Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ပုံစံသုံးမျိုးဖြင့် ထုတ်ပြန် ကြေညာသွားမည်

 ** Unicode **

ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများ ထုတ်ပြန်ကြေညာသောအခါပုံစံသုံးမျိုးဖြင့် ထုတ်ပြန်သွားရန် စီစဉ်ထားကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရပါတယ်။

အောင်စာရင်းစာရွက်ကပ်ခြင်း၊ ရေဒီယိုမှကြေညာပေးခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် ကြေညာပေးခြင်း စသည့်ပုံစံသုံးမျိုးဖြင့် ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများ အလွယ်တကူ သိရှိနိုင်စေရန် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ယင်းသို့ ထုတ်ပြန်ရာတွင် ပုံမှန်အောင်စာရင်းစာရွက်ကပ်ခြင်းများကို သက်ဆိုင်ရာကျောင်းများတွင် ဆောင်ရွက်သွားမည့်အပြင် အစိုးရရေဒီယိုလိုင်း မှတစ်ဆင့် ကြေညာပေးခြင်းနှင့် ပညာရေးဝန်ကြီးဌာန၏ တရားဝင်အွန်လိုင်းစာမျက်နှာတွင်ကြေညာပေးခြင်းတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ယခုနှစ်၊ သြဂုတ်လအတွင်း ထုတ်ပြန်နိုင်စေရန် ရည်မှန်းထားပြီး အဆိုပါ အောင်စာရင်းထွက်မည့်အချိန်တွင် ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ(COVID-19) ကူးစက်ပြန့်ပွားမှု အခြေအနေအပေါ်မူတည်ကာ အကောင်းဆုံး စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Engineering (151) အင်ဂျင်နီယာလုပ်ငန်းသင်တန်းများနှင့် ပတ်သက်ပြီး (၁၅၁) ခုရှာရန်နှိပ်ပါ။

Online သုံးစွဲနိုင်သော ကျောင်းသား/သူများအနေနှင့်အွန်လိုင်းမှတစ်ဆင့်  အောင်စာရင်းကြည့် နိုင်သလို Online မသုံးစွဲနိုင်သူများ အနေ နှင့်လည်း ရေဒီယိုမှနားထောင်နိုင်စေရန်နှင့် သက်ဆိုင်ရာကျောင်း များတွင် Social Distancing စည်းကမ်းချက်များနှင့်အညီ သွားရောက်ကြည့်ရှုနိုင်စေရန်စနစ်တကျ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

Credit: City News
 

** Zawgyi **

ယခုႏွစ္တြင္ တကၠသိုလ္ဝင္တန္းေအာင္စာရင္းမ်ား ထုတ္ျပန္ေၾကညာေသာအခါပုံစံသုံးမ်ိဳးျဖင့္ ထုတ္ျပန္သြားရန္ စီစဥ္ထားေၾကာင္း အေျခခံပညာ ဦးစီးဌာနမွ သိရပါတယ္။

ေအာင္စာရင္းစာ႐ြက္ကပ္ျခင္း၊ ေရဒီယိုမွေၾကညာေပးျခင္းႏွင့္ အြန္လိုင္းမွတစ္ဆင့္ ေၾကညာေပးျခင္း စသည့္ပုံစံသုံးမ်ိဳးျဖင့္ ေက်ာင္းသား/သူမ်ားႏွင့္ မိဘအုပ္ထိန္းသူမ်ား အလြယ္တကူ သိရွိႏိုင္ေစရန္ ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

ယင္းသို႔ ထုတ္ျပန္ရာတြင္ ပုံမွန္ေအာင္စာရင္းစာ႐ြက္ကပ္ျခင္းမ်ားကို သက္ဆိုင္ရာေက်ာင္းမ်ားတြင္ ေဆာင္႐ြက္သြားမည့္အျပင္ အစိုးရေရဒီယိုလိုင္း မွတစ္ဆင့္ ေၾကညာေပးျခင္းႏွင့္ ပညာေရးဝန္ႀကီးဌာန၏ တရားဝင္အြန္လိုင္းစာမ်က္ႏွာတြင္ေၾကညာေပးျခင္းတို႔ကိုလည္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္အတြက္ တကၠသိုလ္ဝင္တန္း ေအာင္စာရင္းမ်ားကို ယခုႏွစ္၊ ၾသဂုတ္လအတြင္း ထုတ္ျပန္ႏိုင္ေစရန္ ရည္မွန္းထားၿပီး အဆိုပါ ေအာင္စာရင္းထြက္မည့္အခ်ိန္တြင္ ျပည္တြင္း၌ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါ(COVID-19) ကူးစက္ျပန္႔ပြားမႈ အေျခအေနအေပၚမူတည္ကာ အေကာင္းဆုံး စီစဥ္ေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

Engineering (151) အင္ဂ်င္နီယာလုပ္ငန္းသင္တန္းမ်ားႏွင့္ ပတ္သက္ျပီး (၁၅၁) ခုရွာရန္ႏွိပ္ပါ။

Online သုံးစြဲႏိုင္ေသာ ေက်ာင္းသား/သူမ်ားအေနႏွင့္အြန္လိုင္းမွတစ္ဆင့္  ေအာင္စာရင္းၾကည့္ ႏိုင္သလို Online မသုံးစြဲႏိုင္သူမ်ား အေန ႏွင့္လည္း ေရဒီယိုမွနားေထာင္ႏိုင္ေစရန္ႏွင့္ သက္ဆိုင္ရာေက်ာင္း မ်ားတြင္ Social Distancing စည္းကမ္းခ်က္မ်ားႏွင့္အညီ သြားေရာက္ၾကည့္ရႈႏိုင္ေစရန္စနစ္တက် ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

Credit: City News
 

Latest Post News Tips Read 14811 times