Sales Hotline : 09448001653       Download App



ဂျပန်သင်္ချာဘာသာရပ် သီးသန့်ကျောင်း လျှောက်ထားနိုင်

ဂျပန်သင်္ချာဘာသာရပ် သီးသန့်ကျောင်း လျှောက်ထားနိုင်

သင်္ချာကို ပြန်လည်ဖြည့်စွက် သင်ကြားပေးတဲ့ အတန်းအနေနဲ့ တစ်နှစ်ပတ်လုံး သင်တန်းတွေဖွင့်ပါတယ်၊ ကလေးတွေ စိတ်ဝင်စားရင် ဘယ်အချိန်ပဲဖြစ်ဖြစ် တက်လို့ ရပါတယ်၊ တော်တော်များများတက်တာကတော့ ကျောင်းဖွင့်ချိန် တွေအတိုင်း လုပ်ထားပါတယ်။

အသက်လေးနှစ်ကနေ ၁၄ နှစ်ကြားကလေးတွေ တက်ရောက်နိုင်မှာဖြစ်ပြီး အသက်အရွယ်အလိုက် level တွေခွဲပြီး သင် ကြားပေးတယ်လို့ သိရပါတယ်။

သင်္ချာဘာသာရပ်ကို ဖောင်ဒေးရှင်းတန်းကနေစပြီး တက်ရောက်နိုင်သလို အသက်အရွယ်အလိုက် သတ်မှတ်တဲ့ လယ်ဗယ်တွေကိုလည်း တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

READ - University of Columbia မှ အွန်လိုင်းတွင် အခမဲ့တက်ရောက်နိုင်မည့် Machine Learning for Data Science and Analytics သင်တန်း

အခြေခံသင်္ချာသင်တန်း အမှတ်(၁) အတွက် အသက်လေးနှစ်ကနေ ငါးနှစ်သတ်မှတ်ပြီး အခြေခံသင်တန်း (၂) အတွက် အသက်ငါးနှစ်နဲ့ခြောက်နှစ်ကြား ကလေးတွေ တက်ရောက်ခွင့်ရှိမှာ ဖြစ်တယ်။

Level (၃) အတွက် အသက်ခြောက်နှစ်ကနေ ခုနစ်နှစ် ကြားရှိတဲ့ ကလေးတွေတက်ရောက်ခွင့်ရရှိမယ်လို့ သိရပါတယ်။

Level ရှစ်ခု သတ်မှတ် ထားပြီး သက်ဆိုင်ရာ level တစ်ခုကို ပညာသင်ကာလ ကိုးလ ကြာမြင့်မှာဖြစ်ပြီး ကျောင်းဖွင့်ချိန် နည်းတူ နှစ်စဉ်ဇွန်လကနေ ဖေဖော်ဝါရီလအထိ သတ်မှတ်ထားပါတယ်။

ကျောင်းတွေရဲ့ ဘရိတ်အ တိုင်းပဲ သွားပါတယ်၊ ကြားဖြတ် တက်မယ်ဆိုရင်တော့ ဝင်ခွင့်ဖြေ ပြီးမှ Level သတ်မှတ်ပေးမည်ဖြစ်သည်။

သင်ရိုး ညွှန်းတမ်းဆိုင်ရာ နည်းစနစ်တွေကို လေ့လာလိုပါက နိုင်ငံတကာ ဆာကာမိုတိုကျောင်းရဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.sakamoto. net မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

ကျောင်းဝင်ခွင့်ဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို သိရှိလိုပါက Sakamoto Math Myanmar သင်္ချာသင်တန်းကျောင်း ဖုန်းနံပါတ် ဝ၉ ၉၇၀ဝ၀-ဝ၅၂၈၊ ဝ၉၉၆၈၀၇၀၆၄၄ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 1337 times