Sales Hotline : 09448001653       Download App



သူငယ်တန်းဆရာ/မများမှ မိဘများကို မပြောပဲ သိစေချင်သောအရာများ

သူငယ်တန်းဆရာ/မများမှ မိဘများကို မပြောပဲ သိစေချင်သောအရာများ

**Unicode**

ပညာရေးရှုထောင့်ကကြည့်ရင်တော့ သူငယ်တန်းဆိုတာ အတန်းပညာ ပထမအစပြုတဲ့အတန်းတစ်ခုပါပဲ။ ဒါပေမယ့် သူ့ရဲ့အဓိက ရည်ရွယ်ချက်ကတော့ စာသင်ကြားမှုကို မြတ်နိုးလာစေပြီး ဘက်စုံထူးချွန်တဲ့သူတွေ ဖြစ်လာစေဖို့ပဲ ဖြစ်ပါတယ်။

ဒီတော့ ကိုယ့်ကလေးရဲ့ ပထမဆုံးကျောင်းစတက်ရတဲ့နေ့နဲ့ ကျောင်းစတက်တဲ့နှစ်ကို မိဘတွေ ကောင်းကောင်းကျော်ဖြတ်နိုင်အောင် ဖော်ပြထားတဲ့ tips လေးတွေကို လိုက်နာကြည့်ကြည့်စေချင်ပါတယ်။

၁။ ကျောင်းစတက်တဲ့နေ့အတွက်တော့ Be Strong လို့ပဲပြောချင်ပါတယ်။ သင့်ကလေးကို ကျောင်းစတက်ရတာနဲ့ပတ်သက်ပြီး စိတ်သက်သက်သာသာပဲဆိုတာကိုပြပါ။ ဒါမှသူလည်း ပိုပြီး အဲ့လိုခံစားရမှာမို့လို့ပါ။ ပြီးတော့ စာသင်ခန်းထဲမှာလည်း အကြာကြီးမနေပါနဲ့။ သူ့ကို တံခါးနားမှာပဲ မြန်မြန်လေး ပွေ့ဖက်နမ်းရှုတ်ပြီး ဆရာမကိုပဲ သူထိုင်ရမယ့်နေရာကို လိုက်ပြဖို့ အပ်လိုက်ပါ။ သင့်ကလေးငိုနေတယ်ဆိုရင်တောင် ဆရာ/မတွေအတွက်က ဒီလိုကျောင်းစတက်ချိန် ဖြစ်စဉ်တွေကိုဖြေရှင်းနေကျဖြစ်ပြီး သင်အိမ်မြန်မြန်ပြန်လိုက်တာက ဆရာ/မများကို ပိုကူညီရာရောက်ပါတယ်။

၂။ သင့်ဆီမှာ ဆရာမကိုမေးစရာလေးတွေ ဒါမှမဟုတ် ဆွေးနွေးချင်တာလေးတွေရှိနေရင် မနက်ဘက် ကလေးမိဘတွေ ကလေးလာပို့ပြီး
ရှုပ်ရှတ်ခတ်နေတဲ့အချိန်က မေးဖို့အချိန်ကောင်းတစ်ခုတော့ မဟုတ်ပါဘူး။ အဲ့ဒီအစား စာတိုလေးရေး (သို့) အီးမေးလ် (သို့) ဖုန်း message လေး နဲ့ သင်တွေ့ချင်တဲ့အချိန်ကို ပြောပြတာက ပိုကောင်းပါတယ်။

