Sales Hotline : 09448001653       Download App



ကျောင်းတက်ရင်း ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နိုင်စေရန် ထူထောင်ပေးမည့် MBTU

** Unicode **

တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ၊ တက္ကသိုလ်ဝင်တန်းဖြေဆိုသူများအတွက် Myanmar Business and Technology တက္ကသိုလ်မှကျောင်းတက်ရင်း ကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်ရန်ထူထောင်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။

Myanmar Business and Technology တက္ကသိုလ်တွင် ပထမနှစ်ကျောင်းစတက်မည့် ကျောင်းသားများကို ကျောင်းတက်ရင်း ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နိုင်ရန် ရင်းနှီးငွေများ ထုတ်ပေးခြင်း၊ ရုံးခန်းများထားရှိပေးခြင်း၊ လိုအပ်သော Office Supply များထောက်ပံ့ပေးခြင်း၊ မြန်နှုန်းမြင့် အင်တာနက်တပ်ဆင်ပေးခြင်းတို့ လုပ်ဆောင်ပေးမည်ဖြစ်ပတယ်။

၎င်းပြင် ကိုယ်ပိုင်လုပ်ငန်းတွင် ကြုံတွေ့ရသောအခက်အခဲများအတွက် တိုင်ပင်အကြံပြုဆွေးနွေးပေးမည့် စီးပွားရေးအကြံပေးများပါ ထားရှိပေးမည်ဖြစ်ကြောင်း Myanmar Business and Technology တက္ကသိုလ်ထံမှသိရပါတယ်။

ကျောင်းသားများအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းကို စတင်လုပ်ဆောင်ချိန်တွင် အောင်မြင်မှု၊ ဆုံးရှုံးမှုအတွက် (၅၀%) ခန့်ထားထားပြီး လုပ်ကိုင်မည့်လုပ်ငန်းနှင့် ကျောင်းသား၏ အားစိုက်မှုအပေါ်မူတည်၍ Myanmar Business and Technology တက္ကသိုလ်အနေဖြင့် အောင်မြင်နိုင်မည့်လမ်းကြောင်းကို ရွေးချယ်ညွှန်ပြပေးမည်ဖြစ်ကြောင်း တက္ကသိုလ်တည်ထောင်သူ၏ ပြောကြားချက်အရသိရပါတယ်။

College (108) ကောလိပ်နှင့်ပတ်သက်ပြီး (၁၀၈) ခုရှာရန်နှိပ်ပါ။

ကျောင်း၏ အစီအစဉ်သည် အကန့်အသတ်မရှိသော လေ့လာမှု၊ လက်တွေ့နဲ့ ပေါင်းစပ်ပြီးတီထွင်ဆန်းသစ်မှုရှိတာတွေ၊ ပြင်ပလောကနဲ့ လက်တွေ့ထိတွေ့ပြီး သင်ယူတာတွေနဲ့ ကျောင်းသား/သူများကို အမြင့်ဆုံးခေါ်ဆောင်သွားဖို့ ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။

ထို့ပြင် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ကျောင်းသား/သူများအနေဖြင့် ဆုံးရှုံးမှုများအတွက် စိတ်ပိုင်းဆိုင်ရာအပိုင်းတွင် စိတ်ဓာတ်မကျရအောင် စီးပွားရေးအကြံပေးများ၏ အကြံပေးချက်များနှင့်အတူ ကြိုးစားလေ့လာ သင်ယူရမည်ဖြစ်ကြောင်းသိရပါတယ်။

Credit: The Voice
 

** Zawgyi **

တကၠသုိလ္ဝင္တန္းေအာင္ျမင္ထားသူမ်ား၊ တကၠသုိလ္ဝင္တန္းေျဖဆိုသူမ်ားအတြက္ Myanmar Business and Technology တကၠသုိလ္မွေက်ာင္းတက္ရင္း ကိုယ္ပိုင္လုပ္ငန္းလုပ္ႏိုင္ရန္ထူေထာင္ေပးမည္ျဖစ္ေၾကာင္း သိရပါတယ္။

