Sales Hotline : 09448001653       Download App



လင်ကွန်းပညာသင်ဆုဖြင့် မဟာဘွဲ့များရယူနိုင်မည်

**Zawgyi**

ျမန္မာႏိုင္ငံမွ လူငယ္ေခါင္းေဆာင္ (၁၀၀) နီးပါးအေနနဲ႔ Lincoln ပညာသင္ဆုျဖင့္ အေမရိကန္တကၠသိုလ္ေတြမွာ အရည္အေသြးျမင့္ မဟာဘြဲ႕မ်ားရယူႏိုင္မယ္လို႔ အေမရိကန္သံအမတ္ Mr.Scot Marciel ကထုတ္ျပန္ေၾကညာလိုက္ပါတယ္။


" အေမရိကန္ျပည္ေထာင္စုက ျမန္မာႏိုင္ငံေအာင္ျမင္တာကို ျမင္လိုပါတယ္။ အဲ့ဒါေၾကာင့္ လူငယ္ေခါင္းေဆာင္ေတြကို Lincoin Scholarship အစီအစဥ္သစ္နဲ႔ ပံ့ပိုးေနျခင္းျဖစ္ပါတယ္။ ဒီပညာသင္ဆုက ထူးခြၽန္ထက္ျမက္တဲ့ လူငယ္ပညာရွင္ေတြကို ျမန္မာ့အနာဂတ္အားပုံေဖာ္ရန္ အခြင့္အလမ္းနဲ႔နည္းပညာ၊ အတ္ပညာတတ္ေတြေပးအပ္သြားမွာ ျဖစ္ပါတယ္" လို႔ Mr.Scot Marciel ကေျပာၾကားပါတယ္။


အဆိုပါပညာသင္ဆုကို ၂၀၂၀ ပညာသင္ႏွစ္အတြက္ ပထမအသုတ္အေနနဲ႔ အေယာက္ (၂၀) ေ႐ြးခ်ယ္ေပးအပ္မွာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာ (၂) ရက္မွစတင္ကာ လက္ခံေပးသြားမယ္လို႔ သိရပါတယ္။ ပညာသင္ဆုကို ေပးအပ္ရျခင္းမွာ ျမန္မာ့အနာဂတ္ေခါင္းေဆာင္ေလာင္းေတြကို အစားအေသာက္ႏွင့္ အာဟာရသိပၸံ၊ သဘာဝသယံဇာတ ရင္းျမစ္စီမံခန႔္ခြဲမႈႏွင့္ သဘာပတ္ဝန္းက်င္ဆိုင္ရာေလ့လာမႈ၊ စီးပြားေရး၊ ေဘာဂေဗဒႏွင့္ ဘ႑ာေရး စတဲ့နယ္ပယ္ေတြမွာ ဘြဲ႕ဒီဂရီေတြရရွိေစျခင္းျဖင့္ ျမန္မာႏိုင္ငံဟာ ၎အစိုးရ၊ ပုဂၢလိက အဖြဲ႕အစည္းေတြနဲ႔ လူထုအေျချပဳအဖြဲ႕အစည္းေတြမွာ ၂၁ ရာစုရဲ႕ ပိုမိုရႈပ္ေထြးလာတဲ့ အေျခအေနေတြၾကားမွာ ဦးေဆာင္ေျဖရွင္းမယ့္ လူငယ္ေခါင္းေဆာင္ေတြ နည္းပညာစြမ္းရည္ျပည့္ဝေနေစရန္ရည္႐ြယ္တာ ျဖစ္တယ္လို႔ သိရပါတယ္။

Read More:>>>  ယခုႏွစ္တကၠသိုလ္ဝင္တန္းစာေမးပဲြတြြင္ ေက်ာင္းသား (၉၇၀,၀၀၀) ေက်ာ္ေျဖဆိုမည္။


အေမရိကန္ ႏိုင္ငံတကာဖြံ႕ၿဖိဳးေရးေအဂ်င္စီ (USAID) က ၂၀၂၄ ခုႏွစ္အထိ လင္ကြန္းပညာသင္ဆုကို ေပးအပ္ရန္ Institute of International Eduation (IIE) နဲ႔ လက္တြဲေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။

Credit: Internet
 

**Unicode**

မြန်မာနိုင်ငံမှ လူငယ်ခေါင်းဆောင် (၁၀၀) နီးပါးအနေနဲ့ Lincoln ပညာသင်ဆုဖြင့် အမေရိကန်တက္ကသိုလ်တွေမှာ အရည်အသွေးမြင့် မဟာဘွဲ့များရယူနိုင်မယ်လို့ အမေရိကန်သံအမတ် Mr.Scot Marciel ကထုတ်ပြန်ကြေညာလိုက်ပါတယ်။


" အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအောင်မြင်တာကို မြင်လိုပါတယ်။ အဲ့ဒါကြောင့် လူငယ်ခေါင်းဆောင်တွေကို Lincoin Scholarship အစီအစဉ်သစ်နဲ့ ပံ့ပိုးနေခြင်းဖြစ်ပါတယ်။ ဒီပညာသင်ဆုက ထူးချွန်ထက်မြက်တဲ့ လူငယ်ပညာရှင်တွေကို မြန်မာ့အနာဂတ်အားပုံဖော်ရန် အခွင့်အလမ်းနဲ့နည်းပညာ၊ အတ်ပညာတတ်တွေပေးအပ်သွားမှာ ဖြစ်ပါတယ်" လို့ Mr.Scot Marciel ကပြောကြားပါတယ်။


အဆိုပါပညာသင်ဆုကို ၂၀၂၀ ပညာသင်နှစ်အတွက် ပထမအသုတ်အနေနဲ့ အယောက် (၂၀) ရွေးချယ်ပေးအပ်မှာဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၂) ရက်မှစတင်ကာ လက်ခံပေးသွားမယ်လို့ သိရပါတယ်။ ပညာသင်ဆုကို ပေးအပ်ရခြင်းမှာ မြန်မာ့အနာဂတ်ခေါင်းဆောင်လောင်းတွေကို အစားအသောက်နှင့် အာဟာရသိပ္ပံ၊ သဘာဝသယံဇာတ ရင်းမြစ်စီမံခန့်ခွဲမှုနှင့် သဘာပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှု၊ စီးပွားရေး၊ ဘောဂဗေဒနှင့် ဘဏ္ဍာရေး စတဲ့နယ်ပယ်တွေမှာ ဘွဲ့ဒီဂရီတွေရရှိစေခြင်းဖြင့် မြန်မာနိုင်ငံဟာ ၎င်းအစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေမှာ ၂၁ ရာစုရဲ့ ပိုမိုရှုပ်ထွေးလာတဲ့ အခြေအနေတွေကြားမှာ ဦးဆောင်ဖြေရှင်းမယ့် လူငယ်ခေါင်းဆောင်တွေ နည်းပညာစွမ်းရည်ပြည့်ဝနေစေရန်ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။

Read More:>>>  ယခုႏွစ္တကၠသိုလ္ဝင္တန္းစာေမးပဲြတြြင္ ေက်ာင္းသား (၉၇၀,၀၀၀) ေက်ာ္ေျဖဆိုမည္။


အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က ၂၀၂၄ ခုနှစ်အထိ လင်ကွန်းပညာသင်ဆုကို ပေးအပ်ရန် Institute of International Eduation (IIE) နဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Credit: Internet
 

International Latest Post Read 992 times