၃။ သူငယ်တန်းတက်တဲ့ကလေးတွေအားလုံးက မူကြိုမှာ ကကြီးကခွေး အကုန်ကျေလာကြတဲ့သူတွေ မဟုတ်ကြပါဘူး။ အဲ့တော့ သင့်ကလေးငယ် အက္ခရာ၊ အသံထွက်၊ ဒါမှမဟုတ်လည်း ၃၀ အထိ မရေတွက်နိုင်သေးဘူးဆိုပြီး စိတ်ပူစရာမလိုပါဘူး။ အဲ့ဒါတွေက တစ်နှစ်တာလုံး သူတို့လေးတွေ လေ့ကျင့်ရမယ့်အရာတွေပါ။ အိမ်မှာ အဲ့ဒါတွေကို ပြန်လေ့ကျင့်ပေးတာမျိုး လုပ်နိုင်ပါတယ်။

၄။ ကျောင်းကပါလာတဲ့ စာ၊ သတင်းလွှာနှင့် လက်ကမ်းစာဆောင်တွေ အားလုံး ကို ဖတ်ဖြစ်အောင်ဖတ်ပါ။ သင့်ကလေးရဲ့ အတန်းပိုင်ဆရာမက ဒီအတွက် အချိန်တွေအများကြီးပေးပြီး ပြင်ဆင်လာရတာဖြစ်ပြီး သင်မေးချင်နေတာတွေ တော်တော်များများကိုလည်း အဲ့ဒီစာတွေကနေ သိနိုင်ပါတယ်။

၅။ သင့်ကလေးက တခြားကလေးတစ်ယောက်နဲ့ အဆင်မပြေဖြစ်နေတယ်ဆိုရင် ကလေးအမေကို သွားတွေ့မယ့်အစား ဆရာမနဲ့ အရင်ဆွေးနွေးပါ (သူ့ကလေးကိုယ့်ကလေး အဖြစ်သည်းကြတာများလို့ပါ)။ ဘာဖြစ်လို့လဲဆိုတော့ ဆရာမက သူ့အတန်းထဲက ဘယ်ကလေးက ဘယ်လိုဆိုတာသိတဲ့အတွက် ဘာလုပ်ရမယ်ဆိုတာကိုသိလို့ပါ။

၆။ ဖြစ်နိုင်ရင် ကျောင်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် အတန်းအတွက်ပဲဖြစ်ဖြစ် volunteer လုပ်ပေးပါ (ဥပမာ ကျောင်းကပွဲအတွက် background stage ပြင်ဆင်တာမျိုး) ။ ကိုယ့်မှာအချိန်မရှိဘူးဆိုရင် ဆရာမကို အိမ်ကနေပဲဖြစ်ဖြစ် ဘယ်လိုကူညီပေးနိုင်မလဲမေးပါ။ တစ်နှစ်တာမှာ field trip နဲ့ တခြားအရေးပါတဲ့ ကျောင်းကလုပ်တဲ့ပွဲတွေကို တတ်နိုင်သမျှ တစ်ခုလောက်တော့ တက်ဖြစ်အောင်တက်ပါ။ အဲ့လိုကျောင်းက လှုပ်ရှားမှုတွေမှာ ပါဝင်တဲ့အတွက် သင့်ကလေးရဲ့ပညာရေးအတွက် သင့်အနေနဲ့တကယ်ကို ရင်းနှီးမြှပ်နှံထားတယ် မျှော်လင့်ထားတယ်ဆိုတာကို ပြသရာရောက်ပါတယ်။

၇။ သင့်ကလေးကို သူ့ကိုယ်သူ စီမံတတ်အောင်သင်ထားပေးပါ။ ဥပမာ အိမ်စာ၊ နေ့လည်စာ။ အပတ်စဉ်တိုင်းလိုလို ဆရာမတွေအနေနဲ့ “အိမ်စာ စာအုပ် မေမေ မထည့်ပေးလိုက်ဘူး ကျန်ခဲ့တယ်” ဆိုတာမျိုး မကြားရတဲ့နေ့ မရှိပါဘူး။ အဲ့ဒီတော့ ကလေးငယ်လေးတွေအနေနဲ့ သူတို့နဲ့သက်ဆိုင်တဲ့ တာဝန်သေးသေးလေးတွေကို နိုင်နင်းထားတာက ပိုကောင်းပါတယ်။