Myanmar Business and Technology တကၠသုိလ္တြင္ ပထမႏွစ္ေက်ာင္းစတက္မည့္ ေက်ာင္းသားမ်ားကို ေက်ာင္းတက္ရင္း ကိုယ္ပိုင္လုပ္ငန္း လုပ္ကိုင္ႏိုင္ရန္ ရင္းႏွီးေငြမ်ား ထုတ္ေပးျခင္း၊ ရုံးခန္းမ်ားထားရွိေပးျခင္း၊ လိုအပ္ေသာ Office Supply မ်ားေထာက္ပံ့ေပးျခင္း၊ ျမန္ႏႈန္းျမင့္ အင္တာနက္တပ္ဆင္ေပးျခင္းတို႔ လုပ္ေဆာင္ေပးမည္ျဖစ္ပတယ္။

၄င္းျပင္ ကိုယ္ပိုင္လုပ္ငန္းတြင္ ႀကံဳေတြ႔ရေသာအခက္အခဲမ်ားအတြက္ တိုင္ပင္အႀကံျပဳေဆြးေႏြးေပးမည့္ စီးပြားေရးအႀကံေပးမ်ားပါ ထားရွိေပးမည္ျဖစ္ေၾကာင္း Myanmar Business and Technology တကၠသုိလ္ထံမွသိရပါတယ္။

ေက်ာင္းသားမ်ားအေနျဖင့္ ကိုယ္ပိုင္လုပ္ငန္းကို စတင္လုပ္ေဆာင္ခ်ိန္တြင္ ေအာင္ျမင္မႈ၊ ဆံုးရႈံးမႈအတြက္ (၅၀%) ခန္႔ထားထားၿပီး လုပ္ကိုင္မည့္လုပ္ငန္းႏွင့္ ေက်ာင္းသား၏ အားစိုက္မႈအေပၚမူတည္၍ Myanmar Business and Technology တကၠသုိလ္အေနျဖင့္ ေအာင္ျမင္ႏိုင္မည့္လမ္းေၾကာင္းကို ေရြးခ်ယ္ညႊန္ျပေပးမည္ျဖစ္ေၾကာင္း တကၠသုိလ္တည္ေထာင္သူ၏ ေျပာၾကားခ်က္အရသိရပါတယ္။

College (108) ေကာလိပ္ႏွင့္ပတ္သက္ျပီး (၁၀၈) ခုရွာရန္ႏွိပ္ပါ။

ေက်ာင္း၏ အစီအစဥ္သည္ အကန္႔အသတ္မရွိေသာ ေလ့လာမႈ၊ လက္ေတြ႔နဲ႔ ေပါင္းစပ္ၿပီးတီထြင္ဆန္းသစ္မႈရွိတာေတြ၊ ျပင္ပေလာကနဲ႔ လက္ေတြ႔ထိေတြ႔ၿပီး သင္ယူတာေတြနဲ႔ ေက်ာင္းသား/သူမ်ားကို အျမင့္ဆံုးေခၚေဆာင္သြားဖုိ႔ ရည္ရြယ္ထားျခင္းျဖစ္ပါတယ္။

ထို႔ျပင္ ကိုယ္ပိုင္လုပ္ငန္းထူေထာင္မည့္ ေက်ာင္းသား/သူမ်ားအေနျဖင့္ ဆံုးရႈံးမႈမ်ားအတြက္ စိတ္ပိုင္းဆိုင္ရာအပိုင္းတြင္ စိတ္ဓာတ္မက်ရေအာင္ စီးပြားေရးအႀကံေပးမ်ား၏ အႀကံေပးခ်က္မ်ားႏွင့္အတူ ႀကိဳးစားေလ့လာ သင္ယူရမည္ျဖစ္ေၾကာင္းသိရပါတယ္။

Credit: The Voice
 

News Tips Tips Latest Post Read 1984 times