Sales Hotline : 09448001653       Download App



ရှမ်းပြည်နယ်တွင် မူလတန်းပြ ဆရာ/မ (၉၀၀) နီးပါး ထပ်မံခန့်အပ်မည်

** Unicode **

ရှမ်းပြည်နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် မူလတန်းပြ ဆရာ/ဆရာမဦးရေ (၈၉၂) ဦးအား ထပ်မံခန့်အပ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သိရပါတယ်။

"လာမယ့် ပညာသင်နှစ်မှာ ရှမ်းပြည်နယ်က ကျောင်းတွေအတွက် မူလတန်းပြ ဆရာ/ဆရာမ ဦးရေ (၈၉၂) ဦးကို ထပ်မံခန့်အပ်ပေးသွားမယ်။ ရှမ်းပြည်နယ်မှာ ကျောင်းတွေ အဆင့်တိုးမြှင့်တာတွေလည်း များတယ်။ ယခင်နှစ်ထက်လည်း ကျောင်းသား/သူဦးရေ များလာနိုင်တယ်" ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့မှသိရပါတယ်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၅၆၇) ကျောင်းအား အဆင့်တိုးမြှင့်ဖွင့်လှစ် ရရှိကြောင်း သိရပါတယ်။

Libraries (79) စာကြည့်တိုက်များနှင့် ပတ်သက်ပြီး (၇၉) ခုရှာရန်နှိပ်ပါ။

ရှမ်းပြည်နယ်တွင် ပြီးခဲ့သည့် စာသင်နှစ် စာရင်းများအရ စာသင်ကျောင်း (၆၃၉၁) ကျောင်း၊ ဆရာ/ဆရာမ (၃၇၇၂၀) ဦးနှင့် ကျောင်းသား/သူ ဦးရေ ဋ္ဌ(၈၅၄၅၉၆) ဦး ရှိကြောင်း သိရပါတယ်။

ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဇူလိုင်လ (၂၁) ရက်မှ စတင်၍ အဆင့်အလိုက် နှစ်ပတ်ခြားစီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ သိရပါတယ်။

Credit: MeKongNews

 

** Zawgyi **







Credit: MeKongNews

News Tips News Tips Latest Post Read 10465 times