၈။ မိဘဆရာတွေ့ဆုံပွဲနဲ့ တခြား conferences တွေကိုလာရင် မေးချင်တာတွေကို အရင်ချရေးပြုစုပြီးမှလာပါ။ သင့်ကလေးဆီမှာ နည်းနည်းပြသနာလေးရှိနေတယ်ဆိုရင် အဲ့ဒါနဲ့ပတ်သက်ပြီး အိမ်မှာဘယ်လိုဖြေရှင်းရမလဲဆိုတာကို ဆရာမကိုမေးပါ။ ဆရာမဆီမှာ နည်းလမ်းကောင်းတွေရှိနေနိုင်ပါတယ်။

၉။ သူငယ်တန်းမှာ အမှတ်များများရဖို့ကြီးပဲ မမျှော်လင့်ပါနဲ့။ အမှတ်နဲ့ တခြား evaluations တွေကို သင့်ကလေး တိုးတက်ဖို့လိုအပ်နေတဲ့ နေရာတွေကို ပြောပြတယ်လို့ သဘောထားပါ။ ကလေး အမှတ်နည်းလို့ဆိုပြီး စိတ်မဖိစီးပါနဲ့။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: Leapfrog

 

 

**Zawgyi**

ပညာေရးရႈေထာင့္ကၾကည့္ရင္ေတာ့ သူငယ္တန္းဆိုတာ အတန္းပညာ ပထမအစျပဳတ့ဲအတန္းတစ္ခုပါပဲ။ ဒါေပမယ့္ သူ႕ရဲ႕အဓိက ရည္ရြယ္ခ်က္ကေတာ့ စာသင္ၾကားမႈကို ျမတ္ႏိုးလာေစျပီး ဘက္စုံထူးခြ်န္တ့ဲသူေတြ ျဖစ္လာေစဖို႕ပဲ ျဖစ္ပါတယ္။

ဒီေတာ့ ကိုယ့္ကေလးရဲ႕ ပထမဆံုးေက်ာင္းစတက္ရတ့ဲေန႕နဲ႕ ေက်ာင္းစတက္တ့ဲႏွစ္ကို မိဘေတြ ေကာင္းေကာင္းေက်ာ္ျဖတ္ႏိုင္ေအာင္ ေဖာ္ျပထားတ့ဲ tips ေလးေတြကို လိုက္နာၾကည့္ၾကည့္ေစခ်င္ပါတယ္။

၁။ ေက်ာင္းစတက္တ့ဲေန႕အတြက္ေတာ့ Be Strong လို႕ပဲေျပာခ်င္ပါတယ္။ သင့္ကေလးကို ေက်ာင္းစတက္ရတာနဲ႕ပတ္သက္ၿပီး စိတ္သက္သက္သာသာပဲဆိုတာကိုျပပါ။ ဒါမွသူလည္း ပိုျပီး အ့ဲလိုခံစားရမွာမို႕လို႕ပါ။ ၿပီးေတာ့ စာသင္ခန္းထဲမွာလည္း အၾကာႀကီးမေနပါနဲ႕။ သူ႕ကို တံခါးနားမွာပဲ ျမန္ျမန္ေလး ေပြ႕ဖက္နမ္းရႈတ္ၿပီး ဆရာမကိုပဲ သူထုိင္ရမယ့္ေနရာကို လိုက္ျပဖို႕ အပ္လိုက္ပါ။ သင့္ကေလးငိုေနတယ္ဆိုရင္ေတာင္ ဆရာ/မေတြအတြက္က ဒီလိုေက်ာင္းစတက္ခ်ိန္ ျဖစ္စဥ္ေတြကိုေျဖရွင္းေနက်ျဖစ္ၿပီး သင္အိမ္ျမန္ျမန္ျပန္လိုက္တာက ဆရာ/မမ်ားကို ပိုကူညီရာေရာက္ပါတယ္။

