Sales Hotline : 09448001653       Download App



ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား (၉၇၀,၀၀၀) ကျော်ဖြေဆိုမည်။။

 

**Zawgyi**

ယခုပညာသင္ႏွစ္ မတ္လတြင္က်င္းပမည့္ တကၠသိုလ္ဝင္တန္းစာေမးပဲြတြင္ ေက်ာင္းသား၊ ေက်ာင္းသူ (၉၇၀,၀၀၀) ေက်ာ္ေျဖဆိုမည္ျဖစ္ၿပီး ယခင္ႏွစ္ထက္ေျဖဆိုမည့္ေက်ာင္းသားဦးေရ (၁၇၀,၀၀၀) ေက်ာ္တိုးလာေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနထံမွသိရသည္။

ယခုပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပဲြတြင္ ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ဓာတုေဗဒ၊ ရူပေဗဒ၊ ေဘာဂေဗဒဘာသာတြဲတြင္ ေျဖဆိုသူဦးေရ (၅၈၀,၀၀၀) ေက်ာ္၊ ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ပထဝီ၊ သမိုင္း၊ ေဘာဂေဗဒဘာသာတဲြတြင္ ေျဖဆိုသူဦးေရ (၁၇၀,၀၀၀) ေက်ာ္၊ ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ပထဝီ၊ သမိုင္း၊ စိတ္ႀကိဳက္ျမန္မာစာဘာသာတဲြတြင္ ေျဖဆိုသူ (၁၀) ဦးေျဖဆိုမည္ျဖစ္သည္။

ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ သမိုင္း၊ ေဘာဂေဗဒ၊ စိတ္ႀကိဳက္ျမန္မာစာဘာသာတဲြတြင္ ေျဖဆိုသူ (၁) ဦး၊ ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ဓာတုေဗဒ၊ ရူပေဗဒ၊ သမိုင္းဘာသာတဲြတြင္ ေျဖဆိုသူဦးေရ (၅၀၀) ေက်ာ္၊ ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ဓာတုေဗဒ၊ ရူပေဗဒ၊ ဇီဝေဗဒဘာသာတဲြတြင္ ေျဖဆိုသူဦးေရ (၂) သိန္းေက်ာ္ႏွင့္ ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာ၊ ဓာတုေဗဒ၊ ရူပေဗဒ၊ ပထဝီဘာသာတဲြတြင္ ေျဖဆိုသူဦးေရ (၃၀၀၀) ေက်ာ္ေျဖဆိုမည္ျဖစ္သည္။

တကၠသိုလ္ဝင္တန္းစာေမးပဲြ စာစစ္ဌာနႀကီးၾကပ္ေရးမွဴးမ်ား၊ တဲြဖက္ႀကီးၾကပ္ေရးမွဴးမ်ား၊ လက္ေထာက္ႀကီးၾကပ္ေရးမွဴးမ်ားႏွင့္ စာေမးပြဲေျဖဆိုသူမ်ားလိုက္နာရန္ စည္းကမ္းခ်က္မ်ားဆိုင္ရာေဆြးေႏြးပဲြသင္တန္းမ်ားကို ရန္ကုန္ၿမိဳ႕တြင္ ႏိုဝင္ဘာလ (၂၉) ရက္မွ ဒီဇင္ဘာလ (၁) ရက္အထိ၊ မႏၱေလးၿမိဳ႕တြင္ ဒီဇင္ဘာလ (၂၇) ရက္မွ (၂၉) ရက္အထိ၊ ေနျပည္ေတာ္တြင္ (၂၀၂၀) ဇန္နဝါရီလ (၁) ရက္ႏွင့္ (၂) ရက္တို႔တြင္ သက္ဆိုင္ရာဌာနမ်ားတြင္ ဖြင့္သြားမည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာနထံမွသိရသည္။

ယခုပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပဲြေျဖဆိုခြင့္ေလွ်ာက္လႊာမ်ားကို စက္တင္ဘာလ (၂) ရက္မွ စက္တင္ဘာလ (၃၀) ရက္အထိလက္ခံခဲ့ေၾကာင္း၊ ယခင္ႏွစ္တြင္ တကၠသုိလ္ဝင္စာေမးပဲြေျဖဆိုသူ (၈၅၀,၀၀၀) ေက်ာ္ရွိခဲ့ၿပီး (၂၈၀,၀၀၀) ခန္႔ေအာင္ျမင္ခဲ့ကာ တစ္ႏိုင္ငံလံုးအတိုင္းအတာ ေအာင္ခ်က္ရာခုိင္ႏႈန္း (၃၁.၄၄) သာရွိခဲ့ေၾကာင္းစာစစ္ဌာနထံမွသိရသည္။

Source: The Voice

Read More >> A.G.T.I ပထမႏွစ္ ဝင္ခြင့္ရသူမ်ားစာရင္း အားလုံးၾကည့္ရႈ႕လိုပါသလား?

 

**Unicode**

ယခုပညာသင်နှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၉၇၀,၀၀၀) ကျော်ဖြေဆိုမည်ဖြစ်ပြီး ယခင်နှစ်ထက်ဖြေဆိုမည့်ကျောင်းသားဦးရေ (၁၇၀,၀၀၀) ကျော်တိုးလာကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှသိရသည်။

ယခုပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒဘာသာတွဲတွင် ဖြေဆိုသူဦးရေ (၅၈၀,၀၀၀) ကျော်၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒဘာသာတွဲတွင် ဖြေဆိုသူဦးရေ (၁၇၀,၀၀၀) ကျော်၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာဘာသာတွဲတွင် ဖြေဆိုသူ (၁၀) ဦးဖြေဆိုမည်ဖြစ်သည်။

မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ဘောဂဗေဒ၊ စိတ်ကြိုက်မြန်မာစာဘာသာတွဲတွင် ဖြေဆိုသူ (၁) ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သမိုင်းဘာသာတွဲတွင် ဖြေဆိုသူဦးရေ (၅၀၀) ကျော်၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာတွဲတွင် ဖြေဆိုသူဦးရေ (၂) သိန်းကျော်နှင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဘာသာတွဲတွင် ဖြေဆိုသူဦးရေ (၃၀၀၀) ကျော်ဖြေဆိုမည်ဖြစ်သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာမေးပွဲဖြေဆိုသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာဆွေးနွေးပွဲသင်တန်းများကို ရန်ကုန်မြို့တွင် နိုဝင်ဘာလ (၂၉) ရက်မှ ဒီဇင်ဘာလ (၁) ရက်အထိ၊ မန္တလေးမြို့တွင် ဒီဇင်ဘာလ (၂၇) ရက်မှ (၂၉) ရက်အထိ၊ နေပြည်တော်တွင် (၂၀၂၀) ဇန်နဝါရီလ (၁) ရက်နှင့် (၂) ရက်တို့တွင် သက်ဆိုင်ရာဌာနများတွင် ဖွင့်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှသိရသည်။

ယခုပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာလ (၂) ရက်မှ စက်တင်ဘာလ (၃၀) ရက်အထိလက်ခံခဲ့ကြောင်း၊ ယခင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ (၈၅၀,၀၀၀) ကျော်ရှိခဲ့ပြီး (၂၈၀,၀၀၀) ခန့်အောင်မြင်ခဲ့ကာ တစ်နိုင်ငံလုံးအတိုင်းအတာ အောင်ချက်ရာခိုင်နှုန်း (၃၁.၄၄) သာရှိခဲ့ကြောင်းစာစစ်ဌာနထံမှသိရသည်။

Source: The Voice

Read More >> A.G.T.I ပထမနှစ် ဝင်ခွင့်ရသူများစာရင်း အားလုံးကြည့်ရှု့လိုပါသလား?

Latest Post News Read 2417 times