယနှစ်သင်တန်းများတွင် သင်ရိုးညွှန်းတမ်းကို ကနဦး Pilot Study ပုံစံဖြင့်ဆောင်ရွက်နေကြောင်း သင်ရိုးညွှန်းတမ်းပေါ်ပေါက်ရေး ဗဟိုကော်မတီမှ သိရပါတယ်။

လက်ရှိဆေးတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းကို Integrated Curriculum ဖြင့် သင်ကြားနိုင်ရေးပြင်ဆင်ရေးဆွဲနေပြီးလာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့်သင်တန်းများမှစ၍ သင်ကြားပို့ချမည်ဖြစ်ကြောင်းသိရပါတယ်။


ဝန်ကြီးဌာနရှိ ဆေးတက္ကသိုလ်အသီးသီးမှ ၂၀၁၆ ခုနှစ်မှ လက်ရှိအထိဆေးလက်တွေ့ပညာဘာသာရပ် (၃၂) မျိုးမှ ဆေးပညာမဟာသိပ္ပံဘွဲ့ရ (၉၆၃) ဦးမွေးထုတ်ပေးနိုင်ခဲ့ပြီး ယခုလက်ရှိတွင် ဆေးလက်တွေ့ပညာ ဘာသာရပ် (၃၂) မျိုးမှ ဆေးပညာမဟာသိပ္ပံပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ်သင်တန်းများတွင် (၂၅၁၇) ဦး၊ ဆေးလက်တွေ့အခြေခံပညာရပ်ရှစ်မျိုး၏ ပါရဂူဘွဲ့သင်တန်းများတွင် (၁၀၂) ဦးနှင့်ဆေးလက်တွေ့ပညာရပ် (၃၅) မျိုး၏ ပါရဂူဘွဲ့သင်တန်းများတွင် (၅၃၄) ဦးအားလေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းလည်း သိရပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းဆရာဝန်များအတွက် လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဘွဲ့လွန်ဒီပလိုမာ သင်တန်းခုနစ်မျိုး၊ မဟာသိပ္ပံသင်တန်း (၃၀) မျိုး၊ ဆေးလက်တွေ့အခြေခံပါရဂူသင်တန်း (၆) မျိုး၊ ဆေးလက်တွေ့ပါရဂူသင်တန်း (၄၁) မျိုးစုစုပေါင်းအမျိုး (၈၀) ကျော်ကို ရွေးချယ်ခေါ်ယူလေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရပါတယ်။

၂၀၁၈ ခုနှစ်အတွင်း M.B.B.S အပါအဝင်ဘွဲ့လွန်၊ မဟာသိပ္ပံဘွဲ့ရရှိသူ (၈၀၀၀) ကျော်ရှိပြီး သုံးနှစ်တာအတွင်း စုစုပေါင်းဘွဲ့ရရှိသူဦးရေ (၂၂၀၀၀) ခန့်ရှိကြောင်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အောက်ရှိဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၏ ပထမနှစ်သင်တန်းသို့ ဝင်ခွင့်ရရှိသည့် သစ်လွင်ကျောင်းသား/သူဦးရေ (၁၄၀၀) ခန့်တက်ရောက်ခွင့်ရရှိထားကြောင်းသိရပါတယ်။

Source: Daily Eleven

 

**Zawgyi**

ေဆးတကၠသုိလ္မ်ားတြင္ လာမည့္ ၂၀၂၀ ျပည့္ႏွစ္ ပညာသင္ႏွစ္မွစ၍ ႏိုင္ငံတကာအဆင့္မီ ေမ်ွာ္မွန္းရလဒ္အေျခခံေသာ စုစည္းခ်ိတ္ဆက္သင္ၾကားျခင္းသင္ရိုးညႊန္းတမ္းအသံုးျပဳသင္ၾကားရန္ စီစဥ္ေနၿပီး ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္ႏွင့္ ၂၀၁၈ ခုႏွစ္ဒီဇင္ဘာတြင္ စတင္တက္ေရာက္ခဲ့သည့္ ေဆးတကၠသိုလ္ပထမႏွစ္သင္တန္းမ်ား၊ လက္ရွိေဆးတကၠသိုလ္ ဒုတိယႏွစ္သင္တန္းမ်ားတြင္ သင္ရိုးညႊန္းတမ္းကို ကနဦး Pilot Study ပံုစံျဖင့္ေဆာင္ရြက္ေနေၾကာင္း သင္ရိုးညႊန္းတမ္းေပၚေပါက္ေရး ဗဟိုေကာ္မတီမွ သိရပါတယ္။