၂။ သင့္ဆီမွာ ဆရာမကိုေမးစရာေလးေတြ ဒါမွမဟုတ္ ေဆြးေႏြးခ်င္တာေလးေတြရွိေနရင္ မနက္ဘက္ ကေလးမိဘေတြ ကေလးလာပို႕ၿပီး
ရႈပ္ရွတ္ခတ္ေနတ့ဲအခ်ိန္က ေမးဖို႕အခ်ိန္ေကာင္းတစ္ခုေတာ့ မဟုတ္ပါဘူး။ အ့ဲဒီအစား စာတိုေလးေရး (သို႕) အီးေမးလ္ (သို႕) ဖုန္း message ေလး နဲ႕ သင္ေတြ႕ခ်င္တ့ဲအခ်ိန္ကို ေျပာျပတာက ပိုေကာင္းပါတယ္။

၃။ သူငယ္တန္းတက္တ့ဲကေလးေတြအားလံုးက မူႀကိဳမွာ ကႀကီးကေခြး အကုန္ေက်လာၾကတဲ့သူေတြ မဟုတ္ၾကပါဘူး။ အ့ဲေတာ့ သင့္ကေလးငယ္ အကၡရာ၊ အသံထြက္၊ ဒါမွမဟုတ္လည္း ၃၀ အထိ မေရတြက္ႏိုင္ေသးဘူးဆိုၿပီး စိတ္ပူစရာမလိုပါဘူး။ အ့ဲဒါေတြက တစ္ႏွစ္တာလံုး သူတို႕ေလးေတြ ေလ့က်င့္ရမယ့္အရာေတြပါ။ အိမ္မွာ အ့ဲဒါေတြကို ျပန္ေလ့က်င့္ေပးတာမ်ဳိး လုပ္ႏိုင္ပါတယ္။

၄။ ေက်ာင္းကပါလာတ့ဲ စာ၊ သတင္းလႊာႏွင့္ လက္ကမ္းစာေဆာင္ေတြ အားလံုး ကို ဖတ္ျဖစ္ေအာင္ဖတ္ပါ။ သင့္ကေလးရဲ႕ အတန္းပိုင္ဆရာမက ဒီအတြက္ အခ်ိန္ေတြအမ်ားႀကီးေပးၿပီး ျပင္ဆင္လာရတာျဖစ္ၿပီး သင္ေမးခ်င္ေနတာေတြ ေတာ္ေတာ္မ်ားမ်ားကိုလည္း အ့ဲဒီစာေတြကေန သိႏိုင္ပါတယ္။

၅။ သင့္ကေလးက တျခားကေလးတစ္ေယာက္နဲ႕ အဆင္မေျပျဖစ္ေနတယ္ဆိုရင္ ကေလးအေမကို သြားေတြ႕မယ့္အစား ဆရာမနဲ႕ အရင္ေဆြးေႏြးပါ (သူ႕ကေလးကိုယ့္ကေလး အျဖစ္သည္းၾကတာမ်ားလုိ႕ပါ)။ ဘာျဖစ္လို႕လဲဆိုေတာ့ ဆရာမက သူ႕အတန္းထဲက ဘယ္ကေလးက ဘယ္လိုဆိုတာသိတ့ဲအတြက္ ဘာလုပ္ရမယ္ဆိုတာကိုသိလို႕ပါ။

