Sales Hotline : 09448001653       Download App



ITPEC စာမေးပွဲများကျင်းပမည်

** Unicode **

မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းမှကြီးမှူးကျင်းပသည့် Information Technology Professionals Examination Council(ITPEC) အသိအမှတ်ပြုစာမေးပွဲများကို ဧပြီ (၂၆) ရက်မှာ ကျင်းပမည်ဟုသိရပါတယ်။

Information Technology Passport Examination (IT Passport) စာမေးပွဲအနေနှင့် အိုင်တီဆိုင်ရာ အခြေခံဗဟုသုတရှိပြီး အိုင်တီနှင့်သက်ဆိုင်သည့် လုပ်ငန်းများမှာ တာဝန်ထမ်းဆောင်နေသူများအတွက်လည်းကောင်း၊ Fundamental Information Technology Engineer Examination (FE) စာမေးပွဲနေနှင့် အိုင်တီဆိုင်ရာ ဗဟုသုတအခြေခံကျွမ်းကျင်မှုရှိပြီးသူများ၊ Programmer များ၊ Program Design ရေးဆွဲသူများနှင့် Software Development လုပ်ငန်းများကို လုပ်ကိုင်နေသူများအတွက်လည်းကောင်း ၊ Applied Information Technology Engineer Examination (AP) စာမေးပွဲအနေဖြင့် အိုင်တီ ဗဟုသုတနှင့် ကျွမ်းကျင်မှုများကို လက်တွေ့နယ်ပယ်မှာ အသုံးချနိုင်စွမ်း (Apply) ရှိသူများ၊ အဆင့်မြင့် အိုင်တီလူ့စွမ်းအား အရင်းအမြစ်အသက်မွေးဝမ်းကျောင်းပြုလိုသူများအတွက်လည်းကောင်း အလုပ်အကိုင် အခွင့်အလမ်းအတွက် ကျွမ်းကျင်မှုအသိအမှတ်ပြု အောင်လက်မှတ်ရရှိစေမည့် စာမေးပွဲအသီးသီးဖြစ်ပါတယ်။

IT Passport စာမေးပွဲကို ဧပြီ (၂၆) ရက်နံနက် (၉) နာရီခွဲမှ (၁၁) နာရီခွဲအထိ လည်းကောင်း၊ FE စာမေးပွဲကို ဧပြီ (၂၆) ရက် နံနက် (၉) မှ (၁၂) နာရီအထိနှင့်နေ့လည် (၁) နာရီခွဲမှ (၄) နာရီအထိပြည်ထောင်စု စာရင်းစာချုပ်ရုံးမှာ ကျင်းပပေးသွားမည်ဖြစ်ပါတယ်။

Read More:>>>  ယခုနှစ် (PPTT) ကို သင်တန်းကာလကို (၁၀) လသို့တိုးဖွင့်လှစ်

ဖြေဆိုလိုသူများအနေဖြင့် ဧပြီ (၄) ရက်နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပြီး အသေးစိတ်ထပ်မံသိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) ဖုန်းနံပါတ် ၆၆၅၂၃၀၇၊ ၀၁-၂၃၀၅၂၃၃၊ MCPA ဖုန်းနံပါတ် ၆၅၂၂၇၆ နှင့် ၀၉-၅၀၆၇၁၆၈ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Credit: Internet
 

** Zawgyi **




Read More:>>>  ယခုနှစ် (PPTT) ကို သင်တန်းကာလကို (၁၀) လသို့တိုးဖွင့်လှစ်


Credit: Internet
 

News Tips Latest Post Read 1527 times