 

က္ရွိေဆးတကၠသုိလ္မ်ား၏ သင္ရိုးညႊန္းတမ္းကို Integrated Curriculum ျဖင့္ သင္ၾကားႏိုင္ေရးျပင္ဆင္ေရးဆြဲေနၿပီးလာမည့္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တြင္ ဖြင့္လွစ္မည့္သင္တန္းမ်ားမွစ၍ သင္ၾကားပို႔ခ်မည္ျဖစ္ေၾကာင္းသိရပါတယ္။

 

Tuition of International Secondary School Qualifications (IGCSE, GCSE O Level, A Level, SAT) (80) Overseas Education မ်ားႏွင့္ ပတ္သက္ျပီး (80) ခု ရွာရန္ႏွိပ္ပါ။

 

ဝန္ႀကီးဌာနရွိ ေဆးတကၠသိုလ္အသီးသီးမွ ၂၀၁၆ ခုႏွစ္မွ လက္ရွိအထိေဆးလက္ေတြ႔ပညာဘာသာရပ္ (၃၂) မ်ိဳးမွ ေဆးပညာမဟာသိပၸံဘြဲ႔ရ (၉၆၃) ဦးေမြးထုတ္ေပးႏိုင္ခဲ့ၿပီး ယခုလက္ရွိတြင္ ေဆးလက္ေတြ႔ပညာ ဘာသာရပ္ (၃၂) မ်ိဳးမွ ေဆးပညာမဟာသိပၸံပထမႏွစ္၊ ဒုတိယႏွစ္ႏွင့္ တတိယႏွစ္သင္တန္းမ်ားတြင္ (၂၅၁၇) ဦး၊ ေဆးလက္ေတြ႔အေျခခံပညာရပ္ရွစ္မ်ိဳး၏ ပါရဂူဘြဲ႔သင္တန္းမ်ားတြင္ (၁၀၂) ဦးႏွင့္ေဆးလက္ေတြ႔ပညာရပ္ (၃၅) မ်ိဳး၏ ပါရဂူဘြဲ႔သင္တန္းမ်ားတြင္ (၅၃၄) ဦးအားေလ့က်င့္သင္ၾကားေပးလ်က္ရွိေၾကာင္းလည္း သိရပါတယ္။

 

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနတြင္ တာဝန္ထမ္းေဆာင္လ်က္ရွိေသာ ဝန္ထမ္းဆရာဝန္မ်ားအတြက္ လာမည့္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တြင္ ဘြဲ႔လြန္ဒီပလိုမာ သင္တန္းခုနစ္မ်ိဳး၊ မဟာသိပၸံသင္တန္း (၃၀) မ်ိဳး၊ ေဆးလက္ေတြ႔အေျခခံပါရဂူသင္တန္း () မ်ိဳး၊ ေဆးလက္ေတြ႔ပါရဂူသင္တန္း (၄၁) မ်ိဳးစုစုေပါင္းအမ်ိဳး (၈၀) ေက်ာ္ကို ေရြးခ်ယ္ေခၚယူေလ့က်င့္သင္ၾကားေပးမည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ သိရပါတယ္။

 

Read More:>>> Scholarship တက္ေရာက္လိုသူမ်ားအတြက္ ျပင္ဆင္ရာတြင္အေထာက္အကူျဖစ္ေစရန္

 

၂၀၁၈ ခုႏွစ္အတြင္း M.B.B.S အပါအဝင္ဘြဲ႔လြန္၊ မဟာသိပၸံဘြဲ႔ရရွိသူ (၈၀၀၀) ေက်ာ္ရွိၿပီး သံုးႏွစ္တာအတြင္း စုစုေပါင္းဘြဲ႔ရရွိသူဦးေရ (၂၂၀၀၀) ခန္႔ရွိေၾကာင္း ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္တြင္ က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္ဦးစီးဌာန ေအာက္ရွိေဆးတကၠသုိလ္မ်ားႏွင့္ သြားဘက္ဆိုင္ရာေဆးတကၠသုိလ္မ်ား၏ ပထမႏွစ္သင္တန္းသို႔ ဝင္ခြင့္ရရိွသည့္ သစ္လြင္ေက်ာင္းသား/သူဦးေရ (၁၄၀၀) ခန္႔တက္ေရာက္ခြင့္ရရွိထားေၾကာင္းသိရပါတယ္။

 

Source: Daily Eleven

 

Tips Read 4808 times