၆။ ျဖစ္ႏိုင္ရင္ ေက်ာင္းနဲ႕ပတ္သက္ၿပီးေတာ့ပဲျဖစ္ျဖစ္ အတန္းအတြက္ပဲျဖစ္ျဖစ္ volunteer လုပ္ေပးပါ (ဥပမာ ေက်ာင္းကပြဲအတြက္ background stage ျပင္ဆင္တာမ်ဳိး) ။ ကုိယ့္မွာအခ်ိန္မရွိဘူးဆိုရင္ ဆရာမကို အိမ္ကေနပဲျဖစ္ျဖစ္ ဘယ္လိုကူညီေပးႏုိင္မလဲေမးပါ။ တစ္ႏွစ္တာမွာ field trip နဲ႕ တျခားအေရးပါတ့ဲ ေက်ာင္းကလုပ္တ့ဲပြဲေတြကို တတ္ႏိုင္သမွ် တစ္ခုေလာက္ေတာ့ တက္ျဖစ္ေအာင္တက္ပါ။ အ့ဲလိုေက်ာင္းက လႈပ္ရွားမႈေတြမွာ ပါ၀င္တ့ဲအတြက္ သင့္ကေလးရဲ႕ပညာေရးအတြက္ သင့္အေနနဲ႕တကယ္ကို ရင္းႏွီးျမွပ္ႏွံထားတယ္ ေမွ်ာ္လင့္ထားတယ္ဆိုတာကို ျပသရာေရာက္ပါတယ္။

၇။ သင့္ကေလးကို သူ႕ကိုယ္သူ စီမံတတ္ေအာင္သင္ထားေပးပါ။ ဥပမာ အိမ္စာ၊ ေန႕လည္စာ။ အပတ္စဥ္တိုင္းလုိလို ဆရာမေတြအေနနဲ႕ “အိမ္စာ စာအုပ္ ေမေမ မထည့္ေပးလိုက္ဘူး က်န္ခဲ့တယ္” ဆိုတာမ်ဳိး မၾကားရတ့ဲေန႕ မရွိပါဘူး။ အ့ဲဒီေတာ့ ကေလးငယ္ေလးေတြအေနနဲ႕ သူတုိ႕နဲ႕သက္ဆုိင္တ့ဲ တာ၀န္ေသးေသးေလးေတြကို ႏိုင္နင္းထားတာက ပိုေကာင္းပါတယ္။

၈။ မိဘဆရာေတြ႕ဆံုပြဲနဲ႕ တျခား conferences ေတြကိုလာရင္ ေမးခ်င္တာေတြကို အရင္ခ်ေရးျပဳစုျပီးမွလာပါ။ သင့္ကေလးဆီမွာ နည္းနည္းျပသနာေလးရွိေနတယ္ဆိုရင္ အ့ဲဒါနဲ႕ပတ္သက္ျပီး အိမ္မွာဘယ္လိုေျဖရွင္းရမလဲဆိုတာကို ဆရာမကိုေမးပါ။ ဆရာမဆီမွာ နည္းလမ္းေကာင္းေတြရွိေနႏိုင္ပါတယ္။

၉။ သူငယ္တန္းမွာ အမွတ္မ်ားမ်ားရဖို႕ၾကီးပဲ မေမွ်ာ္လင့္ပါနဲ႕။ အမွတ္နဲ႕ တျခား evaluations ေတြကို သင့္ကေလး တိုးတက္ဖို႕လိုအပ္ေနတ့ဲ ေနရာေတြကို ေျပာျပတယ္လို႕ သေဘာထားပါ။ ကေလး အမွတ္နည္းလို႕ဆိုျပီး စိတ္မဖိစီးပါနဲ႕။

မိမိတို႔ တက္ေရာက္လုိသည့္ သင္တန္းေက်ာင္းမ်ားႏွင့္ ပုဂၢလိကေက်ာင္းမ်ားကို ရွာေဖြလိုပါက ဒီ Link မွာရွာေဖြႏိုင္ပါသည္။

ပညာေရးလမ္းညႊန္ website တြင္ ပါ၀င္ေသာ သင္တန္းမ်ား ေက်ာင္းမ်ားScholarshipKnowledge မ်ားႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ားကို ၀င္ေရာက္ရွာေဖြ ဖတ္ရႈႏိုင္ပါတယ္။

Source: Leapfrog

Tips Read 1743 times